Friday, March 13, 2020

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ထပ်မံသိမ်းဆည်းရမိ

Image may contain: sky and outdoor

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၂ ရက်အထိ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၂၈၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေ လုံခြံုရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ထွက်ပြေး တိမ်းရှောင်နေသော လွယ်ခမ်ကျေးရွာနေ ဦးလောက်ညို ပိုင်ဆိုင်သည့် တစ်ထပ်တိုက်နေအိမ်အောက်ထပ်ရှိ မြေအောက်ခန်းအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၅၈၀၀၀ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၈၀၀၀ ပြား၊ ဘိန်းစိမ်း ၁၂၅ ကီလို၊ ဆေးပြားအကြေ ၁၀ ကီလို၊ ကဖင်းမှုန့် ၆၅၀ ကီလို၊ ကော့စတစ် ဆော်ဒါအမှုန့် ၉၉၂၀ ကီလိုနှင့် ဆေးပြားတံဆိပ်ရိုက်တံ ၆၅ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် လွယ်ခမ်ကျေးရွာနေ ဦးရန်တာ ပိုင်ဆိုင်သည့် တစ်ထပ်တိုက်နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်မြေအောက်ခန်းအတွင်းမှ WY စာတန်းပါစိတ််ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂ ကီလို၊ ICE ၀ ဒသမ ၅ ကီလို၊ ကတ်တမင်း ၁ ကီလို၊ BENZYL ETHER ၅ ကီလို၊ N-Isopropy Benzylamine ၈ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၈၆ လီတာ၊ Sodium Acetate ၅၀၀ ဂရမ်ပါ ၁၉ ဘူး၊ Sodium Acetate Trihydrate ၅၀၀ ဂရမ်ပါ ၁၃ ဘူး၊ Sodium Chloride ၅၀၀ ဂရမ်ပါ ၁၄ ဘူး၊ Ammonium Chloride ၈၇ ကီလို၊ Ammonium Chloride အဖြူရောင်ပုံဆောင်ခဲ ၂၅ ကီလို၊ Caudtic Soda ၂၀ ကီလိုပါ ၁၁ အိတ်၊ မီသိုင်း၊ မီတနိုင်း ၄ ဂါလန်ပါ ၆၇ လုံး၊ ဂက်စ်အိုး ၂၂ လုံး၊ ကြွေကန်တော့ ၃၀ ခု၊ ဖန်ပေါင်းပြွန်မျိုးစုံ ၁၇ ဖာ၊ သံဇလုံ ၄ ခု၊ ကီလိုချိန်ခွင် ၁ ခု၊ ဆေးပြားအခြောက်ခံစက် ၂ လုံးနှင့် ဆေးပြားထည့်အိတ်အသေး(ဆာလာအိတ်) ၂၀ အိတ်တို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
လွယ်ခမ်ကျေးရွာနှင့်အနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ရှာဖွေဖော်ထုတ် သိမ်းဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးနှင့် ကျေးရွာအနီးတစ်ဝိုက်တို့၌ ရှာဖွေစစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၂၁၉၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၉ ကီလို ၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၁၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁၃၅ ကီလိုနှင့် ICE ၄၄၁ ကီလို၊ စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာငွေကျပ် ၂၈၉ ဘီလီယံကျော်နှင့် မူးယစ်ဆေး ဝါးချက်လုပ်ရာတွင် အသုံးပြု သည့်ဆက်စပ်ပစ္စည်း ၂၁၁ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၉၁ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင် နေသူများ၊ အဓိက တရားခံများ၊ သတင်းပေးရန်ပျက်ကွက်သူများနှင့် ပါဝင်ပတ်သက်သူ များအား ဖမ်းဆီးရမိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးပြီးခဲ့သည့် နေအိမ်များကို ထပ်မံ၍အသေးစိတ် စစ်ဆေးလျက်ရှိပြီး ၎င်းင်းနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေလုံခြံုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
No photo description available.
Image may contain: outdoor and nature

