Wednesday, March 4, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ပလက်ဝမြို့အား သိမ်းမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် ဆန်တစ်ဘူး (၂၀၀၀) အထိ စျေးတက်


Image may contain: one or more people and food
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ပလက်ဝမြို့အား သိမ်းမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် ဆန်တစ်ဘူး (၂၀၀၀) ထိစျေးတက်နေသောကြောင့်အိမ်ထောင်စု အချိုမှာဆန်ပြုတ်ပင် သောက်နေရပြီဖြစ်ကြောင်း သိရသည်။
“ တိုက်ပွဲတွေကနေ့စဉ်နဲ့အမျှဖြစ်နေတာ၊ AA က ပလက်ဝမြို့ကို သိမ်းမယ်ဆိုပြီး ပြောပြီးကတည်က အခြေ အနေတွေက ပိုဆိုးလာတာ၊ မြို့သိမ်းပြီဆိုတော့ မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ် ပြီပေါ့ဗျာ၊ အခုဆန်စျေးက မိုးတွင်းအတွက်ဆိုပြီး ဝယ်နေကျတဲ့သူတွေ များလာလို့ ဆန်တစ်ဘူးကို (၂၀၀၀)ထိတက်လာနေပြီ၊ တစ်နေ့လုပ် တစ်နေ့စားဘဝတွေကတော့ အတော်ကိုမလွယ်တော့ဘူး၊ စစ်ရှောင် စခန်းတွေမှာလည်း ဆန်တွေပြတ်နေပြီ၊ လမ်းမှာ AA ကကားတွေ ကိုမီးရှို့ ရခိုင်စကားမပြောတတ်တဲ့ကားသမားတွေဆို ဖမ်းတာ ဆီးတာ သတ်ဖြတ်တာတွေလုပ်နေတော့ ဒီဘက်ကိုဘယ်သူမှမလာရဲတော့ဘူး၊ ရခိုင်တော်လှန်ရေး လုပ်တယ်ဆိုပြီး ချင်းတွေနေတဲ့နေရာမှာ လာတိုက် နေတာတော့ နည်းလမ်းမကျဘူး၊ စစ်ရှောင်စခန်းတွေမှာလည်း ဆန်ပြုတ်သောက်နေကြရပြီ” ဟု ဒေသခံ ဆလိုင်းတမ်နိုင်းကပြော သည်။

ယနေ့မနက်တွင်လည်း ပလက်ဝမြို့နယ် ဗွီဟူးရွာသစ်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာသားတစ်ဦးသေ၊ အိမ် ၅ လုံး မီးလောင်ခဲ့ကြောင်း ဒေသ ခံများထံမှသိရသည်။

“ ရွာသစ်လို့သာပြောတာ AA ထောက်ခံတဲ့သူတွေနေကြတာများတယ်၊ ကျနော်တို့အဲ့ဒီရွာတွေ သွားရင် တောင် တပ်သတင်းပေးဆိုပြီး ဝိုင်းဖမ်း ကြတာ၊ ဒီမနက်တိုက်ပွဲဖြစ်တယ်ကြားတယ်၊သူတို့ဘက်ကတစ်ယောက် ကျသွားတယ်လည်းကြားတယ်၊ တပ်စစ်ကြောင်းတွေကတော့ ပလက်ဝ မြို့မကျရေး လိုက်တိုက်ပေးနေတယ်၊ ကျနော်တို့ချင်းတွေလည်း ပလက်ဝမြို့ AA မရရေး ပြန်တိုက်ဖို့ လက်နက်ကိုင်မှ ရတော့မယ်” ဟု အမည်မဖော်လိုသူ ဒေသခံချင်းတိုင်းရင်းသားတစ်ဦးမှ မခံမရပ်နိုင် စွာပြောသည်။

