Tuesday, March 3, 2020

ထိုင်းနိုင်ငံ ချွမ်းဘူရီခရိုင်တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ၂ ဦးအား ငွေဆောင်ကမ်းခြေတွင် ဖမ်းမိ

Image may contain: 2 people
ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးအနက် ၂ ဦးကို ငွေဆောင်ကမ်းခြေမှာ မတ်လ ၂ ရက် ညပိုင်းက ငွေဆောင်ကမ်းခြေမှာ ဖမ်းမိခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။

“သူတို့ နှစ်ယောက်ကို ကမ်းခြေမှာတွေ့တယ်လို့ ဒေသခံတွေက သတင်းပေးတယ်။ အဲ့တာနဲ့ ကျနော်တို့လည်း သူတို့တည်းခိုတဲ့နေရာကိုစုံစမ်းပြီး လိုက်ရှာတယ်။ သူတို့က ထိုင်းဘတ်ငွေတွေကို အောက်ဈေးနဲ့ ရောင်းပြီး မောင်တောဘက်ကို စက်လှေနဲ့ ထွက်သွားချိန်မှာ ဖမ်းမိခဲ့တာပါ”လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏဝင်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦး မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်သွားတဲ့အတွက် ဖမ်းဆီးပေးဖို့အတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အကူညီတောင်းခံခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ကမ်းခြေရှိသမျှဟိုတယ်တွေနဲ့ တည်းခိုခန်းတွေ ရှာဖွေနေခဲ့တာလို့လည်း ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏဝင်းကပြောပါတယ်။
“တရုတ်နိုင်ငံသား ၂ ဦးရောက်နေတယ်ဆိုတာတော့ သတင်းရတယ်၊ လွန်ခဲ့တဲ့ ၂ ရက်လောက် က မနေ့က နေ့လယ်က ရှိသမျှဟိုတယ်တွေနဲ့ တည်းခိုခန်းတွေမှာ ရဲတပ်ဖွဲ့နဲ့ လဝက တာဝန်ရှိသူတွေ ပူးပေါင်းလိုက်ရှာတယ်၊ မတွေ့တော့ဘူး။ သူတို့က မောင်တောဘက်ကို စက်လှေငှားပြီး ထွက်ပြေးသွားတာ၊ အဲ့တာနဲ့ စက်လှေသမားကို ဖုန်းဆက်ပြန်မောင်းလာခိုင်းပြီး စစ်ဆေးလိုက် တဲ့အချိန်မှာ အဲ့ ၂ ယောက်ကို ဖမ်းမိခဲ့တာပါ”
ဖမ်းဆီးရမိတဲ့သူ ၂ ဦးကို တရားဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ထိုင်းနိုင်ငံ ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။အဆိုပါတရုတ်နိုင်ငံသား (၄) ဦးမှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကလည်း အလိုရှိနေသူများဖြစ်ကာ ထိုင်းရဲတပ်ဖွဲ့ကလည်း ဖမ်းဝရမ်းထုတ်ထားသူများဖြစ်သည်။
လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၄ ဦးအနက် အခု ဖမ်းမိထားတဲ့ အသက် ၃၁ အရွယ်ရှိ Mr. Qinmiao နဲ့ အသက် ၂၄ နှစ်အရွယ်ရှိ Mr. Gang Gang တို့ နှစ်ဦးကို စစ်ဆေးမှုများပြုလုပ်နေပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုတွင်သာ မူတည်သည်ဟုလည်း တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
Image may contain: 1 person
သတင်း- မင်းထက်မုန်း ref: DVB
Photo-အမှုဖြစ်စဉ်တွင်ပါရှိကြသည့် တရုတ်နိုင်ငံသား (၄) ဦး

>>Zawgyi<<
ထိုင်းနိုင်ငံ ချွမ်းဘူရီခရိုင်တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ၂ ဦးအား ငွေဆောင်ကမ်းခြေတွင် ဖမ်းမိ

Tuesday , March 3 , 2020

0 comments:

Post a Comment