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာအတွင်း ထပ်မံသိမ်းဆည်းရမိ
Saturday , March 14 ,2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၂ ရက်အထိ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၂၈၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါနယ်မြေတစ်ဝိုက်အား နယ်မြေ လုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ထွက်ပြေး တိမ်းရှောင်နေသော လွယ်ခမ်ကျေးရွာနေ ဦးလောက်ညို ပိုင်ဆိုင်သည့် တစ်ထပ်တိုက်နေအိမ်အောက်ထပ်ရှိ မြေအောက်ခန်းအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၅၈၀၀၀ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၈၀၀၀ ပြား၊ ဘိန်းစိမ်း ၁၂၅ ကီလို၊ ဆေးပြားအကြေ ၁၀ ကီလို၊ ကဖင်းမှုန့် ၆၅၀ ကီလို၊ ကော့စတစ် ဆော်ဒါအမှုန့် ၉၉၂၀ ကီလိုနှင့် ဆေးပြားတံဆိပ်ရိုက်တံ ၆၅ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် လွယ်ခမ်ကျေးရွာနေ ဦးရန်တာ ပိုင်ဆိုင်သည့် တစ်ထပ်တိုက်နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်မြေအောက်ခန်းအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂ ကီလို၊ ICE ၀ ဒသမ ၅ ကီလို၊ ကတ်တမင်း ၁ ကီလို၊ BENZYL ETHER ၅ ကီလို၊ N-Isopropy Benzylamine ၈ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၈၆ လီတာ၊ Sodium Acetate ၅၀၀ ဂရမ်ပါ ၁၉ ဘူး၊ Sodium Acetate Trihydrate ၅၀၀ ဂရမ်ပါ ၁၃ ဘူး၊ Sodium Chloride ၅၀၀ ဂရမ်ပါ ၁၄ ဘူး၊ Ammonium Chloride ၈၇ ကီလို၊ Ammonium Chloride အဖြူရောင်ပုံဆောင်ခဲ ၂၅ ကီလို၊ Caudtic Soda ၂၀ ကီလိုပါ ၁၁ အိတ်၊ မီသိုင်း၊ မီတနိုင်း ၄ ဂါလန်ပါ ၆၇ လုံး၊ ဂက်စ်အိုး ၂၂ လုံး၊ ကြွေကန်တော့ ၃၀ ခု၊ ဖန်ပေါင်းပြွန်မျိုးစုံ ၁၇ ဖာ၊ သံဇလုံ ၄ ခု၊ ကီလိုချိန်ခွင် ၁ ခု၊ ဆေးပြားအခြောက်ခံစက် ၂ လုံးနှင့် ဆေးပြားထည့်အိတ်အသေး(ဆာလာအိတ်) ၂၀ အိတ်တို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
လွယ်ခမ်ကျေးရွာနှင့်အနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ရှာဖွေဖော်ထုတ် သိမ်းဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးနှင့် ကျေးရွာအနီးတစ်ဝိုက်တို့၌ ရှာဖွေစစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၂၁၉၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၉ ကီလို ၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၁၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁၃၅ ကီလိုနှင့် ICE ၄၄၁ ကီလို၊ စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာငွေကျပ် ၂၈၉ ဘီလီယံကျော်နှင့် မူးယစ်ဆေး ဝါးချက်လုပ်ရာတွင် အသုံးပြု သည့်ဆက်စပ်ပစ္စည်း ၂၁၁ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၉၁ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင် နေသူများ၊ အဓိက တရားခံများ၊ သတင်းပေးရန်ပျက်ကွက်သူများနှင့် ပါဝင်ပတ်သက်သူ များအား ဖမ်းဆီးရမိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးပြီးခဲ့သည့် နေအိမ်များကို ထပ်မံ၍အသေးစိတ် စစ်ဆေးလျက်ရှိပြီး ၎င်းင်းနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment