Saturday, March 7, 2020

တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူများသီးသန့်ခွဲထားသော ဟိုတယ်ပြိုကျမှု လူ ၄၀ ကျော် ပြန်ကယ်ထုတ်ထားနိုင်


Image may contain: one or more people
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်တဲ့ အဆောက်အအုံအဖြစ် အသုံးပြုနေတဲ့ ဟိုတယ်တစ်လုံး ယမန်နေ့က ပြိုကျမှု ဖြစ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ လူ ၄၀ ကျော်ကို ပြန်လည် ကယ်ထုတ်ထားနိုင်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ဒီ အဆောက်အအုံ ပြိုကျပြီးနောက် ကနဦးပိုင်းမှာ လူ ၇၀ လောက် ပိတ်မိနေခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ကွမ်ကျိုးမြို့က အခန်း ၈၀ ပါ ရှင်းကျား ဟိုတယ် ပြိုကျပြီး ညတွင်းချင်းပဲ အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေ ကယ်ထုတ်နေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဓာတ်ပုံတွေလည်း အွန်လိုင်းပေါ် ချက်ချင်း ပျံ့နှံ့လာခဲ့ပါတယ်။

လက်ရှိအချိန်အထိ အပျက်အစီးပုံတွေထဲကနေ လူ ၄၃ ဦးအထိ ကယ်ထုတ်ထားနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြပါတယ်။ နောက်ထပ် လူဘယ်နှစ်ယောက် ပိတ်မိနေသေးတယ် ဆိုတာနဲ့ သေဆုံးသူ ရှိခဲ့သလားဆိုတာကိုတော့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

အဆောက်အအုံ ပြိုကျမှုဖြစ်ပြီးနောက် မီးသတ်သမား ၈၀၀ လောက် ယင်းနေရာကို ချက်ချင်းသွားရောက်ကူညီကယ်ဆယ်ေပးလျက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
Source - mizzima
<zawgyi>
တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ သူများသီးသန့်ခွဲထားသော ဟိုတယ်ပြိုကျမှု လူ ၄၀ ကျော် ပြန်ကယ်ထုတ်ထားနိုင်
Sunday , March 8 , 2020

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်တဲ့ အဆောက်အအုံအဖြစ် အသုံးပြုနေတဲ့ ဟိုတယ်တစ်လုံး ယမန်နေ့က ပြိုကျမှု ဖြစ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ လူ ၄၀ ကျော်ကို ပြန်လည် ကယ်ထုတ်ထားနိုင်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ဒီ အဆောက်အအုံ ပြိုကျပြီးနောက် ကနဦးပိုင်းမှာ လူ ၇၀ လောက် ပိတ်မိနေခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ကွမ်ကျိုးမြို့က အခန်း ၈၀ ပါ ရှင်းကျား ဟိုတယ် ပြိုကျပြီး ညတွင်းချင်းပဲ အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေ ကယ်ထုတ်နေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဓာတ်ပုံတွေလည်း အွန်လိုင်းပေါ် ချက်ချင်း ပျံ့နှံ့လာခဲ့ပါတယ်။

လက်ရှိအချိန်အထိ အပျက်အစီးပုံတွေထဲကနေ လူ ၄၃ ဦးအထိ ကယ်ထုတ်ထားနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြပါတယ်။ နောက်ထပ် လူဘယ်နှစ်ယောက် ပိတ်မိနေသေးတယ် ဆိုတာနဲ့ သေဆုံးသူ ရှိခဲ့သလားဆိုတာကိုတော့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

အဆောက်အအုံ ပြိုကျမှုဖြစ်ပြီးနောက် မီးသတ်သမား ၈၀၀ လောက် ယင်းနေရာကို ချက်ချင်းသွားရောက်ကူညီကယ်ဆယ်ပေးလျက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
Source - mizzima

0 comments:

Post a Comment