Tuesday, March 3, 2020

ယနေ့ မော်လူးတွင် လှုပ်ခတ်ခဲ့သောကြောင့် ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အဦ အချို့ပျက်စီး

Image may contain: outdoor
ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသတွင် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ် ငလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သာသနိက အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

မော်လူးဒေသ ဖုန်ကုန်းတောင်ရှိ ရန်အောင်မြင် မဂ်လာကျောင်း မြောက်ဘက်မုဒ်ဦးပြိုကျခြင်း၊ ဓမ္မာရုံ ဘုရားခန်း အဂ်တေမျာကွာကျခြင်း၊၎င်းရွာဝင်တံတား မြေနိမ့်ကျခြင်းများဖြစ်ခဲ့သည်။
ယင်းအပြင် ပဲခူးကျေးရွာအုပ်စု သရင်းသာရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျခြင်းများဖြစ်ခဲ့သည်။
မော်လူးမြို့ပေါ် မင်းသီရိရပ်ကွက်ရှိ ဒီပက်ရာ ဘုရားဝင်း တွမ်းချက်ဆောင် အက်ကွဲခြင်း၊နဂါးရုံဘုရားမုခ်ဦးပြိုကျခြင်း များဖြစ်ခဲ့သည်။
"ငလျင်က သိသိသာသာတော် ခံစားမိလိုက်တယ်၊တဒိတ်ဒိတ်နဲ့ ဆယ်ချက်လောက်လှုပ်သွားတာ၊ " ဟု
မော်လူးဒေသခံ ကိုဝင်းရွှေ ကပြောသည်။

စစ်ကိုင်းတိုင်း ကသာမြို့အနောက်မြောက်ဘက် ၂၁ မိုင်အကွာကိုဗဟိုပြု၍ အင်အား ရစ်ခ်စတာစကေး ၅ အဆင့်ရှိ အင်အားအသင့်အတင့်ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုး/ဇလ ဌာန မှ သတင်းထုတ်ပြန်ထားသည်။
"အပျက်အစီးဖြစ်တဲ့နေရာတွေကို ကူညီရှင်းလင်းပေးဖို့မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က မီးသတ်တွေနဲ့ သွားနေပါတယ်၊လူ တွေ တိရစ္ဆာန်တွေ နေအိမ်တွေထိခိုက်မှုမရှိဘူး "ဟု အင်းတော်မြို့နယ် ထွေအုပ် ဒုဦစီးမှူး ဦးစိုးထိန်ဝင်း က မုံရွာဂေဇက် သို့ ပြောသည်။
အခြားသော ပျက်စီးထိခိုက်မှုများရှိ၊မရှိကို မုံရွာဂေဇက်မှ ထပ်မံစုံစမ်း နေသည်။
No photo description available.
Image may contain: outdoor
No photo description available.
Image may contain: sky, outdoor and nature
Image may contain: outdoor
No photo description available.
No photo description available.
ဓာတ်ပုံ-ကိုချိတ် Ref : MonywaGazette
>>Zawgyi<<
ယနေ့ မော်လူးတွင် လှုပ်ခတ်ခဲ့သောကြောင့် ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အဦ အချို့ပျက်စီး
Wednesday, March 4 , 2020

ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသတွင် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ် ငလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သာသနိက အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သတင်းရရှိသည်။
မော်လူးဒေသ ဖုန်ကုန်းတောင်ရှိ ရန်အောင်မြင် မဂ်လာကျောင်း မြောက်ဘက်မုဒ်ဦးပြိုကျခြင်း၊ ဓမ္မာရုံ ဘုရားခန်း အဂ်တေမျာကွာကျခြင်း၊၎င်းရွာဝင်တံတား မြေနိမ့်ကျခြင်းများဖြစ်ခဲ့သည်။
ယင်းအပြင် ပဲခူးကျေးရွာအုပ်စု သရင်းသာရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျခြင်းများဖြစ်ခဲ့သည်။
မော်လူးမြို့ပေါ် မင်းသီရိရပ်ကွက်ရှိ ဒီပက်ရာ ဘုရားဝင်း တွမ်းချက်ဆောင် အက်ကွဲခြင်း၊နဂါးရုံဘုရားမုခ်ဦးပြိုကျခြင်း များဖြစ်ခဲ့သည်။
"ငလျင်က သိသိသာသာတော် ခံစားမိလိုက်တယ်၊တဒိတ်ဒိတ်နဲ့ ဆယ်ချက်လောက်လှုပ်သွားတာ၊ " ဟု
မော်လူးဒေသခံ ကိုဝင်းရွှေ ကပြောသည်။

စစ်ကိုင်းတိုင်း ကသာမြို့အနောက်မြောက်ဘက် ၂၁ မိုင်အကွာကိုဗဟိုပြု၍ အင်အား ရစ်ခ်စတာစကေး ၅ အဆင့်ရှိ အင်အားအသင့်အတင့်ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုး/ဇလ ဌာန မှ သတင်းထုတ်ပြန်ထားသည်။
"အပျက်အစီးဖြစ်တဲ့နေရာတွေကို ကူညီရှင်းလင်းပေးဖို့မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က မီးသတ်တွေနဲ့ သွားနေပါတယ်၊လူ တွေ တိရစ္ဆာန်တွေ နေအိမ်တွေထိခိုက်မှုမရှိဘူး "ဟု အင်းတော်မြို့နယ် ထွေအုပ် ဒုဦစီးမှူး ဦးစိုးထိန်ဝင်း က မုံရွာဂေဇက် သို့ ပြောသည်။
အခြားသော ပျက်စီးထိခိုက်မှုများရှိ၊မရှိကို မုံရွာဂေဇက်မှ ထပ်မံစုံစမ်း နေသည်။
ဓာတ်ပုံ-ကိုချိတ် Ref : MonywaGazette

0 comments:

Post a Comment