Wednesday, March 4, 2020

စပိန် နိုင်ငံတွင် COVID-19 ကြောင့် ပထမဦးဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြု

No photo description available.

စပိန်နိုင်ငံပိုင် ဗယ်လန်စီယာနယ်မြေမှ အမျိုးသားတစ်ဦး COVID-19 ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အဆုပ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းသည် စပိန်နယ်နိမိတ်အတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးသူဖြစ်ကြောင်း စပိန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က သေဆုံးခဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို သေပြီးနောက်ရင်ခွဲစစ်ဆေးမှုပြုလုပ်သည်တွင် ထိုသူသည် COVID-19 ကြောင့် သေဆုံးဖြစ်ကြောင်းသိရသည်ဟု ဒေသဆိုင်ရာ ကျန်းမာရေးမှူး အန်နာဘာစီလိုက ယနေ့ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
စပိန်နိုင်ငံတွင် မတ်လ(၄)ရက်နေ့အထိ COVID-19 အတည်ပြုမှု စုစုပေါင်း ၁၆၅ ဦးရှိခဲ့ပြီဖြစ်ကာ၊ လက်ရှိအချိန်အထိ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့်၊ လက်ရှိတွင် အတည်ပြုလူနာ ၁၆၂ ဦးရှိနေသည်။ ယင်းတို့အနက် ၃ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။
Source: Reuters ref-popular
>>Zawgyi<<
စပိန် နိုင်ငံတွင် COVID-19 ကြောင့် ပထမဦးဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြု
Wednesday, March 4 , 2020

စပိန်နိုင်ငံပိုင် ဗယ်လန်စီယာနယ်မြေမှ အမျိုးသားတစ်ဦး COVID-19 ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အဆုပ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းသည် စပိန်နယ်နိမိတ်အတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးသူဖြစ်ကြောင်း စပိန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က သေဆုံးခဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို သေပြီးနောက်ရင်ခွဲစစ်ဆေးမှုပြုလုပ်သည်တွင် ထိုသူသည် COVID-19 ကြောင့် သေဆုံးဖြစ်ကြောင်းသိရသည်ဟု ဒေသဆိုင်ရာ ကျန်းမာရေးမှူး အန်နာဘာစီလိုက ယနေ့ မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
စပိန်နိုင်ငံတွင် မတ်လ(၄)ရက်နေ့အထိ COVID-19 အတည်ပြုမှု စုစုပေါင်း ၁၆၅ ဦးရှိခဲ့ပြီဖြစ်ကာ၊ လက်ရှိအချိန်အထိ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီဖြစ်သဖြင့်၊ လက်ရှိတွင် အတည်ပြုလူနာ ၁၆၂ ဦးရှိနေသည်။ ယင်းတို့အနက် ၃ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်းသိရသည်။
Source: Reuters ref-popular

0 comments:

Post a Comment