Monday, March 9, 2020

အမေရိကန်ဒေါ်လာစျေးနှုန်းကျနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ်မကောင်းဟု ဆို

Image may contain: outdoor
အမေရိကန်ဒေါ်လာစျေးနှုန်းကျနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးအရောင်းအဝယ်မကောင်းကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှ သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံမှ ပို့ကုန်များတင်ပို့နေပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းအဝင်နည်းပါးနေသေးကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေးကတော့ ဆန်တို့၊ ဆန်ကွဲတို့ကတော့တရားဝင်သွားနေတယ်။ ကားအစီးရေ ၄၀ လောက်တော့ ပုံမှန်ဝင်တယ်။ ငွေစျေးတွေကတအားကျနေတယ်။ ငွေစျေးကျနေတော့ အရောင်းအဝယ် သိပ်မကောင်းဘူး။ ရောင်းပြီးတော့အကျိုးအမြတ်မရှိဘူး။ အဲဒီလိုဖြစ်သွားတယ်။ မြန်မာငွေကတန်ဖိုးရှိပြီးတော့ နိုင်ငံခြားငွေကစျေးပျော့သွားတော့ရောင်းသလောက်အကျိုးမရှိဘူးပေါ့။ ဒီဘက်ကရရင်နိုင်ငံခြားငွေရတာကိုး။ တရုတ်ငွေကတန်ဖိုးကျသွားတာ”ဟု မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှအတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။
ယခင်က အမေရိကန်ဒေါ်လာစျေးနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၀၀ မှ ၁၄၀၀ ကျပ်ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် စီးပွားရေးကျဆင်းချိန်နှင့် တရုတ်နိုင်ငံ၌ကိုရိနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကြောင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဝယ်လိုအားကျဆင်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ သိရသည်။
ref-Akonthi
>>Zawgyi<<
အမေရိကန်ဒေါ်လာစျေးနှုန်းကျနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ်မကောင်းဟု ဆို
Tuesday , March 10 , 2020
အမေရိကန်ဒေါ်လာစျေးနှုန်းကျနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးအရောင်းအဝယ်မကောင်းကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှ သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံမှ ပို့ကုန်များတင်ပို့နေပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းအဝင်နည်းပါးနေသေးကြောင်း သိရသည်။
“နယ်စပ်ကုန်သွယ်ရေးကတော့ ဆန်တို့၊ ဆန်ကွဲတို့ကတော့တရားဝင်သွားနေတယ်။ ကားအစီးရေ ၄၀ လောက်တော့ ပုံမှန်ဝင်တယ်။ ငွေစျေးတွေကတအားကျနေတယ်။ ငွေစျေးကျနေတော့ အရောင်းအဝယ် သိပ်မကောင်းဘူး။ ရောင်းပြီးတော့အကျိုးအမြတ်မရှိဘူး။ အဲဒီလိုဖြစ်သွားတယ်။ မြန်မာငွေကတန်ဖိုးရှိပြီးတော့ နိုင်ငံခြားငွေကစျေးပျော့သွားတော့ရောင်းသလောက်အကျိုးမရှိဘူးပေါ့။ ဒီဘက်ကရရင်နိုင်ငံခြားငွေရတာကိုး။ တရုတ်ငွေကတန်ဖိုးကျသွားတာ”ဟု မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှအတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။
ယခင်က အမေရိကန်ဒေါ်လာစျေးနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၀၀ မှ ၁၄၀၀ ကျပ်ဝန်းကျင်သာရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် စီးပွားရေးကျဆင်းချိန်နှင့် တရုတ်နိုင်ငံ၌ကိုရိနာဗိုင်းရပ်စ်ဖြစ်ပွားမှုများကြောင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဝယ်လိုအားကျဆင်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ သိရသည်။
ref-Akonthi

0 comments:

Post a Comment