Tuesday, March 10, 2020

တပ်မတော်ကအာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ရဲ့ပြောဆိုမှုအပေါ် နိုင်ငံရေးအသင်းအဖွဲ့တွေစုပေါင်းပြီး ကြေတပ်မတော်ကအာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ရဲ့ပြောဆိုမှုအပေါ် နိုင်ငံရေး အသင်းအဖွဲ့တွေစုပေါင်းပြီး ကြေညာာချက်ထုတ်ရှုံ့ချ

Image may contain: text
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်ကျေးရွာအုပ်စု၊ သရက်ဆိပ်ကျေးရွာမှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ပြည်သူတွေ့ဆုံပွဲမှာ တပ်မတော်ကို အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့တာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်သည်။

အဆိုပါ ဝန်ကြီးချုပ်ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ယက်တွေပေါ်မှာပျံနှံခဲ့ပြီး ဝန်ကြီးချုပ်ကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားမှုတွေများစွာ ထွက်ပေါ်လာခဲ့သလို ပဲခူးတိုင်းအနောက်ခြမ်းက နိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ကြေငြာချက်ထုတ်ပြန်ကာ ရှုံ့ချခဲ့ကြတာဖြစ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အခုလိုအမှားမျိုး မကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဒီတကြိမ်မှာတော့ အရေးယူမှုတွေ ပြုလုပ်ပေးသင့်ကြောင့် ပြည်ခရိုင် တောင်သူလယ်သမား သမဂ္ဂက ဦးကျော်ဆွေက ပြောကြားထားသည်။
"ဒီအချိန်မျိုးမှာရှေ့ဆက်သွားရမယ့် ကိစ္စတွေမလုပ်ရဘူး သူ့ကိစ္စတွေပဲလိုက်ရှင်းနေရတယ်။ ပြောလို့လဲမရဘူး။ အခုကိစ္စကတော့ ပြည်သူနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဒီတခါတော့စာနဲ့ တိုင်းအစည်းအဝေးမှာ တရားဝင်တင်ပြသွားမယ်" လို့ ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းတန် က ပြောကြားထားသည်။
ပြီးခဲ့တဲ့အောက်တိုဘာလကလည်း နတ္တလင်းမြို့နယ် ဓမ္မငယ်ရွာမှာ ဆရာမလေးတွေကို ပုတ်ခတ်ပြောဆိုခဲ့သလို၊ ပန်းတောင်းမြို့နယ်ထဲမှာလည်း နဂါးနီသီချင်းကို ပုတ်ခတ်ဝေဖန်ပြောဆိုခဲ့ပြီး အခုတကြိမ်မှာလည်း တပ်မတော်အာဏာသိမ်းတာနဲ့ပတ်သက်လို့ ပြည်သူတွေကြောင့်လို့ ပြောဆိုလိုက်တဲ့တာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်အဝေဖန်ခံနေရတာဖြစ်သည်။
အခုကိစ္စနဲ့ပတ်သက်လို့ ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်ခရိုင်တောင်သူလယ်သမားသမဂ္ဂ၊ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ၊ ပြည်သူ့အထောက်အကူပြုကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်-ပြည်ခရိုင် နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်-သာယာဝတီခရိုင်စုပေါင်းပြီး မတ်လ (၉)ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်ရှုပ်ချခဲ့တာဖြစ်သည်။
Image may contain: 2 people, people standing
Crd : မြေလတ်အသံ #Myanmar_Online_News
>>Zawgyi<<
တပ်မတော်ကအာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ရဲ့ပြောဆိုမှုအပေါ် နိုင်ငံရေး အသင်းအဖွဲ့တွေစုပေါင်းပြီး ကြေညာချက်ထုတ်ရှုံ့ချ
Tuesday, March 10, 2020

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်ကျေးရွာအုပ်စု၊ သရက်ဆိပ်ကျေးရွာမှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ပြည်သူတွေ့ဆုံပွဲမှာ တပ်မတော်ကို အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့တာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်သည်။
အဆိုပါ ဝန်ကြီးချုပ်ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ယက်တွေပေါ်မှာပျံနှံခဲ့ပြီး ဝန်ကြီးချုပ်ကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားမှုတွေများစွာ ထွက်ပေါ်လာခဲ့သလို ပဲခူးတိုင်းအနောက်ခြမ်းက နိုင်ငံရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ကြေငြာချက်ထုတ်ပြန်ကာ ရှုံ့ချခဲ့ကြတာဖြစ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အခုလိုအမှားမျိုး မကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဒီတကြိမ်မှာတော့ အရေးယူမှုတွေ ပြုလုပ်ပေးသင့်ကြောင့် ပြည်ခရိုင် တောင်သူလယ်သမား သမဂ္ဂက ဦးကျော်ဆွေက ပြောကြားထားသည်။
"ဒီအချိန်မျိုးမှာရှေ့ဆက်သွားရမယ့် ကိစ္စတွေမလုပ်ရဘူး သူ့ကိစ္စတွေပဲလိုက်ရှင်းနေရတယ်။ ပြောလို့လဲမရဘူး။ အခုကိစ္စကတော့ ပြည်သူနဲ့ဆိုင်တဲ့ကိစ္စဖြစ်လို့ ဒီတခါတော့စာနဲ့ တိုင်းအစည်းအဝေးမှာ တရားဝင်တင်ပြသွားမယ်" လို့ ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းတန် က ပြောကြားထားသည်။
ပြီးခဲ့တဲ့အောက်တိုဘာလကလည်း နတ္တလင်းမြို့နယ် ဓမ္မငယ်ရွာမှာ ဆရာမလေးတွေကို ပုတ်ခတ်ပြောဆိုခဲ့သလို၊ ပန်းတောင်းမြို့နယ်ထဲမှာလည်း နဂါးနီသီချင်းကို ပုတ်ခတ်ဝေဖန်ပြောဆိုခဲ့ပြီး အခုတကြိမ်မှာလည်း တပ်မတော်အာဏာသိမ်းတာနဲ့ပတ်သက်လို့ ပြည်သူတွေကြောင့်လို့ ပြောဆိုလိုက်တဲ့တာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်အဝေဖန်ခံနေရတာဖြစ်သည်။
အခုကိစ္စနဲ့ပတ်သက်လို့ ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်ခရိုင်တောင်သူလယ်သမားသမဂ္ဂ၊ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ၊ ပြည်သူ့အထောက်အကူပြုကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်-ပြည်ခရိုင် နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်-သာယာဝတီခရိုင်စုပေါင်းပြီး မတ်လ (၉)ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်ရှုပ်ချခဲ့တာဖြစ်သည်။

0 comments:

Post a Comment