Tuesday, March 3, 2020

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဝါရှင်တန်ပြည်နယ်တွင် ၆-ဦးသေဆုံးခဲ့။ အန္တာတိကမှလွဲလျှင် ကမ္ဘာ့တိုက်ကြီးအားလုံး၌ ဗိုင်းရပ်စ်ပျံ့နှံ့လျှက် သေဆုံး- ၃,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရသူ ၈၈,၀၀၀ ကျော်ဖြစ်လာ

Image may contain: 1 person, text

အမေရိကန် ဝါရှင်တန်ုပြည်နယ်တွင် ဗိုင်းရပ်စ်စွဲရောဂါဖြင့် ၆-ဦးသေဆုံးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အန္တာတိက တိုက်မှလွဲလျှင် ကမ္ဘာကြီး တစ်ခုလုံး၌ သေဆုံးလူပေါင်း ၃,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရသူ ၈၈,၀၀၀ ကျော် ဖြစ်လာစေခဲ့သည်ဟု CNN က ယနေ့ရေးသားသည်။

အဓိကအားဖြင့် ကပ်ရောဂါအပါအဝင် ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်မှုအားလုံးတို့အတွက် အကူအညီပေးနိုင်ရန် အမေရိကန်တပ်မတော်အား အသင့်ပြင်ထားကြောင်း စစ်ဖက်အရာရှိများက ပြောဆိုသည်။ အမေရိကန်ကျန်းမာရေးဌာနကမူ နိုင်ငံအတွင်း ၁၄ နေရာ၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ ကုသပြီး-ကုသပေးလျှက်ရှိကြောင်း၊ လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ထားရန်လိုအပ်ပြီး အကြောက် မလွန်ကြရန် သတိပေးနှိုးဆော်သည်။
အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်စွဲရောဂါဖြစ်ပွားမှု ၅၀ ရာနှုန်းတိုးမြင့်လာသည်ကို တွေ့ရှိရပြီးနောက် ဥရောပသမဂ္ဂက ကူးစက်ရောဂါသတိပေးချက်အဆင့်ကို မြှင့်တင်လိုက်သည်။ ယမန်နေ့ ဂျာမနီနိုင်ငံ၏ ဗိုင်းရပ်စ် ကူးစက်မှု ထူးခြားမြင့်တက်ခဲ့ပြီး ပြင်သစ်က ရောဂါကူးစက်မှုဟန့်တားရန် ပါရီမြို့ နာမည်ကျော် “ လုဗ်ပြတိုက် “ ကို ပိတ်ထားရဆဲဖြစ်သည်။
တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စွဲသေဆုံးအများဆုံးဖြစ်သော အီရန်သည် ယနေ့တွင် WHO မှ ပေးပို့သော အကူအညီများ ပထမဆုံးအကြိမ် စတင်လက်ခံရရှိသည်။ ဆေးဝါး ၈-တန်နှင့် ရောဂါရှာဖွေစမ်းသပ်ရေးကိရိယာပစ္စည်းများတင်ဆောင်လာသော လေယာဉ်သည် ယူအေအီးနိုင်ငံ စစ်ဖက်လေယာဉ်ကွင်းမှ ပျံ တက်လာခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာတွင် ကူညီမည့် ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီမှ ကိုယ်စားလှယ်များလည်း ရောက်ရှိနေပြီဖြစ်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်း ဌာနက ယနေ့ကြေညာသည်။
အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်မှုဖြင့် သေဆုံး ၆၆-ဦး၊ ကူးစက်အတည်ပြုခံရသူ ၁,၅၀၁-ဦး ရှိနေရာ တရုတ်နိုင်ငံပြင်ပတွင် လူသေဆုံးမှု့ အများဆုံးဖြစ်သည်။ အီရန်နိုင်ငံအတွင်း သေဆုံးသူများအနက် ထိပ်တန်းအစိုးရအဖွဲ့ဝင် ၂-ဦးပါဝင်နေပြီး အသက် ၈၀-အရွယ် အီရန်နိုင်ငံဥသျှောင် အလီခါမေနီ၏ အနီးကပ်တိုင်ပင်ဖက် ပုဂ္ဂိုလ်များလည်း သေဆုံး-ကူးစက်ခံရသူများတွင် ပါဝင်သည်။
