Tuesday, March 10, 2020

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ဝူဟန့်မြို့သို့သွားရောက်၍ COVID-19 ကာကွယ်ရေး နှင့်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အား လှည့်လည် စစ်ဆေး

Image may contain: one or more people, people sitting and indoor

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့မတ် ၁၀ ရက်တွင် COVID-19 ကူးစက်ရောဂါ အဓိကဖြစ်ပွားရာ ဝူဟန့်မြို့သို့သွားရောက်၍ ဟူပေပြည်နယ် နှင့် ယင်း၏မြို့တော် ဝူဟန့်မြို့တို့၌ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတရှီသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ၊ စစ်တပ်အရာရှိများနှင့်ရဲဘော်များ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ရဲအရာရှိများ ၊ အစိုးရအရာရှိများ နှင့် စေတနာ့ဝန်ထမ်းများအား လှည့်လည်ကြည့်ရှုအားပေးစကားဆိုခဲ့ပြီး ယင်းစစ်ဆေးရေးခရီးစဉ်အတွင်း ရှီသည် လူနာများ နှင့် ဒေသခံများကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
Ref : Xinhua #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment