Tuesday, March 10, 2020

မြန်မာ-အိန္ဒိယ တမူးနယ်စပ်ဂိတ်အားလုံးကို အိန္ဒိယနိုင်ငံဘက်မှ ရက်အကန့်အသတ်မရှိပိတ်

Image may contain: house and outdoor

မြန်မာ-အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ တမူးနယ်စပ်ဂိတ်အားလုံးကိုအိန္ဒိယနိုင်ငံဘက်က မတ်လ (၁၀) ရက်နံနက် (၈) နာရီအချိန်တွင် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။

လတ်တလောအခြေအနေတွင်ကမ္ဘာတစ်ဝန်းလုံးကို ကူးစက်ပျံ့နှံ့နေသည့် Coronavirus ရောဂါပိုးသည် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိခြင်းကြောင့် အိန္ဒိယဘက်ခြမ်းသို့ရောဂါကူးစက်လာမည်ကို စိုးရိမ်၍ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်တမူး-မိုးရေး ဝင်/ထွက် ဂိတ် (၁)နှင့် (၂)ကို အိန္ဒိယနိုင်ငံဘက်မှ စတင်ပိတ်လိုက်ပြီးနောက် မဏိပူရ်ပြည်နယ်နှင့် ဆက်စပ်နေသည့် နယ်စပ်ဝင်/ထွက်မှုအားလုံးကိုပါ ရပ်ဆိုင်းလိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုများသည် လတ်တလောတွင်ရပ်တန့်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုကို မှီခိုနေရသည့်ပြည်သူများအတွက် အလုပ်အကိုင်ပျက်သွားမည့်အပြင် စီးပွားရေးအခြေအနေအရပ်ရပ်ကိုပါ ထိခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Image may contain: one or more people, people walking and outdoor
Image may contain: one or more people and outdoor
သတင်း - ခရိုင်ပြန်/ဆက် #Myanmar_Online_News
>>Zawgyi<<
မြန်မာ-အိန္ဒိယ တမူးနယ်စပ်ဂိတ်အားလုံးကို အိန္ဒိယနိုင်ငံဘက်မှ ရက်အကန့်အသတ်မရှိပိတ်
Tuesday, March 10, 2020

မြန်မာ-အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ တမူးနယ်စပ်ဂိတ်အားလုံးကိုအိန္ဒိယနိုင်ငံဘက်က မတ်လ (၁၀) ရက်နံနက် (၈) နာရီအချိန်တွင် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင်ကမ္ဘာတစ်ဝန်းလုံးကို ကူးစက်ပျံ့နှံ့နေသည့် Coronavirus ရောဂါပိုးသည် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိခြင်းကြောင့် အိန္ဒိယဘက်ခြမ်းသို့ရောဂါကူးစက်လာမည်ကို စိုးရိမ်၍ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်တမူး-မိုးရေး ဝင်/ထွက် ဂိတ် (၁)နှင့် (၂)ကို အိန္ဒိယနိုင်ငံဘက်မှ စတင်ပိတ်လိုက်ပြီးနောက် မဏိပူရ်ပြည်နယ်နှင့် ဆက်စပ်နေသည့် နယ်စပ်ဝင်/ထွက်မှုအားလုံးကိုပါ ရပ်ဆိုင်းလိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုများသည် လတ်တလောတွင်ရပ်တန့်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုကို မှီခိုနေရသည့်ပြည်သူများအတွက် အလုပ်အကိုင်ပျက်သွားမည့်အပြင် စီးပွားရေးအခြေအနေအရပ်ရပ်ကိုပါ ထိခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ခရိုင်ပြန်/ဆက် #Myanmar_Online_News

0 comments:

Post a Comment