Thursday, March 5, 2020

မြောက်ဒဂုံမြို့နယ်ဖြစ်ပွားခဲ့သော CB ဘဏ်ခွဲ ဓားပြမှု မတ်လဒုတိယပတ်တွင် တရားစွဲတင်မည်

Image may contain: car, sky and outdoor

မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ CB ဘဏ်ခွဲဓားပြမှုကို မတ်လဒုတိယပတ်အတွင်း တရားစွဲတင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကျူးလွန်သူတရားခံကို ဒုတိယ ချုပ်ရမန်ပြည့်မယ့် မတ် ၁၁ ရက်မှာ တရားစွဲတင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အမှုမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်း နဲ့ အဏ္ဏဝါလမ်းသွယ်ထောင့် က စီဘီဘဏ်ကို ဖေဖော်ဝါရီလ ၇ ရက် မနက် ၉ နာရီ ၁၅ မိနစ် ဘဏ်ဖွင့်ချိန်မှာ မျက်နှာ Mark တပ်ထားတဲ့ အမျိုး သားတစ်ဦးက ဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဗုံးလို့ ယူဆရတဲ့ အရာ၀တ္ထုကို ချထားခဲ့ကာ ငွေကျပ်သိန်း (၆၀၀)ခန့်ကို ယူဆောင်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်နေ စိုးကျော်ကျော် ကို ဖေဖော်ဝါရီလ ၁၁ ရက် ည ၆ နာရီခွဲမှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Probox ယာဉ်နဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စိုးကျော်ကျော်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
Image may contain: one or more people, car and outdoor
Source - One News Myanmar
<zawgyi>
မြောက်ဒဂုံမြို့နယ်ဖြစ်ပွားခဲ့သော CB ဘဏ်ခွဲ ဓားပြမှု မတ်လဒုတိယပတ်တွင် တရားစွဲတင်မည်
Thursday , March 5 , 2020

မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ CB ဘဏ်ခွဲဓားပြမှုကို မတ်လဒုတိယပတ်အတွင်း တရားစွဲတင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကျူးလွန်သူတရားခံကို ဒုတိယ ချုပ်ရမန်ပြည့်မယ့် မတ် ၁၁ ရက်မှာ တရားစွဲတင်ဖို့ ရှိတယ်လို့ ပြောပါတယ်။
အမှုမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်း နဲ့ အဏ္ဏဝါလမ်းသွယ်ထောင့် က စီဘီဘဏ်ကို ဖေဖော်ဝါရီလ ၇ ရက် မနက် ၉ နာရီ ၁၅ မိနစ် ဘဏ်ဖွင့်ချိန်မှာ မျက်နှာ Mark တပ်ထားတဲ့ အမျိုး သားတစ်ဦးက ဘဏ်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဗုံးလို့ ယူဆရတဲ့ အရာဝတ္ထုကို ချထားခဲ့ကာ ငွေကျပ်သိန်း (၆၀၀)ခန့်ကို ယူဆောင်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်နေ စိုးကျော်ကျော် ကို ဖေဖော်ဝါရီလ ၁၁ ရက် ည ၆ နာရီခွဲမှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Probox ယာဉ်နဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စိုးကျော်ကျော်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
Source - One News Myanmar

0 comments:

Post a Comment