Monday, March 9, 2020

မြဝတီတွင် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးရိုက်နှက်သော BGF တပ်ဖွဲ့ဝင် ၅ ဦးအား အလုပ်ကြမ်း၊ထောင်ဒဏ်နှင့် အချုပ်ချရက်များ အသီးသီးပြစ်ဒဏ်ချမှတ်ခံရ

Image may contain: 3 people, people standing
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ ကာစီနိုအဆောက် အအုံကို ဓာတ်ပုံရိုက်၍ဟုဆိုကာ သတင်းထောက်နှစ်ဦးအား ဖမ်း ဆီးရိုက်နှက်ခဲ့သော တပ်ဖွဲ့ဝင် ငါးဦးကို အရေးယူအပြစ်ပေးခဲ့ ကြောင်း ကရင်နယ်ခြားစောင့် တပ်ဖွဲ့(BGF) မှ ဗိုလ်မှူးဇော်လင်း က ပြောသည်။
Frontier Myanmar သ တင်းဌာန သတင်းထောက် မနော်ဘတ်တီဟန်နှင့် မြန်မာ တိုင်းမ် ဓာတ်ပုံသတင်းထောက် ကိုမားနော်ကို BGF တပ်ဖွဲ့ဝင် များက မတ်လ ၄ ရက် ညနေတွင် ဖမ်းဆီးပြီး မတ်လ ၅ ရက် ညနေ၌ ပြန်လွှတ်ပေးခဲ့သည်။

ယင်းဖြစ် စဉ်တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင် သည့် တပ်ဖွဲ့ဝင်များကို စုံစမ်းရေး ကော်မတီ ဖွဲ့စည်းစစ်ဆေးပြီး သတင်းထောက်အား ရိုက်နှက် သည့် တပ်သား စောဒါးဘိုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လ၊ ကျန်တပ်ဖွဲ့ဝင် လေး ဦးကို အချုပ်နှစ်လ ပြစ်ဒဏ်ချခဲ့ သည်ဟု ဗိုလ်မှူးဇော်လင်း ရှင်းပြ သည့် ရုပ်သံဖိုင်ကို ကရင်သတင်း ဌာန ကေအိုင်စီက ဖော်ပြသည်။

စောဒါးဘိုသည် သတင်း ထောက်နှစ်ဦးကို ကိုယ်ထိလက် ရောက် ကျူးလွန်းခြင်းကြောင့် လှိုင်းဘွဲမြို့နယ်ရှိ BGF ဌာနချုပ် မဲသိမ်ကုန်း အချုပ်ထောင်၌ ထား ရှိပြီး ပါဝင်ပတ်သက်သည့် တပ် ဖွဲ့ဝင် လေးဦးကို BGF တပ်နယ် (၄) တပ်ရင်းအချုပ်၌ ထားရှိ ကြောင်း ၎င်းကဆိုသည်။

‘‘အခုလိုမျိုး ဒီတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ရဲ့၊ မိမိရဲ့ ဆုံး ဖြတ်ချက်နဲ့ မိမိရဲ့ အထက်ကို မတင်ပြဘဲ မိမိစိတ်ဆန္ဒအရ လုပ် လိုက်တဲ့ ပြဿနာတစ်ခုက အများအမြင်မှာ ကျွန်တော်တို့ အဖွဲ့ တစ်ခုလုံး မကောင်းတဲ့ပုံစံ မျိုးဖြစ်သွားတယ်။ အဲဒီအပေါ်မှာ လည်း အများပြည်သူကို ကျွန် တော်က တောင်းပန်ပါတယ်’’ဟု ဗိုလ်မှူးဇော်လင်း က ပြောသည်။

ထိုသို့ အရေးယူခြင်းသည် လုပ်ဆောင်သင့်သည့်ကိစ္စဖြစ်၍ အသိအမှတ်ပြုကြောင်း သတင်း ထောက် မနော်ဘတ်တီဟန်က ပြောသည်။

‘‘ဒါပေမဲ့ နောက်နောင် သတင်းထောက်တွေအပေါ် ဒီလို မျိုးထပ်မဖြစ်ဖို့တော့ မဖြစ်မနေ သတိထားပေးဖို့လိုမယ်။ သူတို့ အပြစ်ပေးလိုက်ပေမယ့် ညီမတို့ ခံခဲ့ရတာ ပျောက်သွားတာမျိုး မ ဟုတ်ဘူးလေ။ အခုထိလည်းစိတ် က အဆင်မပြေသေးဘူး။ ဒီတော့ ကိုယ်ဖြစ်သလို နောက်ထပ် သတင်းထောက်တွေ မခံရဖို့သူတို့ ဘက်က အာမခံချက်ဖြစ်ဖြစ်ရချင် မိတာတော့အမှန်ပဲ’’ ဟု မနော် ဘတ်တီဟန်က ပြောသည်။

ဖမ်းဆီးခံရပြီးနောက် နေရာ မသိရသည့် အချုပ်ခန်းတစ်ခုတွင် လက်ထိပ်ဖြင့် နေရကြောင်း၊ ရိုက်နှက်ခံရပြီး အထူးသဖြင့် ကိုမားနော်သည် ပို၍အထိနာ ကြောင်းနှင့် အစားအစာလည်း သေချာစွာ မစားရကြောင်း မနော် ဘတ်တီဟန်က ရှင်းပြသည်။

ကိုမားနော်ကလည်း ၎င်း၏မျက် နှာအကန်ခံရ၍ နှာခေါင်းသွေးပင် လျှံခဲ့ကြောင်း သတင်းမီဒီယာများ အား ရှင်းပြခဲ့သည်။ BGF တာဝန်ရှိသူ ဗိုလ်မှူး ဇော်လင်းက အလားတူဖြစ်ရပ် မျိုး ထပ်မံမဖြစ်ပွားရေး ဆောင် ရွက်မည်ဖြစ်ကြောင်း ပြောသည်။
ref-7 day
>>Zawgyi<<
မြဝတီတွင် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးရိုက်နှက်သော BGF တပ်ဖွဲ့ဝင် ၅ ဦးအား အလုပ်ကြမ်း၊ထောင်ဒဏ်နှင့် အချုပ်ချရက်များ အသီးသီးပြစ်ဒဏ်ချမှတ်ခံရ
Monday , March 9 , 2020

0 comments:

Post a Comment