Thursday, March 5, 2020

ဂျပန်နိုင်ငံအတွက် ဆေးရုံသုံး နှာခေါင်းစည်း ၁ သန်း တရုတ် ဘီလျံနာ ဂျက်မား လှူဒါန်း

Image may contain: 1 person

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Hangzhou အခြေစိုက် e-commerce လုပ်ငန်းကြီး Alibaba ကို ပူးတွဲတည်ထောင်သူ အွန်လိုင်းဂုရု ဂျက်မားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ခံစားနေရတဲ့ ဂျပန်နိုင်ငံအတွက် Mask ၁ သန်း လှူဒါန်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက် ၂၀ လောက်က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်စွာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား နေစဉ်အတွင်း ဂျပန်က တရုတ်ကို အကူအညီပေးခဲ့တာကြောင့် ယခုပြန်လည်ကူညီခြင်း ဖြစ်တယ်လို့ ဂျက်မား က ပြောခဲ့ပါတယ်။ ဂျပန်က တရုတ်နိုင်ငံတစ်ဝန်းက မြို့တွေကို ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ ၁၂၅၀၀၀ လှူဒါန်း ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
ဆေးရုံသုံး နှာခေါင်းစည််း ၄၉.၄ တန်ကို တရုတ်နိုင်ငံမှ Eastern Airlines နဲ့ သယ်ယူပို့ဆောင်ခဲ့ပြီး တိုကျိုသို့ အင်္ဂါနေ့မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂျက်မားက တနင်္လာနေ့ (မတ်လ ၂ ရက်) က ဂျက်မားဖောင်ဒေးရှင်းနဲ့ Alibaba ဖောင်ဒေးရှင်းမှ ဂျပန်ကို ဆေးရုံသုံး နှာခေါင်းစွပ်များ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။
Image may contain: sky and outdoor
ref-akonthi
>>Zawgyi<<
ဂျပန်နိုင်ငံအတွက် ဆေးရုံသုံး နှာခေါင်းစည်း ၁ သန်း တရုတ် ဘီလျံနာ ဂျက်မား လှူဒါန်း
Friday , March 6 , 2020

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Hangzhou အခြေစိုက် e-commerce လုပ်ငန်းကြီး Alibaba ကို ပူးတွဲတည်ထောင်သူ အွန်လိုင်းဂုရု ဂျက်မားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ခံစားနေရတဲ့ ဂျပန်နိုင်ငံအတွက် Mask ၁ သန်း လှူဒါန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက် ၂၀ လောက်က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်စွာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား နေစဉ်အတွင်း ဂျပန်က တရုတ်ကို အကူအညီပေးခဲ့တာကြောင့် ယခုပြန်လည်ကူညီခြင်း ဖြစ်တယ်လို့ ဂျက်မား က ပြောခဲ့ပါတယ်။ ဂျပန်က တရုတ်နိုင်ငံတစ်ဝန်းက မြို့တွေကို ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ ၁၂၅၀၀၀ လှူဒါန်း ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
ဆေးရုံသုံး နှာခေါင်းစည်း ၄၉.၄ တန်ကို တရုတ်နိုင်ငံမှ Eastern Airlines နဲ့ သယ်ယူပို့ဆောင်ခဲ့ပြီး တိုကျိုသို့ အင်္ဂါနေ့မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂျက်မားက တနင်္လာနေ့ (မတ်လ ၂ ရက်) က ဂျက်မားဖောင်ဒေးရှင်းနဲ့ Alibaba ဖောင်ဒေးရှင်းမှ ဂျပန်ကို ဆေးရုံသုံး နှာခေါင်းစွပ်များ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။
ref-akonthi

0 comments:

Post a Comment