အီတလီတွင်မူ ယမန်နေ့ သေဆုံးသူ ၃၉-ဦးရှိရာ ယမန်နေ့ထက် ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု့ ၅၀ ရာနှုန်းတိုးလာခြင်းဖြစ်သည်။ စုစုပေါင်းသေဆုံးသူ ၅၂-ဦးရှိသော အီတလီသည် ကူးစက်ခံရသူ ၂,၀၃၅-ဦး ရှိသဖြင့် အီရန်တရားဝင်အရေအတွက်ထက် ပိုမိုဆိုးရွားသည်။
COVID-19 စတင်ဖြစ်ပွားရာ၌ အများဆုံးနှင့် အစောဆုံးဖြစ်သော တရုတ်နိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း သေဆုံး ၃၁-ဦး၊ ကူးစက် ၁၂၅-ဦးဖြစ်ပေါ်သည်။ နေ့စဉ်အရေအတွက်တွင် ထက်ဝက်လျှော့ကျလျှက် ရောဂါ ကူးစက်ပျံ့နှံ့မှုွှ တည်ငြိမ်သွားပြီဖြစ်ကြောင်း WHO က ကြေညာသည်ဟု South China Morning Post က ယနေ့ ရေးသားသည်။
စုစုပေါင်း သေဆုံး ၂,၉၄၄-ဦး၊ ကူးစက် ၈၀,၅၁၅-ဦးရှိရာမှ ၄၇,၁၉၂-ဦး ကုသပျောက်ကင်းသဖြင့် ယခင် ၁၀ ရက်နှင့် အပြီးတည်ဆောက်ခဲ့ရသော ဆေးရုံကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။
ပြောင်းပြန်ဖြစ်လာသည်မှာ တောင်ကိုရီးယားဖြစ်ပြီး ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၆၀၀ -ဦးတွေ့ရှိသဖြင့် ယမန်နေ့ထက် အဆပိုမိုတိုးလာသည်။ သေဆုံးသူ ၂၈-ဦးရှိခဲ့ပြီး ကူးစက်ခံရသူ ၄,၈၁၂-ဦး ရှိနေသည်။ ရောဂါပျံ့နှံ့မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်၍ ဖြိုခွင်းရန် အမေရိကန်ဒေါ်လာ ၂၅-ဘီလျှံ သုံးစွဲမည်ဖြစ်သည်။
(SARS-CoV-2) ဗိုင်းရပ်စ်စွဲကပ်မှု့ကြောင့် COVID-19 ခေါ် ၂၀၁၉ ခုနှစ် ပြင်းထန်အသက်ရှူလမ်းကြောင်းရောင် ရောဂါဖြင့် သေဆုံး-ဖျားနာမှုလျော့နည်းစေရန် ရောဂါကူးစက်လျှက်ရှိသူနှင့် ထိတွေ့ရာတွင် ကိရိယာဝတ်စုံဖြင့် အကာအကွယ်ယူခြင်းအပါအဝင် တစ်ဆင့်ပြီး တစ်ဆင့်အစီအစဉ်များကို သက်ဆိုင်ရာ ကျွမ်းကျင်သူတို့က ဆောင်ရွက်အကောင် အထည်ဖော်စေလျှက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ဆေးဝါးနှင့်ကိရိယာ မလိုပဲ ဗိုင်းရပ်စ်ကာကွယ်ရာ၌ တစ်ကိုယ် ရည်သန့်ရှင်းမှု အလေးထားခြင်း၊ အရေးတကြီး မလိုအပ်ပဲ လူစု လူဝေးမပြုရန် တားဆီးခြင်းတို့မှာ အလွန်အကျိုးရှိသည်။
Image may contain: 1 person, text
Image may contain: text
Image may contain: one or more people
Source : CNN., March 2, 2020,” Coronavirus death toll tops 3,000.”
Ref : HtayOung / OungMarine

>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဝါရှင်တန်ပြည်နယ်တွင် ၆-ဦးသေဆုံးခဲ့။ အန္တာတိကမှ လွဲလျှင် ကမ္ဘာ့တိုက်ကြီးအားလုံး၌ ဗိုင်းရပ်စ်ပျံ့နှံ့လျှက် သေဆုံး- ၃,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရသူ ၈၈,၀၀၀ ကျော်ဖြစ်လာ
Tuesday , March 3 , 2020

0 comments:

Post a Comment