Thursday, March 5, 2020

ဖိလစ်ပိုင်ရဲချုပ် လိုက်ပါလာတဲ့ ရဟတ်ယာဉ် နှစ်ပိုင်းပြတ်ကျပြီး မီးလောင်မှုဖြစ်ပွား

Image may contain: 1 person, hat and outdoor

ဖိလစ်ပိုင်ရဲချုပ်နဲ့ သူ့ရဲ့ လက်ထောက်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်း ကြာသပတေး နေ့ (မတ် ၅) မနက်ပိုင်းက မနီလာတောင်ပိုင်း ရဲစခန်းတစ်ခုမှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

ယင်း ဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်အင်အား ၁၉၁၀၀၀ ရှိတဲ့ ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့(PNP) ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် အာချီ ဂမ်ဘိုအာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ၎င်းကို ဆေးရုံတင်ပေး ခဲ့ကြောင်းနဲ့ သတိရှိနေကြောင်း PNP အမြန်လမ်းရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲမှူးကြီး ဝီလ်ဆင် ဒိုရွမ်မယ် က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရဟတ်ယာဉ်ပေါ်ပါခဲ့တဲ့ အခြား ရဲဗိုလ်ချုပ် သုံးဦး အငယ်တန်းလက်ထောက်တစ်ဦးနဲ့ ရဟတ်ယာဉ် အမှုထမ်း သုံးဦးတို့ကိုလည်း ယာဉ်ပျက်ကျရာနေရာမှ ကယ်ထုတ်ကာ ဆေးရုံပို့ပေး ခဲ့တယ်လို့ဆိုပါတယ်။
ရဲချုပ် ဂမ်ဘိုအာဟာ မနီလာမြို့တော် တောင်ဘက် ၄၀ ကီလိုမီတာအကွာရှိ ဆန်ပက်ဒရိုမြို့က ရဲစခန်းဝန်းတစ်ခုအတွင်း သိမ်းဆည်းထားတဲ့ မော်တော်ကားတွေကို စစ်ဆေးကြည့်ရှုခဲ့အပြီး အခြားမြို့ တစ်မြို့သို့ ပြန်ထွက်ခွာလာစဉ် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ခဲ့တာပါ။
ရဟတ်ယာဉ်ပျံတက်ချိန်မှာ ဖုန်တွေ အလိပ်လိုက်ထွက်သွားခဲ့ပြီးနောက် ရဟတ်ယာဉ်ဟာ လျှပ်စစ်မီးကြိုးတစ်ခုနဲ့ ငြိမိခဲ့တယ်လို့ ဒု-ရဲမှူးကြီး ဒိုရွမ်မယ် က ပြောဆိုပါတယ်။ မျက်မြင်တွေ့ခဲ့သူတွေရဲ့ အပြောအရ အင်ဂျင်နှစ်လုံးတပ် Bell 429 အမျိုးအစား ရဟတ်ယာဉ်ဟာ ပြင်းပြင်း ထန်ထန် ယမ်းခါသွား ခဲ့ပြီးနောက် ပျက်ကျသွားကာ နှစ်ပိုင်းပြတ် မီးတောက်လောင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၅၅ နှစ်အရွယ် ဗိုလ်ချုပ် ဂမ်ဘိုအာဟာ PNP အကြီးအကဲအဖြစ် ဇန်နဝါရီလကမှ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့အရင် ရဲချုပ် နှစ်ဦးလိုပဲ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့သူဖြစ်ပါတယ်။
Image may contain: plant and outdoor
Image may contain: one or more people and outdoor
Image may contain: 3 people, people standing and outdoor
Ref : The Straits Times
<zawgyi>
ဖိလစ်ပိုင်ရဲချုပ် လိုက်ပါလာတဲ့ ရဟတ်ယာဉ် နှစ်ပိုင်းပြတ်ကျပြီး မီးလောင်မှုဖြစ်ပွား
Thursday , March 5 , 2020

ဖိလစ်ပိုင်ရဲချုပ်နဲ့ သူ့ရဲ့ လက်ထောက်တွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်း ကြာသပတေးနေ့ (မတ် ၅) မနက်ပိုင်းက မနီလာတောင်ပိုင်း ရဲစခန်းတစ်ခုမှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။
ယင်း ဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်အင်အား ၁၉၁၀၀၀ ရှိတဲ့ ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့(PNP) ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် အာချီ ဂမ်ဘိုအာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ၎င်းကို ဆေးရုံတင်ပေး ခဲ့ကြောင်းနဲ့ သတိရှိနေကြောင်း PNP အမြန်လမ်းရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲမှူးကြီး ဝီလ်ဆင် ဒိုရွမ်မယ် က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရဟတ်ယာဉ်ပေါ်ပါခဲ့တဲ့ အခြား ရဲဗိုလ်ချုပ် သုံးဦး အငယ်တန်းလက်ထောက်တစ်ဦးနဲ့ ရဟတ်ယာဉ် အမှုထမ်း သုံးဦးတို့ကိုလည်း ယာဉ်ပျက်ကျရာနေရာမှ ကယ်ထုတ်ကာ ဆေးရုံပို့ပေး ခဲ့တယ်လို့ဆိုပါတယ်။
ရဲချုပ် ဂမ်ဘိုအာဟာ မနီလာမြို့တော် တောင်ဘက် ၄၀ ကီလိုမီတာအကွာရှိ ဆန်ပက်ဒရိုမြို့က ရဲစခန်းဝန်းတစ်ခုအတွင်း သိမ်းဆည်းထားတဲ့ မော်တော်ကားတွေကို စစ်ဆေးကြည့်ရှုခဲ့အပြီး အခြားမြို့ တစ်မြို့သို့ ပြန်ထွက်ခွာလာစဉ် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ခဲ့တာပါ။
ရဟတ်ယာဉ်ပျံတက်ချိန်မှာ ဖုန်တွေ အလိပ်လိုက်ထွက်သွားခဲ့ပြီးနောက် ရဟတ်ယာဉ်ဟာ လျှပ်စစ်မီးကြိုးတစ်ခုနဲ့ ငြိမိခဲ့တယ်လို့ ဒု-ရဲမှူးကြီး ဒိုရွမ်မယ် က ပြောဆိုပါတယ်။ မျက်မြင်တွေ့ခဲ့သူတွေရဲ့ အပြောအရ အင်ဂျင်နှစ်လုံးတပ် Bell 429 အမျိုးအစား ရဟတ်ယာဉ်ဟာ ပြင်းပြင်းထန်ထန် ယမ်းခါသွား ခဲ့ပြီးနောက် ပျက်ကျသွားကာ နှစ်ပိုင်းပြတ် မီးတောက်လောင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၅၅ နှစ်အရွယ် ဗိုလ်ချုပ် ဂမ်ဘိုအာဟာ PNP အကြီးအကဲအဖြစ် ဇန်နဝါရီလကမှ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့အရင် ရဲချုပ် နှစ်ဦးလိုပဲ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့သူဖြစ်ပါတယ်။
Ref : The Straits Times

0 comments:

Post a Comment