Tuesday, March 3, 2020

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်မည်

No photo description available.

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်ဘီယာအန္တရာယ်များမှကင်းစေရေး စသော လမ်းညွှန်ချက် ၇ ချက်ကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါလမ်းညွှန်ချက်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ပူးပေါင်း၍ လူငယ်များအနာဂတ်တွင် မှန်ကန်သောလမ်းကြောင်းများပေါ်၌ ရှိစေရန် အချက်အလက် အထောက်အထားနှင့် သုတေသနရလဒ်များကိုအခြေခံ၍ ဆောင်ရွက်နေပြီး လူငယ်များပူးပေါင်းပါဝင်မှသာ ယင်းလမ်းညွှန်မှုများအောင်မြင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မတ်လ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပြုလုပ်ခဲ့သော တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေးပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သက်တူရွယ်တူခြင်း အသိပညာပေးခြင်းနည်းဗျူဟာသည် ဆယ်ကျော်သက်လူငယ်များကျန်းမာရေးနှင့် ညီညွှတ်သောအသိပညာများကိုရရှိ၍ ကိုင်တိုင်ကျင့်သုံးပြီး အခြားသူများကို ဖြန့်ဝေစည်းရုံးဆောင်ရွက်တတ်စေရန်၊ ကျန်းမာရေးနှင့်ပညာရေး၊ ဆရာနှင့်တပည့်အကြားပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန် ရေရှည်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ်နဲ့ပတ်သက်ပြီး ပထမအဆင့်အနေဖြင့် ဆေးပြားသုံးစွဲထားခြင်းရှိမရှိ ကျောင်းသားများ၏ အပြုအမူများကိုစောင့်ကြည့်ခြင်း ကျောင်းအိမ်သာများတွင် စစ်ဆေးခြင်းများရှိပြီး ဒုတိယအဆင့်အနေဖြင့် အသိပညာပေးပွဲများလုပ်၍ ပညာပေးခြင်းလုပ်ဆောင်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ရှင်းပြသည်။
“ပညာပေးတဲ့အခါ ကျောင်းသားအချင်းချင်းပညာပေးနိုင်ဖို့ဒါမှမဟုတ် အဆိုတော်တွေ၊ သရုပ်ဆောင် တွေထဲကမူးယစ်ဆေးဝါးပြဿနာကြုံတွေ့ပြီး သင်ခန်းစာယူစရာမျိုးတွေ အဲ့တာမျိုးတွေလုပ်ဖို့ စပြီးဆွေးနွေးနေပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းစဉ်ကို နိုင်ငံတော်စီမံချက်အနေဖြင့် ဆောင်ရွက်သွားမည်ပြီး တက္ကသိုလ်၊ ကောလိပ်များအပြင် အခြေခံ ပညာကျောင်းများတွင်လည်း ပြုလုပ်ရန်စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
Image may contain: one or more people and indoor
Ref : TheVoice
>>Zawgyi<<
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်မည်
Wednesday, March 4 , 2020

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်ဘီယာအန္တရာယ်များမှကင်းစေရေး စသော လမ်းညွှန်ချက် ၇ ချက်ကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါလမ်းညွှန်ချက်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ပူးပေါင်း၍ လူငယ်များအနာဂတ်တွင် မှန်ကန်သောလမ်းကြောင်းများပေါ်၌ ရှိစေရန် အချက်အလက် အထောက်အထားနှင့် သုတေသနရလဒ်များကိုအခြေခံ၍ ဆောင်ရွက်နေပြီး လူငယ်များပူးပေါင်းပါဝင်မှသာ ယင်းလမ်းညွှန်မှုများအောင်မြင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မတ်လ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပြုလုပ်ခဲ့သော တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေးပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သက်တူရွယ်တူခြင်း အသိပညာပေးခြင်းနည်းဗျူဟာသည် ဆယ်ကျော်သက်လူငယ်များကျန်းမာရေးနှင့် ညီညွှတ်သောအသိပညာများကိုရရှိ၍ ကိုင်တိုင်ကျင့်သုံးပြီး အခြားသူများကို ဖြန့်ဝေစည်းရုံးဆောင်ရွက်တတ်စေရန်၊ ကျန်းမာရေးနှင့်ပညာရေး၊ ဆရာနှင့်တပည့်အကြားပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန် ရေရှည်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးအန္တရာယ်နဲ့ပတ်သက်ပြီး ပထမအဆင့်အနေဖြင့် ဆေးပြားသုံးစွဲထားခြင်းရှိမရှိ ကျောင်းသားများ၏ အပြုအမူများကိုစောင့်ကြည့်ခြင်း ကျောင်းအိမ်သာများတွင် စစ်ဆေးခြင်းများရှိပြီး ဒုတိယအဆင့်အနေဖြင့် အသိပညာပေးပွဲများလုပ်၍ ပညာပေးခြင်းလုပ်ဆောင်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ရှင်းပြသည်။
“ပညာပေးတဲ့အခါ ကျောင်းသားအချင်းချင်းပညာပေးနိုင်ဖို့ဒါမှမဟုတ် အဆိုတော်တွေ၊ သရုပ်ဆောင် တွေထဲကမူးယစ်ဆေးဝါးပြဿနာကြုံတွေ့ပြီး သင်ခန်းစာယူစရာမျိုးတွေ အဲ့တာမျိုးတွေလုပ်ဖို့ စပြီးဆွေးနွေးနေပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းစဉ်ကို နိုင်ငံတော်စီမံချက်အနေဖြင့် ဆောင်ရွက်သွားမည်ပြီး တက္ကသိုလ်၊ ကောလိပ်များအပြင် အခြေခံပညာကျောင်းများတွင်လည်း ပြုလုပ်ရန်စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
Ref : TheVoice

0 comments:

Post a Comment