Monday, March 9, 2020

ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာလူမျိုးအများစု နေထိုင်သည့်နေရာတွင် COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်နေရ


Image may contain: night, tree, sky and outdoor
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟိဂရှိနခနော့မြို့ဘူတာအနီးက ဆန်းမတ်ကုန်တိုက်မှာ ကုန်ပစ္စည်းနေရာချသူတဦး ကိုရိုနာရိုဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတာတွေကို စစ်ဆေးတွေ့ရှိလို့ ကုန်တိုက်ကို မတ်လ ၈ ရက်ညနေပိုင်းကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။
ကုန်တိုက်ဝန်ထမ်းတွေထဲမှာ ဂျပန်လူမျိုးတွေအပြင် နိုင်ငံခြားသားတွေလည်း ပါဝင်ပြီး လောလောဆယ် ဗိုင်းရပ်စ်ပိုးတွေ့သူဟာ ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဟိဂရှိနခနော့မြို့မှာ မြန်မာနိုင်ငံသားတွေ အတော်များများလည်း နေထိုင်နေကြပြီး ရောဂါကူးစက်ခံရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီမြို့မှာနေထိုင်တဲ့ မြန်မာကျောင်းသူ မတိုးတိုးလွင်က “သမီးတို့ နှစ်ရက် တခါ သုံးရက် တခါလောက် ဒီကုန်တိုက်မှာ အလုပ်အပြန်။ ကျောင်းအပြန် စျေးဝင်ဝယ်နေတာ။ အခုလိုကြားလိုက်ရတော့ တော်တော်အံ့အားသင့် ကြောက်သွားတယ်” လို့ ပြောပါတယ်။

မတိုးတိုးလွင်နဲ့အတူနေတဲ့ မ​ဝေဝေကလည်း “သမီး ပြီးခဲ့တဲ့ကြာသပတေးနေ့က ဝင်ဝယ်သေးတယ်၊၊ မတတ်နိုင်ဘူး။ အခုဆို တခြားမှာ ဝင်ဝယ်ရင်ပိုသတိထားရမယ်။ ကျောင်းတွေက ပိတ်ထားတော့ အပြင်လည်း မထွက်ဖြစ်ဘူး”လို့ ပြောပါတယ်။လက်ရှိအချိန်မှာ ကုန်တိုက်အနီးမှာ လူတွေ နှာခေါင်းစည်း အုပ်ထားတာ တွေ့ရပေမယ့် တခြားတော့ ထူးထူးခြားခြား ကာကွယ်​ရေးတွေ မတွေ့ရဘူးလို့ အဆိုပါမြို့မှာ နေထိုင်တဲ့ မသီရီက ပြောပါတယ်။

တိုကျိုမြို့က အိုင်တီ နည်းပညာကုမ္ပဏီတခုမှာလုပ်နေတဲ့ ကိုကောင်းဆက်ဝေကတော့ “ဒီမြို့လေးက မြန်မာနိုင်ငံသား တော်တော်များများ နေကြပါတယ်ဗျ။ ကျနော်တောင် ပြီးခဲ့တဲ့အပတ်က ဒီကုန်တိုက်မှာ စျေးဝင်ဝယ်ခဲ့သေးတယ်။ မနက်ဖြန်တောင်အဲဒီမှာ ဝယ်စရာရှိလို့ သွားမလို့” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပညာသင်ကျောင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ရှိနေပြီး တိုကျိုမြို့မှာတော့ ၅၀၀၀ လောက် နေထိုင်ကြပါတယ်။
ref-dvb
>>Zawgyi<<
ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာလူမျိုးအများစု နေထိုင်သည့်နေရာတွင် COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိ ရောဂါကူးစက်ခံရမည်ကို စိုးရိမ်နေရ
Monday , March 9 , 2020
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟိဂရှိနခနော့မြို့ဘူတာအနီးက ဆန်းမတ်ကုန်တိုက်မှာ ကုန်ပစ္စည်းနေရာချသူတဦး ကိုရိုနာရိုဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတာတွေကို စစ်ဆေးတွေ့ရှိလို့ ကုန်တိုက်ကို မတ်လ ၈ ရက်ညနေပိုင်းကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။

ကုန်တိုက်ဝန်ထမ်းတွေထဲမှာ ဂျပန်လူမျိုးတွေအပြင် နိုင်ငံခြားသားတွေလည်း ပါဝင်ပြီး လောလောဆယ် ဗိုင်းရပ်စ်ပိုးတွေ့သူဟာ ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဟိဂရှိနခနော့မြို့မှာ မြန်မာနိုင်ငံသားတွေ အတော်များများလည်း နေထိုင်နေကြပြီး ရောဂါကူးစက်ခံရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီမြို့မှာနေထိုင်တဲ့ မြန်မာကျောင်းသူ မတိုးတိုးလွင်က “သမီးတို့ နှစ်ရက် တခါ သုံးရက် တခါလောက် ဒီကုန်တိုက်မှာ အလုပ်အပြန်။ ကျောင်းအပြန် စျေးဝင်ဝယ်နေတာ။ အခုလိုကြားလိုက်ရတော့ တော်တော်အံ့အားသင့် ကြောက်သွားတယ်” လို့ ပြောပါတယ်။

မတိုးတိုးလွင်နဲ့အတူနေတဲ့ မဝေဝေကလည်း “သမီး ပြီးခဲ့တဲ့ကြာသပတေးနေ့က ဝင်ဝယ်သေးတယ်၊၊ မတတ်နိုင်ဘူး။ အခုဆို တခြားမှာ ဝင်ဝယ်ရင်ပိုသတိထားရမယ်။ ကျောင်းတွေက ပိတ်ထားတော့ အပြင်လည်း မထွက်ဖြစ်ဘူး”လို့ ပြောပါတယ်။လက်ရှိအချိန်မှာ ကုန်တိုက်အနီးမှာ လူတွေ နှာခေါင်းစည်း အုပ်ထားတာ တွေ့ရပေမယ့် တခြားတော့ ထူးထူးခြားခြား ကာကွယ်ရေးတွေ မတွေ့ရဘူးလို့ အဆိုပါမြို့မှာ နေထိုင်တဲ့ မသီရီက ပြောပါတယ်။

တိုကျိုမြို့က အိုင်တီ နည်းပညာကုမ္ပဏီတခုမှာ လုပ်နေတဲ့ ကိုကောင်းဆက်ဝေကတော့ “ဒီမြို့လေးက မြန်မာနိုင်ငံသား တော်တော်များများ နေကြပါတယ်ဗျ။ ကျနော်တောင် ပြီးခဲ့တဲ့အပတ်က ဒီကုန်တိုက်မှာ စျေးဝင်ဝယ်ခဲ့သေးတယ်။ မနက်ဖြန်တောင်အဲဒီမှာ ဝယ်စရာရှိလို့ သွားမလို့” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပညာသင်ကျောင်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ရှိနေပြီး တိုကျိုမြို့မှာတော့ ၅၀၀၀ လောက် နေထိုင်ကြပါတယ်။
ref-dvb

0 comments:

Post a Comment