Tuesday, March 10, 2020

ယနေ့ လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒမဲပေးမှုများအား နိုင်ငံရေးအင်အားစုများမှ ပြည်ထောင်စုလွှတ်တော် အနီး၌လာရောက် ဝန်းရံ

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း နိုင်ငံရေးအင်အားစုများ၊ အမျိုးသားရေးအဖွဲ့ များ စုပေါင်းပြီး ယနေ့ နေ့လညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်အနီး၌ လာရောက်ဝန်းရံကြကြောင်း သိရသည်။

အဆိုပါ လာရောက်ဝန်းရံသူများသည် “ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ရပ်တည်ချက်ကို ထောက်ခံလို့ လာရောက်ကြတာဖြစ်ပြီး တပ်မတော်ရဲ့နောက်မှာ ပြည်သူတွေရှိပါတယ်”ဟု ထောက်ခံပွဲဦးဆောင်သူက ပြောကြားခဲ့သည်။
လက်ရှိတွင် မတ်(၁၀)ရက်နေ့ ယနေ့၌ ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)နှင့် သက်ဆိုင်သည့် ဥပဒေ ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်နေဆဲဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)၌ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ(၁၄)ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့ စည်းပုံ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
Image may contain: one or more people, basketball court and outdoor
Image may contain: one or more people, people standing, crowd and outdoor
Image may contain: one or more people
Image may contain: one or more people and people standing
Ref : Pyidaungsu Hluttaw #Myanmar_Online_News
>>Zawgyi<<
ယနေ့ လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒမဲပေးမှုများအား နိုင်ငံရေးအင်အားစုများမှ ပြည်ထောင်စုလွှတ်တော် အနီး၌လာရောက် ဝန်းရံ
Tuesday, March 10, 2020

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း နိုင်ငံရေးအင်အားစုများ၊ အမျိုးသားရေးအဖွဲ့ များ စုပေါင်းပြီး ယနေ့ နေ့လညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်အနီး၌ လာရောက်ဝန်းရံကြကြောင်း သိရသည်။
အဆိုပါ လာရောက်ဝန်းရံသူများသည် “ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ရပ်တည်ချက်ကို ထောက်ခံလို့ လာရောက်ကြတာဖြစ်ပြီး တပ်မတော်ရဲ့နောက်မှာ ပြည်သူတွေရှိပါတယ်”ဟု ထောက်ခံပွဲဦးဆောင်သူက ပြောကြားခဲ့သည်။
လက်ရှိတွင် မတ်(၁၀)ရက်နေ့ ယနေ့၌ ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)နှင့် သက်ဆိုင်သည့် ဥပဒေ ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်နေဆဲဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)၌ အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ(၁၄)ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့ စည်းပုံ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
Ref : Pyidaungsu Hluttaw #Myanmar_Online_News

0 comments:

Post a Comment