Tuesday, March 10, 2020

ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦး ကော်မတီတင်သွင်းသော လွှတ်တော်အတွင်း တပ်မတော်သားများပါဝင်မှု လျှော့ချရေး ပြင်ဆင်ချက် မဲခွဲမှု ရှုံးနိမ့်

Image may contain: one or more people and people sitting
အခြေခံဥပဒေပါ လွှတ်တော်များအတွင်း တပ်မတော်သားပါဝင်မှုကို လျှော့ချဖို့ ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦး ကော်မတီက ပြင်ဆင်ချက် တင်သွင်းခဲ့ပေမယ့်လည်း သည်ကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။

ထောက်ခံမဲ ၄၀၄ မဲသာ ရရှိပြီး ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာပါ။
အခြေခံဥပဒေပါ ပုဒ်မ ၁၄ ရဲ့ မူလပြဌာန်းချက်မှာ ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်တဲ့ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားတွေ ပါဝင်ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
သည်ပြဌာန်းချက်ကို ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦးကော်မတီက လွှတ်တော်အတွင်း တပ်မတော်သားများ ပါဝင်မှုကို ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်သက်တမ်းမှ ၁၅ ရာခိုင်နှုန်း ၊ စတုတ္ထအကြိမ်သက်တမ်းမှ ၁၀ ရာခိုင်နှုန်းနဲ့ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်း အဖြစ် သက်တမ်းအလိုက် တပ်မတော်သားများပါဝင်မှဒကို လျှောချဖို့ ပြင်ဆင်ချက် တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။
No photo description available.
Image may contain: 2 people, people standing and outdoor
Source - Kumudra
<zawgyi>
ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦး ကော်မတီတင်သွင်းသော လွှတ်တော်အတွင်း တပ်မတော်သားများပါဝင်မှု လျှော့ချရေး ပြင်ဆင်ချက်မဲခွဲမှု ရှုံးနိမ့်
Tuesday, March 10, 2020

အခြေခံဥပဒေပါလွှတ်တော်များအတွင်း တပ်မတော်သားပါဝင်မှုကို လျှော့ချဖို့ ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦး ကော်မတီက ပြင်ဆင်ချက် တင်သွင်းခဲ့ပေမယ့်လည်း သည်ကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။
ထောက်ခံမဲ ၄၀၄ မဲသာ ရရှိပြီး ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာပါ။
အခြေခံဥပဒေပါ ပုဒ်မ ၁၄ ရဲ့ မူလပြဌာန်းချက်မှာ ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်တဲ့ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားတွေ ပါဝင်ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
သည်ပြဌာန်းချက်ကို ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦးကော်မတီက လွှတ်တော်အတွင်း တပ်မတော်သားများ ပါဝင်မှုကို ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်သက်တမ်းမှ ၁၅ ရာခိုင်နှုန်း ၊ စတုတ္ထအကြိမ်သက်တမ်းမှ ၁၀ ရာခိုင်နှုန်းနဲ့ ပ ဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်း အဖြစ် သက်တမ်းအလိုက် တပ်မတော်သားများပါဝင်မှဒကို လျှောချဖို့ ပြင်ဆင်ချက် တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။
Source - Kumudra

0 comments:

Post a Comment