Monday, March 16, 2020

ကုန်းကြမ်းမြို့တွင် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ တန်ဖိုး ကျပ်သိန်း ၂၄၀၀ ခန့် ထပ်မံသိမ်းဆည်း ရမိ

Image may contain: food, text that says 'စိတ်ကြွ ရူးသွပ်ဆေးပြား'

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့၊ မန်ယာကျေးရွာအနီး၌ မတ် ၁၄ ရက်တွင် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၆၉ဝ ကျော်) ဖမ်းဆီးရမိခဲ့သည့် ဆက်စပ်သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် မန်ယာကျေးရွာနေ ဦးလျှိုရီးမီး ပိုင်ဆိုင်သည့် နေအိမ်အနီး စိုက်ခင်းအတွင်း၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝဝ ပြား၊ ဂက်စ်အိုး ရှစ်လုံး၊ အီသိုင်းအီသာ ၂၅ ပုံး(၁ဝ လီတာခန့်)နှင့် ဘိန်းစစ်ရည်နှင့်အက်စစ် ရောနှောထားသော အမည်းရောင် အရည် ၁၁၅ ပုံး( ၁ဝ လီတာခန့်)(မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၄ဝဝ) အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄ဝဝ)တို့ကို ကုန်းကြမ်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: outdoor
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<

0 comments:

Post a Comment