Wednesday, March 4, 2020

မြောက်ဦးမြို့နယ်အတွင်း တပ်မတော် ယာဉ်တန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦး ဖမ်းဆီးရမိ

Image may contain: text that says 'တပ်မတော် ယာဥ်တန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦး ဖမ်းဆီးရမိ'

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်သွားလာသည့် တပ်မတော်ယာဉ်တန်းအား ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြောင်းဘွေကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက နေရာသုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လုပ်ငန်းယာဉ်နှစ်စီး မိုင်းစထိမှန် ပျက်စီးခဲ့ကာ AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းနှစ်လောင်းနှင့် ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်းထွန်းဝင်း(ဘ) ဦးစိန်ထွန်းအောင် အပါအဝင် အမျိုးသား ၁၄ ဦး ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ကနဦး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ထဲမှ အချို့သည် မင်းပြား-မြောက်ဦး-ကျောက်တော်ကားလမ်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှု အားစောင့်ကြည့်၍ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံသို့ သတင်းပေးပို့ နေသူများဖြစ်ကြောင်းနှင့် တပ်မတော်ယာဉ်တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းများတွင် ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် နိုင်ရေးနှင့် တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မြောက်ဦးမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
မြောက်ဦးမြို့နယ်အတွင်း တပ်မတော် ယာဉ်တန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မသင်္ကာဖွယ် အမျိုးသား ၁၄ ဦး ဖမ်းဆီးရမိ
Wednesday, March 4 , 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် သွားလာသည့် တပ်မတော်ယာဉ်တန်းအား ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြောင်းဘွေကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက နေရာသုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လုပ်ငန်းယာဉ်နှစ်စီး မိုင်းစထိမှန် ပျက်စီးခဲ့ကာ AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းနှစ်လောင်းနှင့် ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်းထွန်းဝင်း(ဘ) ဦးစိန်ထွန်းအောင် အပါအဝင် အမျိုးသား ၁၄ ဦး ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ကနဦး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ထဲမှ အချို့သည် မင်းပြား-မြောက်ဦး-ကျောက်တော်ကားလမ်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှု အားစောင့်ကြည့်၍ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထံသို့ သတင်းပေးပို့ နေသူများဖြစ်ကြောင်းနှင့် တပ်မတော်ယာဉ်တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းများတွင် ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် နိုင်ရေးနှင့် တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မြောက်ဦးမြို့မ ရဲစခန်းသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment