Monday, March 9, 2020

မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့်ဒုံးကျည်များ ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ဖွယ်ရှိ

Image may contain: one or more people

မြောက်ကိုရီးယား နိုင်ငံသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန် ပင်လယ်ပြင်ဆီသို့ ပစ်လွှတ်ခဲ့ဟန်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး အဆိုပါဒုံးကျည်များသည် ဂျပန်၏ ရေကြောင်းအထူးစီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟု ခန့်မှန်းရကြောင်း အစိုးရအဖွဲ့က ပြောကြားထားသည်။

မြောက်ကိုရီးယားသည် မတ်လ ၉ ရက် နံနက် ၇ နာရီ ၃၄ မိနစ်နှင့် ၇ နာရီ ၃၅ မိနစ်တို့တွင် ဒုံးလက်နက် အများအပြားကို နိုင်ငံအရှေ့ဘက် ကမ်းခြေမှ ပစ်လွှတ်ခဲ့ကြောင်း အစိုးရ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒုံးကျည်များသည် အရှေ့ဘက် ကမ်းခြေ၏ကီလိုမီတာ ၁၀ဝ မှ ၂၀၀ ခန့်အထိရောက်ရှိခဲ့ပြီး ဂျပန်အထူး စီးပွားရေးဇုန်အပြင်ဘက် ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဂျပန်၏စီးပွားရေးဇုန် နယ်နိမိတ်အတွင်းရှိ လေယာဉ်နှင့်ရေယာဉ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်များက ဖော်ပြသည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်ခတ်မှုများသည် ဂျပန်နိုင်ငံနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်လုံး အပေါ်လည်း မြောက်ကိုရီးယားနိုင်ငံက စိန်ခေါ်ရာ ရောက်နေကြောင်း ဂျပန်အာဏာပိုင်များက ဖော်ပြခဲ့သည်။
>>Zawgyi<<
မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့်ဒုံးကျည်များ ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ဖွယ်ရှိ
Tuesday , March 10 , 2020

မြောက်ကိုရီးယား နိုင်ငံသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန် ပင်လယ်ပြင်ဆီသို့ ပစ်လွှတ်ခဲ့ဟန်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး အဆိုပါဒုံးကျည်များသည် ဂျပန်၏ ရေကြောင်းအထူးစီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟု ခန့်မှန်းရကြောင်း အစိုးရအဖွဲ့က ပြောကြားထားသည်။
မြောက်ကိုရီးယားသည် မတ်လ ၉ ရက် နံနက် ၇ နာရီ ၃၄ မိနစ်နှင့် ၇ နာရီ ၃၅ မိနစ်တို့တွင် ဒုံးလက်နက် အများအပြားကို နိုင်ငံအရှေ့ဘက် ကမ်းခြေမှ ပစ်လွှတ်ခဲ့ကြောင်း အစိုးရ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒုံးကျည်များသည် အရှေ့ဘက် ကမ်းခြေ၏ကီလိုမီတာ ၁၀ဝ မှ ၂၀၀ ခန့်အထိရောက်ရှိခဲ့ပြီး ဂျပန်အထူး စီးပွားရေးဇုန်အပြင်ဘက် ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဂျပန်၏စီးပွားရေးဇုန် နယ်နိမိတ်အတွင်းရှိ လေယာဉ်နှင့်ရေယာဉ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်များက ဖော်ပြသည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်ခတ်မှုများသည် ဂျပန်နိုင်ငံနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်လုံး အပေါ်လည်း မြောက်ကိုရီးယားနိုင်ငံက စိန်ခေါ်ရာ ရောက်နေကြောင်း ဂျပန်အာဏာပိုင်များက ဖော်ပြခဲ့သည်။
Ref : MDN #Myanmar_Online_News

0 comments:

Post a Comment