Thursday, March 5, 2020

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ငွေကျပ် ၉၃ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးရမိမှုကိစ္စ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

Image may contain: 6 people, people sitting and indoor

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေကို လာရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခန်းမတွင် ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ကကျင်းပခဲ့သည်။

ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ ယနေ့ အထိ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃၈၂၅၀၀၀ ပြား၊ ဘိန်းဖြူ ၁၂၇၁၄၀ ဂရမ်၊ ဘိန်းဖြူခဲ ၅ ခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၉၁ ဘီလီယံကျော်)၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ၉၉ မျိုး(စုစုပေါင်းကာလတန်ဖိုးအနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ၉၃ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကဖမ်းဆီးရရှိသောမူးယစ်ဆေးဝါးများ၏တန်ဖိုးမှာမြန်မာကျပ်ငွေ ၅၅၅ဘီလီယံ၊အမေရိကန်ဒေါ်လာ သန်း၃၇၀ ကျော်ခန့်ရှိသည့်အနက် တပ်မတော်အနေဖြင့် ဖမ်းဆီးနိုင်ခဲ့မှုမှာ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယခုနှစ်လက်ရှိကာလထိတွင်ဖမ်းဆီးရမိသောမူးယစ်ဆေးတန်ဖိုးမှာမြန်မာကျပ်ငွေ ၁၄၆ ဘီလီယံရှိသည့်အနက် တပ်မတော်အနေဖြင့် ၈၀ ရာခိုင်နှုန်းကိုဖမ်းဆီးမိခဲ့ကြောင်းသတင်းစာရှင်းလင်းပွဲကသိရသည်။
Image may contain: 1 person, standing and flower
No photo description available.
Image may contain: outdoor
Image may contain: outdoor
No photo description available.
No photo description available.
Image may contain: outdoor
Image may contain: food
Image may contain: plant, tree and outdoor
No photo description available.
No photo description available.
ref-pyimyanmar
>>Zawgyi<<
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ငွေကျပ် ၉၃ ဘီလီယံကျော် ဖော်ထုတ်ဖမ်းဆီးရမိမှုကိစ္စ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်
Friday , March 6 , 2020

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ၊မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေကို လာရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခန်းမတွင် ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ကကျင်းပခဲ့သည်။
ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ ယနေ့ အထိ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃၈၂၅၀၀၀ ပြား၊ ဘိန်းဖြူ ၁၂၇၁၄၀ ဂရမ်၊ ဘိန်းဖြူခဲ ၅ ခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၉၁ ဘီလီယံကျော်)၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ၉၉ မျိုး(စုစုပေါင်းကာလတန်ဖိုးအနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ၉၃ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကဖမ်းဆီးရရှိသောမူးယစ်ဆေးဝါးများ၏တန်ဖိုးမှာမြန်မာကျပ်ငွေ ၅၅၅ဘီလီယံ၊အမေရိကန်ဒေါ်လာ သန်း၃၇၀ ကျော်ခန့်ရှိသည့်အနက် တပ်မတော်အနေဖြင့် ဖမ်းဆီးနိုင်ခဲ့မှုမှာ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယခုနှစ်လက်ရှိကာလထိတွင်ဖမ်းဆီးရမိသောမူးယစ်ဆေးတန်ဖိုးမှာမြန်မာကျပ်ငွေ ၁၄၆ ဘီလီယံရှိသည့်အနက် တပ်မတော်အနေဖြင့် ၈၀ ရာခိုင်နှုန်းကိုဖမ်းဆီးမိခဲ့ကြောင်းသတင်းစာရှင်းလင်းပွဲကသိရသည်။
ref-pyimyanmar

0 comments:

Post a Comment