Monday, March 16, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

Image may contain: one or more people, people sitting and indoor

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော် မတီ အစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးများနှင့် ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ-

နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံခြား ခရီးစဉ်ဆိုင်ရာကိစ္စများ ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ တိုင်းရင်းသားဘာသာစကားပေါင်းစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရေး၊ သက်ဆိုင်ရာ မြန်မာသံရုံးများကတစ်ဆင့် ပြည်ပရောက် တိုင်းရင်းသားများအတွက် ဖြန့်ဝေအသိပေးနိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး၊ ဘာသာရေး အခမ်းအနားများနှင့် ပတ်သက်၍ ညွှန်ကြားလွှာများ၊ ပန်ကြားချက်များ ထုတ်ပြန်ရေး၊ သက်ဆိုင်ရာဒေသအလိုက် ကျင်းပသော ဘုရားပွဲတော်များဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးသင်တန်းများ၊ အဘိဓမ္မာ သင်တန်းများ၊ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများကို ရပ်ဆိုင်းစဉ်ကာလတွင် ရုပ်မြင်သံကြား၊ အင်တာနက် စာမျက်နှာများမှ တစ်ဆင့် ထုတ်လွှင့်နိုင်ရေး၊ တရားအားထုတ် လိုသူများအတွက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးရေး၊ သင်္ကြန်ကာလတွင် ပြည်သူများ မိမိတို့အိမ်တွင်ပင် ဂီတ အနုပညာ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်ရေး၊ ဆရာ၊ ဆရာမများကို နွေရာသီသင်တန်းများအား ခေတ်မီနည်းပညာ (ICT) များဖြင့် Online မှတစ်ဆင့် အဝေးရောက် သင်ကြားနိုင်ရေး၊ Quarantine လုပ်ရခြင်း၏ အကျိုးကို သိရှိစေရေးနှင့် Quarantine လုပ်ခံရသူများ အဆင်ပြေစေရေး၊ အကျဉ်းထောင်များတွင် ထောင်ဝင်စာ လာတွေ့သည့်ကိစ္စရပ်များ၊ သက်ကြီးဘိုးဘွားရိပ်သာများသို့ ပြင်ပပုဂ္ဂိုလ်များ လာရောက်တွေ့ဆုံသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါကြောင့် စီးပွားရေး နယ်ပယ်တွင် ထိခိုက်နိုင်သည့် ကိစ္စရပ်များ၊ လယ်ယာထွက်ကုန်များအတွက် ဈေးကွက်အသစ် ရှာဖွေရေး၊ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရေး၊ အတိုးနှုန်းလျှော့ချရေးနှင့် အထိခိုက်နိုင်ဆုံး လုပ်ငန်းနယ်ပယ်များကို ဦးစားပေး ရွေးချယ်၍ SME များကို ထောက်ပံ့ပေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စက်မှုဇုန်များ အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် အဟန့်အတားများကို ဖော်ထုတ်ရှာဖွေ ဖြေရှင်းရေးတို့အား တင်ပြဆွေးနွေး ကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က တင်ပြချက်များအပေါ်ဆုံးဖြတ်လမ်းညွှန်မှုများ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
Source-MSCO #Myanmar_Online_News
>>Zawgyi<<
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေး တက်ရောက်အမှာစကားပြောကြား
Monday, March 16, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော် မတီ အစည်းအဝေးကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးများနှင့် ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ-

နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံခြား ခရီးစဉ်ဆိုင်ရာကိစ္စများ ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ တိုင်းရင်းသားဘာသာစကားပေါင်းစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးရေး၊ သက်ဆိုင်ရာ မြန်မာသံရုံးများကတစ်ဆင့် ပြည်ပရောက် တိုင်းရင်းသားများအတွက် ဖြန့်ဝေအသိပေးနိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေး၊ ဘာသာရေး အခမ်းအနားများနှင့် ပတ်သက်၍ ညွှန်ကြားလွှာများ၊ ပန်ကြားချက်များ ထုတ်ပြန်ရေး၊ သက်ဆိုင်ရာဒေသအလိုက် ကျင်းပသော ဘုရားပွဲတော်များဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးသင်တန်းများ၊ အဘိဓမ္မာ သင်တန်းများ၊ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများကို ရပ်ဆိုင်းစဉ်ကာလတွင် ရုပ်မြင်သံကြား၊ အင်တာနက် စာမျက်နှာများမှ တစ်ဆင့် ထုတ်လွှင့်နိုင်ရေး၊ တရားအားထုတ် လိုသူများအတွက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးရေး၊ သင်္ကြန်ကာလတွင် ပြည်သူများ မိမိတို့အိမ်တွင်ပင် ဂီတ အနုပညာ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်ရေး၊ ဆရာ၊ ဆရာမများကို နွေရာသီသင်တန်းများအား ခေတ်မီနည်းပညာ (ICT) များဖြင့် Online မှတစ်ဆင့် အဝေးရောက် သင်ကြားနိုင်ရေး၊ Quarantine လုပ်ရခြင်း၏ အကျိုးကို သိရှိစေရေးနှင့် Quarantine လုပ်ခံရသူများ အဆင်ပြေစေရေး၊ အကျဉ်းထောင်များတွင် ထောင်ဝင်စာ လာတွေ့သည့်ကိစ္စရပ်များ၊ သက်ကြီးဘိုးဘွားရိပ်သာများသို့ ပြင်ပပုဂ္ဂိုလ်များ လာရောက်တွေ့ဆုံသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါကြောင့် စီးပွားရေး နယ်ပယ်တွင် ထိခိုက်နိုင်သည့် ကိစ္စရပ်များ၊ လယ်ယာထွက်ကုန်များအတွက် ဈေးကွက်အသစ် ရှာဖွေရေး၊ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရေး၊ အတိုးနှုန်းလျှော့ချရေးနှင့် အထိခိုက်နိုင်ဆုံး လုပ်ငန်းနယ်ပယ်များကို ဦးစားပေး ရွေးချယ်၍ SME များကို ထောက်ပံ့ပေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စက်မှုဇုန်များ အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် အဟန့်အတားများကို ဖော်ထုတ်ရှာဖွေ ဖြေရှင်းရေးတို့အား တင်ပြဆွေးနွေး ကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က တင်ပြချက်များအပေါ်ဆုံးဖြတ်လမ်းညွှန်မှုများ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
Source-MSCO #Myanmar_Online_News

0 comments:

Post a Comment