Thursday, March 5, 2020

Frontier Myanmar သတင်းထောက် မြဝတီတွင် အဖမ်းခံရ


Image may contain: 1 person, standing, mountain, sky, outdoor and nature
Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ် မြဝတီမြို့တွင် အဖမ်းခံရကြောင်း သိရှိရသည်။
သတင်းထောက်ဟာ မြဝတီကို သတင်းယူဖို့ရောက်နေတာပဲ ဖြစ်ပါတယ်။ နော်ဘက်တီဟန်ဟာ မြဝတီမြို့မှာ မနေ့တုန်းက ဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ သတင်းထောက် နော်ဘက်တီဟန်ကို သူတို့ အဖွဲ့က ဖမ်းထားတာ ဟုတ် မဟုတ် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ တရုတ်သတင်းတွေရေးလို့ တရုတ်ပါတနာ လက်နက်ကိုင်အဖွဲ့က ဖမ်းထားတယ်လို့ ယူဆပုံနေကြောင်း သိရှိရသည်။
Source - RFA
<zawgyi>
Frontier Myanmar သတင်းထောက် မြဝတီတွင် အဖမ်းခံရ
Thursday , March 5 , 2020

Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ် မြဝတီမြို့တွင် အဖမ်းခံရကြောင်း သိရှိရသည်။

သတင်းထောက်ဟာ မြဝတီကို သတင်းယူဖို့ရောက်နေတာပဲ ဖြစ်ပါတယ်။ နော်ဘက်တီဟန်ဟာ မြဝတီမြို့မှာ မနေ့တုန်းက ဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ သတင်းထောက် နော်ဘက်တီဟန်ကို သူတို့ အဖွဲ့က ဖမ်းထားတာ ဟုတ် မဟုတ် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ တရုတ်သတင်းတွေရေးလို့ တ ရုတ်ပါတနာ လက်နက်ကိုင်အဖွဲ့က ဖမ်းထားတယ်လို့ ယူဆပုံနေကြောင်း သိရှိရသည်။
Source - RFA

0 comments:

Post a Comment