Tuesday, March 3, 2020

မီးပေါ့ဆမှုကြောင့် ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းရေယာဉ်တစ်စီးနှင့် ငါးသယ်ယူသည့်ရေယာဉ်တစ်စီး မီးလောင်ကျွမ်း လူထိခိုက်မှုမရှိ

Image may contain: fire and outdoor

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ယခုလ ၃ရက်နေ့ ညနေ ၇နာရီအချိန်ခန့်က ဦးကြည်မိုး၏ အလုပ်ရုံဆိပ်ကမ်းတွင် ဆိပ်ကပ်ထားသော ငါးဖမ်းရေယာဉ်တစ်စီး နှင့်ငါးသယ်ယူသည့်ရေယာဉ်တစ်စီး မီးပေါ့ဆရာကတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် အရာရှိစစ်သည်များပါဝင်သော မီးသတ်ကားအဖွဲ့နှင့် ဟိုင်းကြီးကျွန်းမြို့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းငြိမ်းသတ် မှုကြောင့် ည ၉နာရီခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းခဲ့သောရေယာဉ်နှစ်စီးမှာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဒေသခံဦးကြည် မိုး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား၂၉ပေ၊ အနံ၁၃ပေ၊ ရေစူး ၅ပေ၊ ၄၁၀၂ နံပတ်ပါ တရုတ်အင်ဂျင် လေးလုံးထိုးတပ်ဆင်ထားသည့် ရန်မျိုးအောင် အမည်ရှိ ငါးသယ်ယူသည့်ရေယာဉ်(ငါးကဲ့လှေ) နှင့် မြိတ်မြို့၊ ကမ်းနားလမ်းနေ ဦးတင်ဘီး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား ၇၂ပေ၊ အနံ ၁၈ပေ၊ ရေစူး ၈ပေ၊ EK- 6 အင်ဂျင်တပ်ဆင်ထားသည့် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ် တို့ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်၏ အစောင့်ဖြစ်သူက သောက် လက်စ ဆေးလိပ်တိုကို ၎င်းရေယာဉ်စက်ခန်း၏ အနောက်ဖက်တွင်ရှိသော ဂက်(စ်)အိုးများ အနီးတွင် ပေါ့ဆပြီးထားခဲ့ကာ ရန်မျိုးအောင်ရေယာဉ်မှ အစောင့်ဖြစ်သူနှင့်အတူ ရပ်ကွက်အတွင်းသွားလာနေစဉ် ဂက်(စ်)အိုးပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ရန်မျိုးအောင် ငါးသယ်ရေယာဉ်မှာ ရေယာဉ်တစ်စီးလုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်မှာ အမိုးများအားလုံးနှင့် ရေယာဉ်ကိုယ်ထည် တချို့မီးလောင်ကျွမ်း ခဲ့ကာ လူထိခိုက်မှုမရှိကြောင်းသိရှိရသည်။ ရေယာဉ်နှစ်စီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ကာလ တန်ဖိုး ငွေကျပ်ခြောက်သိန်းခုနှစ်သောင်းငါးထောင်ခန့်(၆၇၅၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆသူ ဖြိုးကျော်ကျော် (၉)ရေယာဉ်၏ အစောင့်ဖြစ်သူ မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်၊ ဗန္ဓုလလမ်းနေ၊ ကျော်သူလွင်အား ဟိုင်းကြီး ကျွန်းနယ်မြေရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Image may contain: ocean, sky, cloud and outdoor
Image may contain: one or more people, fire, night and outdoor
Image may contain: one or more people and outdoor

Crd : Hainggyikyun #Myanmar_Online_News
>>Zawgyi<<
မီးပေါ့ဆမှုကြောင့် ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းရေယာဉ်တစ်စီးနှင့် ငါးသယ်ယူသည့်ရေယာဉ်တစ်စီး မီးလောင်ကျွမ်း လူထိခိုက်မှုမရှိ
Wednesday, March 4 , 2020

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ယခုလ ၃ရက်နေ့ ညနေ ၇နာရီအချိန်ခန့်က ဦးကြည်မိုး၏ အလုပ်ရုံဆိပ်ကမ်းတွင် ဆိပ်ကပ်ထားသော ငါးဖမ်းရေယာဉ်တစ်စီး နှင့်ငါးသယ်ယူသည့်ရေယာဉ်တစ်စီး မီးပေါ့ဆရာကတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် အရာရှိစစ်သည်မြားပါဝငျသော မီးသတျကားအဖှဲ့နှငျ့ ဟိုငျးကွီးကြှနျးမွို့၊ မီးသတျဦးစီးဌာနမှ မီးသတျဝနျထမျးမြား၊ နယျမွခေံရဲတပျဖှဲ့ဝငျမြား၏ ဝိုငျးဝနျးငွှိမျးသတျ မှုကွောငျ့ ည ၉နာရီခနျ့တှငျ မီးငွှိမျးသှားခဲ့ကွောငျး သိရှိရသညျ။
မီးလောင်ကျွမ်းခဲ့သောရေယာဉ်နှစ်စီးမှာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဒေသခံဦးကြည် မိုး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား၂၉ပေ၊ အနံ၁၃ပေ၊ ရေစူး ၅ပေ၊ ၄၁၀၂ နံပတ်ပါ တရုတ်အင်ဂျင် လေးလုံးထိုးတပ်ဆင်ထားသည့် ရန်မျိုးအောင် အမည်ရှိ ငါးသယ်ယူသည့်ရေယာဉ်(ငါးကဲ့လှေ) နှင့် မြိတ်မြို့၊ ကမ်းနားလမ်းနေ ဦးတင်ဘီး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား ၇၂ပေ၊ အနံ ၁၈ပေ၊ ရေစူး ၈ပေ၊ EK- 6 အင်ဂျင်တပ်ဆင်ထားသည့် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ် တို့ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်၏ အစောင့်ဖြစ်သူက သောက် လက်စ ဆေးလိပ်တိုကို ၎င်းရေယာဉ်စက်ခန်း၏ အနောက်ဖက်တွင်ရှိသော ဂက်(စ်)အိုးများ အနီးတွင် ပေါ့ဆပြီးထားခဲ့ကာ ရန်မျိုးအောင်ရေယာဉ်မှ အစောင့်ဖြစ်သူနှင့်အတူ ရပ်ကွက်အတွင်းသွားလာနေစဉ် ဂက်(စ်)အိုးပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ရန်မျိုးအောင် ငါးသယ်ရေယာဉ်မှာ ရေယာဉ်တစ်စီးလုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်မှာ အမိုးများအားလုံးနှင့် ရေယာဉ်ကိုယ်ထည် တချို့မီးလောင်ကျွမ်း ခဲ့ကာ လူထိခိုက်မှုမရှိကြောင်းသိရှိရသည်။ ရေယာဉ်နှစ်စီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ကာလ တန်ဖိုး ငွေကျပ်ခြောက်သိန်းခုနှစ်သောင်းငါးထောင်ခန့်(၆၇၅၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆသူ ဖြိုးကျော်ကျော် (၉)ရေယာဉ်၏ အစောင့်ဖြစ်သူ မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်၊ ဗန္ဓုလလမ်းနေ၊ ကျော်သူလွင်အား ဟိုင်းကြီး ကျွန်းနယ်မြေရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Crd : Hainggyikyun #Myanmar_Online_News

0 comments:

Post a Comment