Tuesday, March 3, 2020

အင်ဒိုနီးရှားနိုင်ငံတွင် Merapi မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

Image may contain: mountain, sky, nature and outdoor
အင်ဒိုနီးရှားနိုင်ငံရှိ Merapi မီးတောင်ဟာ မတ်လ ၃ ရက် အင်္ဂါနေ့ မနက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရေနွေးငွေ့နဲ့ ပြာပူတွေ ၆ ကီလိုမီတာကျော်အမြင့်ထိ ရောက်ရှိခဲ့တာကြောင့် လေကြောင်းပျံသန်းမှုအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။သတိပေးချက်ကို အနီရောင်အဆင့်ထိ ထုတ်ပြန်ထားပြီး ဂျာဗားအလယ်ပိုင်း Solo မြို့ရှိ Adi Soemarmo လေဆိပ်ကို ယာယီပိတ်ထားလိုက်ကြောင်း သိရပါတယ်။

၂၉၆၈ မီတာ အမြင့်ရှိတဲ့ Merapi မီးတောင်ဟာ ဂျာဗားကျွန်းရဲ့ မြို့တော် Yogyakarta မှ ၃၀ ကီလိုမီတာအကွာမှာ တည်ရှိပြီး နိုင်ငံရဲ့ လှုပ်ရှားမှု အများဆုံး မီးတောင်တွေထဲက တစ်ခု ဖြစ်ပါတယ်။ဂျာကာတာ စံတော်ချိန် အင်္ဂါနေ့ မနက် ၅ နာရီ ၂၂ မိနစ်အချိန်လောက်မှာ ၄၅၀ စက္ကန့်ကြာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဘူမိဗေဒ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန (BPPTKG) က ပြောကြားခဲ့ပါတယ်။ လေပူတွေဟာ Gendol မြစ်ဘက်သို့ အများဆုံး ၂ ကီလိုမီတာ အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့လည်း ၎င်းတို့ရဲ့ တွစ်တာအကောင့်မှာ ပြောကြားခဲ့ပါတယ်။
မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်သူများကို တောင်ထိပ်မှ ၃ ကီလိုမီတာအကွာအတွင်း တောင်တက်ခြင်းနဲ့ အခြားဆောင်ရွက်ချက်များ မပြုလုပ်ရန် တားမြစ်ထားပါတယ်။ အနီရောင်အဆင့် သတိပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပိုင် လေကြောင်းကုမ္မဏီ Air Nav Indonesia က Adi Soemarmo လေဆိပ်ကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲနေစဉ်အတွင်း မီးတောင်အနီးတဝိုက်ရှိ ဒေသခံများဟာ လယ်ယာစိုက်ပျိုးခြင်းနဲ့ ကျောင်းတက်ခြင်း အပါအဝင် အခြားနေ့စဉ် လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Antara သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ Merapi တောင်မှ ၃ ကီလိုမီတာ အကွာမှာ တည်ရှိနေတဲ့ Klakah ရွာရဲ့ ရွာသူကြီး Marwoto က မီးတောင်မှ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေကို ၎င်းတို့ ရွာမှမြင်ရကြောင်း၊ ရွာသူရွာသားများကို ပြာပူဒဏ် မကျရောက်စေဖို့ ရွာရဲ့ အမြင့်ဆုံးအပိုင်းသို့ ရွှေ့ပြောင်းပေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Image may contain: cloud, sky and outdoor
Image may contain: one or more people, motorcycle and outdoor
Ref : straitstimes #Myanmar_Online_News
>>Zawgyi<<
အင်ဒိုနီးရှားနိုင်ငံတွင် Merapi မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား
Wednesday, March 4 , 2020
အင်ဒိုနီးရှားနိုင်ငံရှိ Merapi မီးတောင်ဟာ မတ်လ ၃ ရက် အင်္ဂါနေ့ မနက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရေနွေးငွေ့နဲ့ ပြာပူတွေ ၆ ကီလိုမီတာကျော်အမြင့်ထိ ရောက်ရှိခဲ့တာကြောင့် လေကြောင်းပျံသန်းမှုအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။သတိပေးချက်ကို အနီရောင်အဆင့်ထိ ထုတ်ပြန်ထားပြီး ဂျာဗားအလယ်ပိုင်း Solo မြို့ရှိ Adi Soemarmo လေဆိပ်ကို ယာယီပိတ်ထားလိုက်ကြောင်း သိရပါတယ်။

၂၉၆၈ မီတာ အမြင့်ရှိတဲ့ Merapi မီးတောင်ဟာ ဂျာဗားကျွန်းရဲ့ မြို့တော် Yogyakarta မှ ၃၀ ကီလိုမီတာအကွာမှာ တည်ရှိပြီး နိုင်ငံရဲ့ လှုပ်ရှားမှု အများဆုံး မီးတောင်တွေထဲက တစ်ခု ဖြစ်ပါတယ်။ဂျာကာတာ စံတော်ချိန် အင်္ဂါနေ့ မနက် ၅ နာရီ ၂၂ မိနစ်အချိန်လောက်မှာ ၄၅၀ စက္ကန့်ကြာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဘူမိဗေဒ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန (BPPTKG) က ပြောကြားခဲ့ပါတယ်။ လေပူတွေဟာ Gendol မြစ်ဘက်သို့ အများဆုံး ၂ ကီလိုမီတာ အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့လည်း ၎င်းတို့ရဲ့ တွစ်တာအကောင့်မှာ ပြောကြားခဲ့ပါတယ်။
မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်သူများကို တောင်ထိပ်မှ ၃ ကီလိုမီတာအကွာအတွင်း တောင်တက်ခြင်းနဲ့ အခြားဆောင်ရွက်ချက်များ မပြုလုပ်ရန် တားမြစ်ထားပါတယ်။ အနီရောင်အဆင့် သတိပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပိုင် လေကြောင်းကုမ္မဏီ Air Nav Indonesia က Adi Soemarmo လေဆိပ်ကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲနေစဉ်အတွင်း မီးတောင်အနီးတဝိုက်ရှိ ဒေသခံများဟာ လယ်ယာစိုက်ပျိုးခြင်းနဲ့ ကျောင်းတက်ခြင်း အပါအဝင် အခြားနေ့စဉ် လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Antara သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ Merapi တောင်မှ ၃ ကီလိုမီတာ အကွာမှာ တည်ရှိနေတဲ့ Klakah ရွာရဲ့ ရွာသူကြီး Marwoto က မီးတောင်မှ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေကို ၎င်းတို့ ရွာမှမြင်ရကြောင်း၊ ရွာသူရွာသားများကို ပြာပူဒဏ် မကျရောက်စေဖို့ ရွာရဲ့ အမြင့်ဆုံးအပိုင်းသို့ ရွှေ့ပြောင်းပေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Ref : straitstimes #Myanmar_Online_News

0 comments:

Post a Comment