Wednesday, March 4, 2020

နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်


၁။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသားအသိပညာရှင်၊ အတတ်ပညာရှင် များအနေဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်း များတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါက မြန်မာသံရုံး၊ တိုကျိုမြို့သို့ ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အသိပေးဖိတ်ခေါ်ခဲ့ပါသည်။
၂။ ထိုသို့ဆန္ဒပြုလျှောက်ထားရာတွင် ဆန္ဒပြုလျှောက်ထားသူများ ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်ရေးနှင့် လျှောက်ထားသူများအား စနစ်တကျစာရင်းပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ပြီး လိုအပ်သည့်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Webportal တစ်ရပ် သီးခြားရေးဆွဲထားပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုး အကျိုးပြုလိုကြောင်း ဆန္ဒပြု လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website link ဖြစ်သည့် https://www.mofa.gov.mm/volunteer-sumit-form/ သို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

၃။ နိုင်ငံတော်၏အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါကြောင်း မြန်မာသံရုံး မှ တစ်ဆင့် ယခင်ကဆန္ဒပြုလျှောက်ထားသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ဆန္ဒပြုလျှောက်ထားသူများ၏ အချက်အလက်များစုစည်းပြီး ပါဝင်ကူညီဆောင်ရွက်ရန် ဆန္ဒပြု လျှောက်ထားသည့်နယ်ပယ်နှင့် ကဏ္ဍရပ်များအပေါ်မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ပုံ လုပ်ထုံးလုပ်နည်း (Standard Operation Procedure–SOP) နှင့်အညီ လိုအပ်သည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပြီး ချိန်တွင် အကြောင်းပြန်ကြားပေးမည် ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Source : မြန်မာသံရုံး၊ တိုကျိုမြို့ ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၄ ရက်

>>Zawgyi<<

နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်
Wednesday, March 4 , 2020

၁။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသားအသိပညာရှင်၊ အတတ်ပညာရှင် များအနေဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်း များတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါက မြန်မာသံရုံး၊ တိုကျိုမြို့သို့ ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အသိပေးဖိတ်ခေါ်ခဲ့ပါသည်။

၂။ ထိုသို့ဆန္ဒပြုလျှောက်ထားရာတွင် ဆန္ဒပြုလျှောက်ထားသူများ ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်ရေးနှင့် လျှောက်ထားသူများအား စနစ်တကျစာရင်းပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ပြီး လိုအပ်သည့်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Webportal တစ်ရပ် သီးခြားရေးဆွဲထားပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုး အကျိုးပြုလိုကြောင်း ဆန္ဒပြု လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website link ဖြစ်သည့် https://www.mofa.gov.mm/volunteer-sumit-form/ သို့ တိုက်ရိုက်လျှောက်ထားနိုင်ြပီဖြစ်ပါသည်။

၃။ နိုင်ငံတော်၏အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါကြောင်း မြန်မာသံရုံး မှ တစ်ဆင့် ယခင်ကဆန္ဒပြုလျှောက်ထားသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်ရိုက် ဆန္ဒပြုလျှောက်ထားသူများ၏ အချက်အလက်များစုစည်းပြီး ပါဝင်ကူညီဆောင်ရွက်ရန် ဆန္ဒပြု လျှောက်ထားသည့်နယ်ပယ်နှင့် ကဏ္ဍရပ်များအပေါ်မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ပုံ လုပ်ထုံးလုပ်နည်း (Standard Operation Procedure–SOP) နှင့်အညီ လိုအပ်သည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပြီး ချိန်တွင် အကြောင်းပြန်ကြားပေးမည် ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Source : မြန်မာသံရုံး၊ တိုကျိုမြို့ ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၄ ရက်
#Myanmar_Online_News

0 comments:

Post a Comment