Monday, March 16, 2020

AAသောင်းကျန်းသူအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ကျေးရွာသား ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွား


Image may contain: sky and outdoor
ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်တောင်းတာ မပေးနိုင်လို့ ရွာသား ၃ ဦးကိုAAသောင်းကျန်းသူအဖွဲ့မတပ်ဖွဲ့ဝင် အချို့က ဖမ်းဆီးသွားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) က ပြောပါတယ်။
AAသောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့၀င်အချို့ဟာ ဒီနေ့ မတ်လ ၁၆ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်လာရောက်တောင်းယူခဲ့တာဖြစ်ပြီး ဆန်မပေးနိုင်တဲ့အတွက် ဖမ်းဆီးသွားတာလို့ KACC အဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

AAသောင်းကျန်းသူအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူတို့အနေနဲ့ အဲဒီလိုဖမ်းဆီးတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။

ပလက်၀မြို့နယ်မှာ AAသောင်းကျန်းသူအဖွဲ့နဲ့ တပ်မတော်တို့ကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရှိထားတယ်လို့ ကေအေစီစီက ပြောပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
>>Zawgyi<<
AAသောင်းကျန်းသူအဖွဲ့မှ ပလက်ဝမြို့နယ်ရှိ ကျေးရွာသား ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
Monday, March 16, 2020
ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်တောင်းတာ မပေးနိုင်လို့ ရွာသား ၃ ဦးကိုAAသောင်းကျန်းသူအဖွဲ့မ
တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးသွားတယ်လို့ ခူမီးချင်းမျိုးနွယ်စုများေရးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) က ပြောပါတယ်။

AAသောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ဟာ ဒီနေ့ မတ်လ ၁၆ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကေသရွာမှာ ဆန်လာရောက်တောင်းယူခဲ့တာဖြစ်ပြီး ဆန်မပေးနိုင်တဲ့အတွက် ဖမ်းဆီးသွားတာလို့ KACC အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

AAသောင်းကျန်းသူအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူတို့အနေနဲ့ အဲဒီလိုဖမ်းဆီးတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ AAသောင်းကျန်းသူအဖွဲ့နဲ့ တပ်မတော်တို့ကြား အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး အရပ်သား ၂၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရှိထားတယ်လို့ ကေအေစီစီက ပြောပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ref-dvb #Myanmar_Online_News

0 comments:

Post a Comment