Sunday, March 8, 2020

မြောင်းဘွေတံတားအနီးရှိ တပ်မတော်စစ်ကြောင်းတစ်ခုအား AA လက်နက်ကိုင် အကြမ်းဖက်အအဖွဲ့များ တိုက်ခိုက်ပြီး AA အဖွဲ့မှ လက်နက်ချ အလင်းဝင်ရောက်လာသူများရှိလာ


Image may contain: one or more people, outdoor and nature
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တောင်ပိုင်း မြောင်းဘွေတံတားအနီးရှိ တပ်မတော်စစ်ကြောင်းတစ်ခုအား AA လက်နက် ကိုင်အဖွဲ့များ မနက်(၃)နာရီမှစ၍ ဝင်ရောက်တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအယောင်ဆောင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တောင်ပိုင်း မြောင်းဘွေတံတားအနား ဖြတ်သန်းသွားသော တပ်မတော်စစ်ကြောင်းအား AA လက်နက်ကိုင်အဖွဲ့မှ ဘူးတလုံး ကုလားရွာ(ဒေသအခေါ်)အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ နှစ်ဘက်ညှပ်ကာ ပြန်လည်တိုက်ခိုက်သောကြောင့် AA လက်နက်ကိုင်အဖွဲ့များ ဒဏ်ရာရကျဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ မနေ့ညက AA ကအဖွဲ့တွေ ညဘက်ကြီးရောက်လာတယ်၊ ရွာလူကြီးခေါ်ပြီး ရွာသားတွေ အပြင်မထွက်ဖို့ သတင်းပေါက်တာနဲ့ သတ်မယ်ခြိမ်းခြောက်ထားလို့ ဘယ်သူမှမသွားရဲဘူး၊ မနက် (၃) နာရီကျော်ကျော်လောက်မှာ တိုက်ပွဲကဖြစ်တာ၊ ဖြစ်တာက သိပ်မကြာဘူး ရွာထဲကို ထမ်းစဉ်တွေနဲ့ ပြန်ရောက်လာကြတယ်၊ မနက်ကြတော့ လူနာတင်ကားတွေဖုန်းဆက်ခေါ်နေသံတော့ကြားတယ်၊ မြောင်းဘွေမှာ ဖြစ်နေတာက တစ်ပါတ်ရှိတော့မယ်၊ တစ်ချို့ဆို မြို့ပေါ်ကိုတက်ပြေးနေကြရပြီ တပ်မတော်စစ်ကြောင်းမှာလဲ လက်နက်ချတဲ့သူတွေရှိတယ် သေတာလဲမနဲဖူး ကျနော်တို့မြေမြှုပ်ပေးလိုက်ရတယ်” ဟု အမည်မဖော်လိုသူ မွတ်ဆလင်ရွာသားတစ်ဦးကပြောသည်။

ယခုအခါ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ဆန်စျေးများ တဟုန်တိုးတက်လာကာ နေရာတော်တော်များများမှာ AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက် နေသောကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှာ မိမိနေရပ်ကိုစဟွန့်ခွာ၍ ချင်းပြည်နယ် ထန်တလန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။
Source - BG Kyaw Oo
<zawgyi>
မြောင်းဘွေတံတားအနီးရှိ တပ်မတော်စစ်ကြောင်းတစ်ခုအား AA လက်နက်ကိုင် အကြမ်းဖက်အအဖွဲ့များ တိုက်ခိုက်ပြီး AA အဖွဲ့မှ လက်နက်ချ အလင်းဝင်ရောက်လာသူများရှိလာ
Sunday , March 8 , 2020

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တောင်ပိုင်း မြောင်းဘွေတံတားအနီးရှိ တပ်မတော် စစ်ကြောင်းတစ်ခုအား AA လက်နက်ကိုင်အဖွဲ့များ မနက်(၃)နာရီမှစ၍ ဝင်ရောက်တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအယောင်ဆောင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တောင်ပိုင်း မြောင်းဘွေတံတားအနား ဖြတ်သန်းသွားသော တပ်မတော်စစ်ကြောင်းအား AA လက်နက်ကိုင်အဖွဲ့မှ ဘူးတလုံး ကုလားရွာ(ဒေသအခေါ်)အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်မှ နှစ်ဘက်ညှပ်ကာ ပြန်လည်တိုက်ခိုက်သောကြောင့် AA လက်နက်ကိုင်အဖွဲ့များ ဒဏ်ရာရကျဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ မနေ့ညက AA ကအဖွဲ့တွေ ညဘက်ကြီးရောက်လာတယ်၊ ရွာလူကြီးခေါ်ပြီး ရွာသားတွေ အပြင်မထွက်ဖို့ သတင်းပေါက်တာနဲ့ သတ်မယ်ခြိမ်းခြောက်ထားလို့ ဘယ်သူမှမသွားရဲဘူး၊ မနက် (၃) နာရီကျော်ကျော်လောက်မှာ တိုက်ပွဲကဖြစ်တာ၊ ဖြစ်တာက သိပ်မကြာဘူး ရွာထဲကို ထမ်းစဉ်တွေနဲ့ ပြန်ရောက်လာကြတယ်၊ မနက်ကြတော့ လူနာတင်ကားတွေဖုန်းဆက်ခေါ်နေသံတော့ကြားတယ်၊ မြောင်းဘွေမှာ ဖြစ်နေတာက တစ်ပါတ်ရှိတော့မယ်၊ တစ်ချို့ဆို မြို့ပေါ်ကိုတက်ပြေးနေကြရပြီ တပ်မတော်စစ်ကြောင်းမှာလဲ လက်နက်ချတဲ့သူတွေရှိတယ် သေတာလဲမနဲဖူး ကျနော်တို့မြေမြှုပ်ပေးလိုက်ရတယ်” ဟု အမည်မဖော်လိုသူ မွတ်ဆလင်ရွာသားတစ်ဦးကပြောသည္။

ယခုအခါ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ဆန်စျေးများ တဟုန်တိုးတက်လာကာ နေရာတော်တော်များများမှာ AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက် နေသောကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှာ မိမိနေရပ်ကိုစဟွန့်ခွာ၍ ချင်းပြည်နယ် ထန်တလန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။
Source - BG Kyaw Oo

0 comments:

Post a Comment