Friday, March 13, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တမူးမြို့ နန်းဖာလုံစျေး ရက်အကန့်အသတ်မရှိ ပိတ်မည်

Image may contain: one or more people and outdoor

စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ နယ်စပ် နန်းဖာလုံစျေးကို မတ် ၁၄ ရက်နေ့က စတသ်၍ ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း နန်းဖာလုံစျေးကော်မတီဥက္ကဌကိုဖိုးသားကပြောသည်။

တမူးမြို့ နယ်စပ် နန်းဖာလုံစျေးကို ရက်အကန့်အသတ်မရှိ ပိတ်ရန်အတွက် နန်းဖာလုံစျေးအကျိုးတော်ဆောင်အဖွဲ့မှ ယနေ့ နှိုးဆော်ထားခြင်းဖြစ်သည်။
"အိန္ဒိယနိုင်ငံဘက်က တရားဝင်ဂိတ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားတယ်။ကျွန်တော်တို့ကလဲ နန်းဖာလုံစျေးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်တယ်။ဟိုဘက်မှာ ကူးစက်တဲ့သူတွေရှိတယ်လို့ကြားတယ်။သူတို့ဘက်ကလဲပိတ်ထားတယ်။ကျွန်တော်တို့ကလဲ ဒီဘက်ကိုဝင်လာမှာဆိုးတယ်။အဲဒါကြောင့် ပိတ်လိုက်တာပါ"ဟု စျေးကော်မတီဥက္ကဌကိုဖိုးသားကပြောသည်။
နန်းဖာလုံစျေးပိတ်ရာတွင် အဆိုပါအတွင်းစျေးသူစျေးသားများအနေအဖြင့် အမြန်ပုတ်သိုးနိုင်မည့်ငါးခြောက်lပစ္စည်းအသီးအနှံများကို ပြန်ပြီးသယ်ဆောင်ခိုင်းထားကာ ကျန်လူသုံးကုန်ပစ္စည်းများအား ထုတ်ယူခြင်းမပြုရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
"ပုတ်သိုးနိုင်မယ့်ပစ္စည်းတချို့ကိုတော့ သူတို့ကိုပြန်သယ်ခိုင်းထားတယ်။ပြန်ရောင်းလို့ ရနိုင်အောင်ပါ။စျေးပြန်ဖွင့်မယ့်နေ့ကျရင်လဲ ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနတို့နဲ့ပူးပေါင်းပြီး ဒီဘက်ကနေပြီးတော့ ဟိုဘက်ကရောဂါပိုးမရှိဘူးလား၊ဝင်လို့ရမလား၊စျေးကလူအများကြီးဝင်တယ်၊ထွက်တယ်၊ကျွန်တော်တို့က သေချာလုပ်ဆောင်မှာပါ"ဟု ၎င်းကပြောသည်။
တမူးမြို့ နယ်စပ် နန်းဖာလုံစျေးကို ကျန်းမာရေးအရ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည့်အပေါ် စျေးသူစျေးသားများအနေဖြင့် ဗိုင်းရပ်စ် အန္တရာယ်ကြောင့် လက်ခံသဘောတူကြကြောင်း သိရသည်။
"ကျန်းမာရေးကြောင့်မို့ တဘက်နိုင်ငံကလဲဂိတ်ပိတ်လိုက်တယ်။ပိတ်တဲ့အတွက် တဘက်နိုင်ငံကကုန်သည်စျေးသည်တွေမလာတဲ့အတွက် ဒီဘက်နန်းဖာလုံစျေးပိတ်လိုက်တာကလဲ သဘာဝကျပါတယ်။ဒါပေမယ့်ဒီနှစ်အနေအထားအတွက် ကျွန်တော်တို့မျောက်ငိုသီးသယ်တွေအနေနဲ့ အမြတ်မပြောနဲ့အရင်းရဖို့တောင်မမျော်လင့်ဘူး။လက်ရှိတော့ ရောင်းတော့ရောင်းနေရတယ်။တဘက်နိုင်ငံကထွက်လာတဲ့လူပဲရောင်းရတာ။အရင်ရောင်းလို့အားနဲ့အခုရောင်းလို့အားက ၁၀ပုံ ၁ ပုံတောင်မရှိဘူး။အရှုံးနဲ့ရောင်းနေရတယ်။တဘက်နိုင်ငံက ဂိတ်ပိတ်ထားတဲ့အတွက် စျေးကိုလဲကျန်းမာရေးအရ ပိတ်လိုက်ဟာ လက်ခံပါတယ်"ဟု နန်းဖာလုံစျေးတွင် မျောက်ငိုသီးရောင်းဝယ်သူကိုအောင်မျိုးဦးကပြောသည်။
အိန္ဒိယ-မြန်မာ နယ်စပ် တမူးနှင့်အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေမြို့သို့ တရားဝင် ဝင်ထွက်ပေါက်ဂိတ်များကို အိန္ဒိယနိုင်ငံဘက်မှ မတ်လ ၁၀ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သိရသည်။
No photo description available.
>>Zawgyi<<
COVID-19 ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တမူးမြို့ နန်းဖာလုံစျေး ရက်အကန့်အသတ်မရှိ ပိတ်မည်
Saturday , March 14 , 2020

Ref : EPN #Myanmar_Online_News

0 comments:

Post a Comment