Tuesday, March 3, 2020

အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့မှ အကောင့်တုကွန်ရက်နှစ်ခုကို Facebook က ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်

No photo description available.
Facebook နဲ့ Instagram လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေပေါ်မှာ အရှေ့အလယ်ပိုင်း နိုင်ငံတချို့နဲ့ ပတ်သက်လို့ ရန်တိုက်ပေးတဲ့ အရေးအသားတွေ တင်နေတဲ့၊ အကောင့်တုပေါင်းစုံ ပါဝင်တဲ့ ကွန်ရက်နှစ်ခုကို ဖယ်ရှားလိုက်ပြီလို့ Facebook ကုမ္ပဏီက ကြေညာပါတယ်။
အကောင့်တုပေါင်းစုံ ပါဝင်တဲ့ ကွန်ရက်နှစ်ခုဟာ အီဂျစ်နဲ့ အိန္ဒိယတို့က ဒီဂျစ်တယ် မားကတ်တင်းကုမ္ပဏီနှစ်ခုနဲ့ ချိတ်ဆက်နေပြီး facebook က ချမှတ်ထားတဲ့ နိုင်ငံခြား စွက်ဖက်မှုဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်မှုကြောင့် ဖယ်ရှားပစ်ခဲ့ရတာလို့ လစဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာFacebook ကုမ္ပဏီကပြောထားပါတယ်။

ဒါပေမဲ့ ဒီကွန်ရက်တွေ နောက်ကွယ်မှာ ဘယ်နိုင်ငံတွေက ပုဂ္ဂိုလ်တွေ ပါဝင်နေတယ် ဆိုတာတော့ မပြောထားပါဘူး။ အကောင့်တု ကွန်ရက်နှစ်ခုမှာ တခုက ကာတာနိုင်ငံကို ဝေဖန်ပြီး UAE (အာရပ်စော်ဘွားများ ပြည်ထောင်စု)နဲ့ ပတ်သက်လို့တော့ အကောင်းမြင် အရေးအသားတွေ ရေးထားကြတယ်လို့ ဆိုပါတယ်။

ဒီကွန်ရက်ဟာ အီဂျစ်က New Waves နဲ့ Flexell လို့ ခေါ်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ ဆက်နွှယ်နေပြီး၊ အဲဒီကုမ္ပဏီတွေဟာ မနှစ်ကလည်း ဒီလိုမျိုးလုပ်ရပ်တွေ လုပ်ခဲ့ဖူးတယ်လို့ သတ်မှတ်ခံရဖူးပါတယ်။ အကောင့်တု ကွန်ရက်တခုဟာ သူတို့ရဲ့စာတွေကို ကြော်ငြာဖို့ ဖေ့စ်ဘွတ်ခ်မှာ ဒေါ်လာ ၄၈၅၀၀ လောက်သုံးခဲ့ပြီး သူတို့အကောင့်တုတွေမှာ နောက်လိုက် စုစုပေါင်း ၆ သန်းကျော် ရှိပါတယ်။

နောက်ထပ် ပိုငယ်တဲ့ အကောင့်စုံ ကွန်ရက်တခုကတော့ ကြော်ငြာတွေအတွက် ဒေါ်လာ ၄၅၀ လောက် သုံးတတ်ပြီး Facebook နဲ့ Instagram နှစ်ခုပေါင်းမှာ နောက်လိုက် ဦးရေ ၁ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယကုမ္ပဏီ aRep Global နဲ့ ပတ်သက်တဲ့ အကောင့်တုတွေကတော့ ကာတာကို ချီးကျူးပြီး ဆော်ဒီနဲ့ ယူအေအီးတို့ကို ဝေဖန်တဲ့စာတွေ တင်လေ့ရှိကြောင်း သိရပါတယ်။
>>Zawgyi<<
အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့မှ အကောင့်တုကွန်ရက်နှစ်ခုကို Facebook က ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်
Wednesday, March 4 , 2020

Ref-Dvb #Myanmar_Online_News

0 comments:

Post a Comment