Thursday, March 5, 2020

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ရေးပြစ်မှု ကျူးလွန်ခဲ့သည့် မြန်မာအကျဉ်းသား ၂ ဦး တရုတ်နိုင်ငံ ဟူပေထောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရ


Image may contain: skyscraper, sky and outdoor
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ရေးပြစ်မှု ကျူးလွန်ခဲ့သည့် မြန်မာအကျဉ်းသား ၂ ဦး တရုတ်နိုင်ငံ ဟူပေထောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရကြောင်း မြန်မာသံရုံး(ပေကျင်း)က မတ် ၅ ရက်တွင် ထုတ်ပြန်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါခံစားနေရသည့်အတွက် ၎င်းတို့နှစ်ဦးကို Mobile Cabin ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုများ ခံယူနေရ၍ ဆေးရုံမှဆင်းခွင့်မရသေးကြောင်း ၎င်းသံရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဟူပေပြည်နယ် အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနသည် သက်ဆိုင်ရာတရားဥပဒေသတ်မှတ်ချက်များ ၊ နိုင်ငံတကာ စာချုပ်သတ်မှတ်ချက်များအရ တရားခံများကို စနစ်တကျထိန်းသိမ်းစီမံခန့်ခွဲခြင်းများကို ဆောင်ရွက်နေသလို မြန်မာနိုင်ငံသားဟုဆိုသူ ၂ ဦးကိုလည်း ၎င်းတို့၏ ဓလေ့ထုံးစံ စားဝတ်နေရေးအမူအကျင့်များနှင့် လျော်ညီမှုရှိစေရန် ကူညီထောက်ပံ့ပေးထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ ပြည်နယ်နှင့်မြူနီစပယ် ၁၈ ခုတွင် တရားမဝင်မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ၊ပြစ်ဒဏ်ကျခံနေရသည့် မြန်မာသင်္ဘောသား ၆၃ ဦးလည်းရှိနေသေးပြီး ၎င်းတို့ကိုထားရှိသည့် အကျဉ်းစခန်း ၁၈ ခုတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိသေးပဲ ကျန်းမာရေးကောင်းမွန်ကြသည်ဟု မြန်မာသံရုံးက ထုတ်ပြန်ခဲ့သေးသည်။

မြန်မာသံရုံးအနေဖြင့် လက်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့့်ပွားမှုအခြေအနေကြောင့် တရုတ်နိုင်ငံရှိ အကျဉ်းထောင် အကျဉ်းစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာနိုင်ငံသားများကို နေရေးစားရေး ၊ ကျန်းမာရေးတို့ကို ဂရုပြုပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုတို့အရ လျော့ပေါ့စဉ်းစားပေးရန် ၊ဖြစ်နိုင်လျှင် ပြစ်ဒဏ်မှလွတ်ကင်းခွင့်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပေးပို့တောင်းဆိုထားသည်။
ref-the voice
>>Zawgyi<<
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ရေးပြစ်မှု ကျူးလွန်ခဲ့သည့် မြန်မာအကျဉ်းသား ၂ ဦး တရုတ်နိုင်ငံ ဟူပေထောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရ
Friday , March 6 , 2020
မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ရေးပြစ်မှု ကျူးလွန်ခဲ့သည့် မြန်မာအကျဉ်းသား ၂ ဦး တရုတ်နိုင်ငံ ဟူပေထောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရကြောင်း မြန်မာသံရုံး(ပေကျင်း)က မတ် ၅ ရက်တွင် ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါခံစားနေရသည့်အတွက် ၎င်းတို့နှစ်ဦးကို Mobile Cabin ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုများ ခံယူနေရ၍ ဆေးရုံမှဆင်းခွင့်မရသေးကြောင်း ၎င်းသံရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဟူပေပြည်နယ် အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနသည် သက်ဆိုင်ရာတရားဥပဒေသတ်မှတ်ချက်များ ၊ နိုင်ငံတကာ စာချုပ်သတ်မှတ်ချက်များအရ တရားခံများကို စနစ်တကျထိန်းသိမ်းစီမံခန့်ခွဲခြင်းများကို ဆောင်ရွက်နေသလို မြန်မာနိုင်ငံသားဟုဆိုသူ ၂ ဦးကိုလည်း ၎င်းတို့၏ ဓလေ့ထုံးစံ စားဝတ်နေရေးအမူအကျင့်များနှင့် လျော်ညီမှုရှိစေရန် ကူညီထောက်ပံ့ပေးထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ ပြည်နယ်နှင့်မြူနီစပယ် ၁၈ ခုတွင် တရားမဝင်မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ၊ပြစ်ဒဏ်ကျခံနေရသည့် မြန်မာသင်္ဘောသား ၆၃ ဦးလည်းရှိနေသေးပြီး ၎င်းတို့ကိုထားရှိသည့် အကျဉ်းစခန်း ၁၈ ခုတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိသေးပဲ ကျန်းမာရေးကောင်းမွန်ကြသည်ဟု မြန်မာသံရုံးက ထုတ်ပြန်ခဲ့သေးသည်။

မြန်မာသံရုံးအနေဖြင့် လက်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ြပန့့်ပွားမှုအခြေအနေကြောင့် တရုတ်နိုင်ငံရှိ အကျဉ်းထောင် အကျဉ်းစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာနိုင်ငံသားများကို နေရေးစားရေး ၊ ကျန်းမာရေးတို့ကို ဂရုပြုပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုတို့အရ လျော့ပေါ့စဉ်းစားပေးရန် ၊ဖြစ်နိုင်လျှင် ပြစ်ဒဏ်မှလွတ်ကင်းခွင့်ပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပေးပို့တောင်းဆိုထားသည်။
ref-the voice

0 comments:

Post a Comment