Tuesday, March 3, 2020

မတ်လ ၅ ရက်နေ့တွင် ဗစ်တိုးရီးယားအမှု အမည်ရင်း ထုတ်ပြောခဲ့သူများကို စတင်တရားစွဲမည်

Image may contain: text that says 'Justice for Victoria'

ဗစ်တိုးရီးယားရဲ့ နာမည်ရင်းနဲ့ မိသားစု အချက်အလက်တွေကို ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်း ကလေးငယ် လိင် မတော်မတရား ပြုကျင့်ခံရတဲ့အမှုမှာ ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ မိဘအမည်တွေကို ထုတ်ပြန်ခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အချို့ကို လာမယ့် မတ်လ ၅ ရက်နေ့မှာ တရားစွဲဆို သွားမှာ ဖြစ်တယ်လို့ ဗစ်တိုးရီးယားရဲ့ မိဘနှစ်ပါးကိုယ်စား ဆောင်ရွက်ပေးမယ့် အထွေထွေကိုယ်စားလှယ် ဦးထင်လင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂ ရက်နေ့က တရားစွဲဖို့ ပြင်ထားတာ ဖြစ်ပေမဲ့ ပိတ်ရက်တွေ ကြုံနေရတဲ့အတွက် မတ်လ ၅ ရက်နေ့မှာ တရားစွဲဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။တရားစွဲဖို့အတွက် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများကောင်စီကို ဦးထင်လင်းဦးက အမှုအပ်နှံခဲ့ပြီး အဲဒီကောင်စီက တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ဝန်ထမ်းကို တရားစွဲဆိုမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက နိုင်ငံတော်သမ္မတထံ ကြိုတင်ခွင့်ပြုမိန့် တောင်းခံခဲ့ကြောင်းနဲ့ အခုအခါမှာ သမ္မတထံက ခွင့်ပြုချက် ရပြီလို့ ဦးထင်လင်းဦးက ပြောပါတယ်။ဒါ့အပြင် ရဲဇာနည် Facebook စာမျက်နှာမှာ ဗစ်တိုးရီးယားအမည်နဲ့ အချက်အလက်တွေကို တင်ခဲ့တဲ့အတွက်လည်း တရားစွဲဖို့ ရှိပါတယ်။
အနည်းဆုံး ပုဒ်မနှစ်ခုနဲ့ တရားစွဲဖို့ ရှိပြီး ဆက်သွယ်ရေးပုဒ်မနဲ့ ကလေးသူငယ် ဥပဒေတို့နဲ့ တရားစွဲမယ်လို့ အရင်က ပြောထားပါတယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို စွဲတာမဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ကို ကိုယ်စားပြုပြီး ရှင်းလင်းသွားခဲ့တဲ့ သူတွေကို တရားစွဲတာပါ လို့လည်း ဦးထင်လင်းဦးက ပြောပါတယ်။
ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွန်ကြားထားတယ်လို့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
နေပြည်တော်က အသက်သုံးနှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား(အမည်လွှဲ) အမှုမှာ သံသယ တရားခံကို တရားရုံးက တရားရှင် လွှတ်လိုက်ပြီးနောက်မှာ ကလေးရဲ့ ဖခင်ဖြစ်သူက သမ္မတဆီကို ကူညီ ဆောင်ရွက်ပေးဖို့ စာတင်ထားခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။အဲဒီအတွက် သမ္မတက အမှုမှန် ပေါ်ပေါက်ဖို့၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့၊ ဥပဒေနဲ့အညီ ဖြစ်ဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့တို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
မေလ ၁၆ ရက်မှာ ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားခဲ့
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက် ရေးအတွက် ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ ပါတဲ့ ကော်မတီကို ဒီဇင်ဘာလ ၂၂ ရက်က ဖွဲ့စည်းခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကလေးရဲ့ နစ်နာမှုတွေအတွက် ထိုက်သင့်တဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကို ဖော်ဆောင်နိုင်ဖို့ ဒီကော်မတီက လုပ်သွားမယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စက နိုင်ငံတဝန်းလုံးနဲ့ ဆိုင်တာ ဖြစ်လို့ ရန်ကုန်မှာလည်း စွဲလို့ရတယ် ၊ နေပြည်တော်မှာလည်း စွဲလို့ရတယ်၊ မန္တလေးမှာလည်း စွဲလို့ရတယ် လို့ ဦးထင်လင်းဦးက ပြောပါတယ်။
"ဒီအမှုအတွက် လူ ၇၀ လောက် ပါတဲ့ ကော်မတီက ဦးဆောင်စွဲမှာပါ၊ ငွေရေးကြေးရေးလည်း ကော်မတီကပဲ ထုတ်မှာပါ၊ အလှူမခံပါဘူး" လို့ သူက ပြောပါတယ်။
ref-BBC
>>Zawgyi<<
မတ်လ ၅ ရက်နေ့တွင် ဗစ်တိုးရီးယားအမှု အမည်ရင်း ထုတ်ပြောခဲ့သူများကို စတင်တရားစွဲမည်
Wednesday, March 4 , 2020

0 comments:

Post a Comment