ယခုအခါ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေပြီး ဆန်စျေးများ တဟုန်တိုးတက်လာကာ နေရာ နေရာအများစုအား AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက် နေသောကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှာ မိမိနေရပ်ကိုစဟွန့်ခွာ၍ ချင်းပြည်နယ် ထန်တလန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
Source - May Yu News
<zawgyi>
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ပလက်ဝမြို့အား သိမ်းမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် ဆန်တစ်ဘူး (၂၀၀၀) အထိ စျေးတက်
Thursday , March 5 , 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ ပလက်ဝမြို့အား သိမ်းမည်ဟု ကြေညာပြီးနောက်ပိုင်းတွင် ဆန်တစ်ဘူး (၂၀၀၀) ထိစျေးတက်နေသောကြောင့်အိမ်ေထာင်စု အချိုမှာဆန်ပြုတ်ပင် သောက်နေရပြီဖြစ် ကြောင်း သိရသည်။

“ တိုက်ပွဲတွေကနေ့စဉ်နဲ့အမျြှဖစ်နေတာ၊ AA က ပလက်ဝမြို့ကို သိမ်းမယ်ဆိုပြီး ပြောပြီးကတည်က အခြေ အနေတွေက ပိုဆိုးလာတာ၊ မြို့သိမ်းပြီဆိုတော့ မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ် ပြီပေါ့ဗျာ၊ အခုဆန်စျေးက မိုးတွင်းအတွက်ဆိုပြီး ဝယ်နေကျတဲ့သူတွေ များလာလို့ ဆန်တစ်ဘူးကို (၂၀၀၀)ထိတက်လာနေပြီ၊ တစ်နေ့လုပ် တစ်နေ့စားဘဝတွေကတော့ အတော်ကိုမလွယ်တော့ဘူး၊ စစ်ရှောင် စခန်းတွေမှာလည်း ဆန်တွေပြတ်နေပြီ၊ လမ်းမှာ AA ကကားတွေ ကိုမီးရှို့ ရခိုင်စကားမပြောတတ်တဲ့ကားသမားတွေဆို ဖမ်းတာ ဆီးတာ သတ်ဖြတ်တာတွေလုပ်နေတော့ ဒီဘက်ကိုဘယ်သူမှမလာရဲတော့ဘူး၊ ရခိုင်တော်လှန်ရေး လုပ်တယ်ဆိုပြီး ချင်းတွေနေတဲ့နေရာမှာ လာတိုက် နေတာတော့ နည်းလမ်းမကျဘူး၊ စစ်ရှောင်စခန်းတွေမှာလည်း ဆန်ပြုတ်သောက်နေကြရပြီ” ဟု ဒေသခံ ဆလိုင်းတမ်နိုင်းကပြော သည်။

ယနေ့မနက်တွင်လည်း ပလက်ဝမြို့နယ် ဗွီဟူးရွာသစ်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ရွာသားတစ်ဦးသေ၊ အိမ် ၅ လုံး မီးလောင်ခဲ့ကြောင်း ဒေသ ခံများထံမှသိရသည်။

“ ရွာသစ်လို့သာပြောတာ AA ထောက်ခံတဲ့သူတွေနေကြတာများတယ်၊ ကျနော်တို့အဲ့ဒီရွာတွေ သွားရင် တောင် တပ်သတင်းပေးဆိုပြီး ဝိုင်းဖမ်း ကြတာ၊ ဒီမနက်တိုက်ပွဲဖြစ်တယ်ကြားတယ်၊သူတို့ဘက်ကတစ်ယောက် ကျသွားတယ်လည်းကြားတယ်၊ တပ်စစ်ကြောင်းတွေကတော့ ပလက်ဝ မြို့မကျရေး လိုက်တိုက်ပေးနေတယ်၊ ကျနော်တို့ချင်းတွေလည်း ပလက်ဝမြို့ AA မရရေး ပြန်တိုက်ဖို့ လက်နက်ကိုင်မှ ရတော့မယ်” ဟု အမည်မဖော်လိုသူ ဒေသခံချင်းတိုင်းရင်းသားတစ်ဦးမှ မခံမရပ်နိုင် စွာပြောသည်။

ယခုအခါ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေပြီး ဆန်စျေးများ တဟုန်တိုးတက်လာကာ နေရာ နေရာအများစုအား AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက် နေသောကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှာ မိမိနေရပ်ကိုစဟွန့်ခွာ၍ ချင်းပြည်နယ် ထန်တလန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
Source - May Yu News

0 comments:

Post a Comment