Tuesday, March 3, 2020

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး နှာခေါင်းစည်းတပ်၍ လွှတ်တော်တက်ရောက်

No photo description available.
ယနေ့ မတ်လ ၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကမ္ဘာတစ်ဝှမ်းပျံနှံဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် စံပြအနေဖြင့် နှာခေါင်းစည်းတပ်၍ ယနေ့ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာကြကြောင်း တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များက လွှတ်တော်တွင် ပထမဆုံး အကြိမ် ယခုလို ဝတ်ဆင်လာခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ်အားလုံး တပြေးညီ Mask (နှာခေါင်းစည်း) များ တပ်ဆင်ထားသော်လည်း အခြား ပါတီ အစုအဖွဲ့ အသီးသီးမှ အရပ်သား ကိုယ်စားလှယ်များမှာမူ ယနေ့အချိန်ထိ Mask တင်ဆင်ခြင်းမျိုး လုံးဝ မရှိသေးပေ။
No photo description available.
Image may contain: 4 people
Image may contain: 2 people, people sitting

>>Zawgyi<<
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး နှာခေါင်းစည်းတပ်၍ လွှတ်တော်တက်ရောက်
Wednesday, March 4 , 2020

ယနေ့ မတ်လ ၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကမ္ဘာတစ်ဝှမ်းပျံနှံဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် စံပြအနေဖြင့် နှာခေါင်းစည်းတပ်၍ ယနေ့ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာကြကြောင်း တွေ့ရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်များက လွှတ်တော်တွင် ပထမဆုံး အကြိမ် ယခုလို ဝတ်ဆင်လာခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ်အားလုံး တပြေးညီ Mask (နှာခေါင်းစည်း) များ တပ်ဆင်ထားသော်လည်း အခြား ပါတီ အစုအဖွဲ့ အသီးသီးမှ အရပ်သား ကိုယ်စားလှယ်များမှာမူ ယနေ့အချိန်ထိ Mask တင်ဆင်ခြင်းမျိုး လုံးဝ မရှိသေးပေ။
#Myanmar_Online_News

0 comments:

Post a Comment