Tuesday, March 10, 2020

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူ ၉၇၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုကြမည်

Image may contain: text
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးမှ အခြေခံကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် အပြင်ကျောင်းသားကျောင်းသူများ အပါအဝင်စာရင်းသွင်း စုစုပေါင်း ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဘာသာတွဲ(၈) မျိုးဖြင့် စာမေးပွဲကိုကျင်းပမည်ဖြစ်ရာ ဘာသာရပ်အလိုက်ဖြေဆိုကြမည့် စာရင်းသွင်းကျောင်းသား ကျောင်းသူဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲတွင် ၅၈၂၁၄၉ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဗေဒဘာသာတွဲတွင် ၁၇၃၂၀၅ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် ၁၀ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် တစ်ဦး။
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊သမိုင်း ဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာ တွဲတွင် ၂၁၁၁၂၄ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲတွင် ၃၁၈၅ ဦး စုစုပေါင်း ၉၇၀၂၁၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
စိတ်ကြိုက်မြန်မာစာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူမှာ ၁၁ ဦး ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပြီးခဲ့သည့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ နည်းပါးပြီးအများဆုံး သုံးဦးသာရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည် ။
ယခုနှစ်တွင်စာစစ်ဌာနများကိုတိုးချဲ့ ဖွင့်လှစ်ထားပြီး စာစစ်ဌာန ၁၉၉၉ ခုရှိကြောင်း ယမန်နှစ် က ၁၈၈၆ ခုရှိရာမှ ယခုနှစ်တွင်စာစစ်ဌာန ၁၀၀ ကျော် တိုးလာကြောင်းသိရှိရသည်။ အကျဉ်းဦးစီး စာဖြေဌာနမှာ ၁၀ ခုရှိကြောင်း သိရှိရသည်။
အကျဉ်းဦးစီးစာစစ်ဌာနမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများမှာ ၁၈၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာနမှ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသားကျောင်းသူ ၁၆၀ ကျော်ရှိကာ မန္တလေးအကျဉ်းဦးစီး ဌာနမှစာသူအများ ဆုံးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်တွင် သင်္ချာ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊ မတ် ၁၈ ရက်တွင် ဇီဝဗေဒ/ ဘောဂ ဗေဒဘာသာရပ်၊ မတ် ၁၉ ရက်တွင် ပထဝီဝင်ဘာသာရပ်၊ မတ် ၂၀ ရက်တွင်သမိုင်းဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing
သတင်း - အောင်သူရ
Ref : MDN

>>Zawgyi<<
၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူ ၉၇၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုကြမည်
Tuesday, March 10, 2020

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးမှ အခြေခံကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် အပြင်ကျောင်းသားကျောင်းသူများ အပါအဝင်စာရင်းသွင်း စုစုပေါင်း ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။ ။
ဘာသာတွဲ(၈) မျိုးဖြင့် စာမေးပွဲကိုကျင်းပမည်ဖြစ်ရာ ဘာသာရပ်အလိုက်ဖြေဆိုကြမည့် စာရင်းသွင်းကျောင်းသား ကျောင်းသူဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲတွင် ၅၈၂၁၄၉ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဗေဒဘာသာတွဲတွင် ၁၇၃၂၀၅ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် ၁၀ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲတွင် တစ်ဦး။
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊သမိုင်း ဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာ တွဲတွင် ၂၁၁၁၂၄ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲတွင် ၃၁၈၅ ဦး စုစုပေါင်း ၉၇၀၂၁၅ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
စိတ်ကြိုက်မြန်မာစာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူမှာ ၁၁ ဦး ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပြီးခဲ့သည့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ နည်းပါးပြီးအများဆုံး သုံးဦးသာရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည် ။
ယခုနှစ်တွင်စာစစ်ဌာနများကိုတိုးချဲ့ ဖွင့်လှစ်ထားပြီး စာစစ်ဌာန ၁၉၉၉ ခုရှိကြောင်း ယမန်နှစ် က ၁၈၈၆ ခုရှိရာမှ ယခုနှစ်တွင်စာစစ်ဌာန ၁၀၀ ကျော် တိုးလာကြောင်းသိရှိရသည်။ အကျဉ်းဦးစီး စာဖြေဌာနမှာ ၁၀ ခုရှိကြောင်း သိရှိရသည်။
အကျဉ်းဦးစီးစာစစ်ဌာနမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများမှာ ၁၈၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာနမှ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသားကျောင်းသူ ၁၆၀ ကျော်ရှိကာ မန္တလေးအကျဉ်းဦးစီး ဌာနမှစာသူအများ ဆုံးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာဘာသာရပ်၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်တွင် သချင်္ာ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊ မတ် ၁၈ ရက်တွင် ဇီဝဗေဒ/ ဘောဂ ဗေဒဘာသာရပ်၊ မတ် ၁၉ ရက်တွင် ပထဝီဝင်ဘာသာရပ်၊ မတ် ၂၀ ရက်တွင်သမိုင်းဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - အောင်သူရ
Ref : MDN

0 comments:

Post a Comment