Monday, March 16, 2020

မတ် ၂၃ တွင် အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား လူငယ် ၄၅ ဦးဖြင့် စမ်းသပ်သုံးစွဲမှု ပြုလုပ်မည်


Image may contain: one or more people and text

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ေဆး ပထမဆုံးအကြိမ် စမ်းသပ်မှုအား ကျန်းမာရေးကောင်းမွန်သော လူငယ် ၄၅ ဦးဖြင့် မတ်လ၂၃ ရက် တနင်္လာနေ့ တွင် စတင်စမ်းသပ် သုံးစွဲမည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုနမူနာစမ်းသပ်မှုအား အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးဌာနက ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ဆီယက်တဲလ်ရှိ ကျန်းမာရေးသုတေသန အဖွဲ့အစည်းတစ်ခုက စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။

ယခုသတင်းအား အစိုးရက အများပြည်သူသို့ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးသဖြင့်သတင်း ပေးသူအရာရှိ၏ အမည်အား ဖော်ပြနိုင်ခြင်းမရှိကြောင်း အေပီသတင်းတွင် ရေးသားထားသည်။

စမ်းသပ်မှုအား ကျန်းမာရေးကောင်းမွန်သော လူငယ် ၄၅ ဦးဖြင့် ပြုလုပ်မည်ဖြစ်သည်။ ၎င်းလူငယ်များအား အမျိုးသားကျန်းမာရေးဌာနနှင့် မော်ဒန်နာကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော ဆေးများဖြင့် စမ်းသပ်မည်ဖြစ်သည်။

သို့သော်လည်း အစမ်းသပ်ခံလူငယ်များအနေဖြင့် ရောဂါကူးစက်မှု ခံရမည်မဟုတ်ပေ။ ထိုးဆေး၏ ဘေးထွက်ဆိုးကျိုးများကို စမ်းသပ်ပြီး ထိုမှတစ်ဆင့် ပိုမိုများပြားသော လူဦးရေဖြင့် စမ်းသပ်သုံးစွဲမှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။

သုတေသနကုမ္ပဏီအများအပြားသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ေဆး ထုတ်လုပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။ အချို့ကုမ္ပဏီများသည်လည်း တစ်သက်တာကာကွယ်ဆေး မဟုတ်လျှင်တောင် တစ်လ (သို့မဟုတ်) နှစ်လ အစရှိသဖြင့် ယာယီကာကွယ်နိုင်သည့် ဆေးဝါးများ ထုတ်လုပ်နိုင်အောင် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်

အမှန်တကယ် ထိရောက်သော ကာကွယ်ဆေးထုတ်လုပ်ရန်အတွက်မူ တစ်နှစ်မှ ၁၈ လအထိ ကြာမြင့်နိုင်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားထားသည်။

သမ္မတဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်ဆုံး ထုတ်လုပ်နိုင်ရေးအတွက် တိုက်တွန်းလျက်ရှိပြီး များမကြာမီ ကာကွယ်ဆေးတစ်မျိုးမျိုး ရရှိလာမည်ဟု မျှော်လင့်ထားကြောင့် ပြောကြားထားသည်။

အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် မတ်လ ၁၆ ရက်နေ့ အစောပိုင်းအထိ ကူးစက်မှု စုစုပေါင်း ၃၇၀၀ ခန့်နှင့် သေဆုံးသူ ၆၉ ဦးရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိထားသော နိုင်ငံပေါင်း ၁၄၆ နိုင်ငံ ရှိသွားပြီဖြစ်သည်။ ထိုနိုင်ငံများ၌ စုစုပေါင်း ကူးစက်မှု ၁၆၄,၈၃၇ နှင့် သေဆုံးသူ ၆,၄၇၀ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
Source-AP News

မတ် ၂၃ တွင် အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား လူငယ် ၄၅ ဦးဖြင့် စမ်းသပ်သုံးစွဲမှု ပြုလုပ်မည်

Monday, March 16, 2020
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံးအကွိမျ စမျးသပျမှုအား ကနြျးမာရေးကောငျးမှနျသော လူငယျ ၄၅ ဦးဖွငျ့ မတျလ၂၃ ရကျ တနငျ်လာနေ့ တှငျ စတငျစမျးသပျ သုံးစှဲမညျဟု အမရေိကနျအစိုးရအရာရှိတစျဦးက ပြောကြားကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုနမူနာစမ်းသပ်မှုအား အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးဌာနက ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ဆီယက်တဲလ်ရှိ ကျန်းမာရေးသုတေသန အဖွဲ့အစည်းတစ်ခုက စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။

ယခုသတင်းအား အစိုးရက အများပြည်သူသို့ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးသဖြင့်သတင်း ပေးသူအရာရှိ၏ အမည်အား ဖော်ပြနိုင်ခြင်းမရှိကြောင်း အေပီသတင်းတွင် ရေးသားထားသည်။

စမ်းသပ်မှုအား ကျန်းမာရေးကောင်းမွန်သော လူငယ် ၄၅ ဦးဖြင့် ပြုလုပ်မည်ဖြစ်သည်။ ၎င်းလူငယ်များအား အမျိုးသားကျန်းမာရေးဌာနနှင့် မော်ဒန်နာကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော ဆေးများဖြင့် စမ်းသပ်မည်ဖြစ်သည်။

သို့သော်လည်း အစမ်းသပ်ခံလူငယ်များအနေဖြင့် ရောဂါကူးစက်မှု ခံရမည်မဟုတ်ပေ။ ထိုးဆေး၏ ဘေးထွက်ဆိုးကျိုးများကို စမ်းသပ်ပြီး ထိုမှတစ်ဆင့် ပိုမိုများပြားသော လူဦးရေဖြင့် စမ်းသပ်သုံးစွဲမှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။


အမှန်တကယ် ထိရောက်သော ကာကွယ်ဆေးထုတ်လုပ်ရန်အတွက်မူ တစ်နှစ်မှ ၁၈ လအထိ ကြာမြင့်နိုင်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားထားသည်။

သမ္မတဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်ဆုံး ထုတ်လုပ်နိုင်ရေးအတွက် တိုက်တွန်းလျက်ရှိပြီး များမကြာမီ ကာကွယ်ဆေးတစ်မျိုးမျိုး ရရှိလာမည်ဟု မျှော်လင့်ထားကြောင့် ပြောကြားထားသည်။

အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် မတ်လ ၁၆ ရက်နေ့ အစောပိုင်းအထိ ကူးစက်မှု စုစုပေါင်း ၃၇၀၀ ခန့်နှင့် သေဆုံးသူ ၆၉ ဦးရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိထားသော နိုင်ငံပေါင်း ၁၄၆ နိုင်ငံ ရှိသွားပြီဖြစ်သည်။ ထိုနိုင်ငံများ၌ စုစုပေါင်း ကူးစက်မှု ၁၆၄,၈၃၇ နှင့် သေဆုံးသူ ၆,၄၇၀ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
Source-AP News
>>Zawgyi<<

0 comments:

Post a Comment