Monday, March 16, 2020

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ခရီးသွားတာကို အားမပေးလိုတဲ့အတွက် သင်္ကြန်ကာလနေရပ်ပြန်အလုပ် သမားတွေ နေရပ်ပြန်ပါက ထိုင်း Re-entry visa ကြေး ဘတ်(၁၀၀၀) ပေးရမည်


Image may contain: sky, cloud and outdoor
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ခရီးသွားတာကို အားမပေးလိုတဲ့အတွက် သင်္ကြန်ကာလနေရပ်ပြန်အလုပ်သမားတွေကို ထိုင်း Re-entry visa ကြေး ဘတ်(၁၀၀၀) ကင်းလွတ်ခွင့်မပြုဖို့ ထိုင်းအစိုးရကဆုံးဖြတ်လိုက်တဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဘတ်(၁၀၀၀)ဟာ မြန်မာငွေနဲ့ဆိုရင်တော့ အခုပေါက်ဈေးအရ ကျပ်(၅)သောင်းနီးပါးရှိပါတယ်။

မိခင်နိုင်ငံကို ပြန်သွားပြီးတော့ထိုင်းကို ပြန်လာမယ့်သူတွေကိုလည်း(၁၄)ရက် သီးခြားခွဲပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာ အလုပ်သမားတွေအနေနဲ့ ဧပြီ(၃၀)ရက်နေ့အထိ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှု တွေနဲ့ မြန်မာကိုခဏပြန်တာကို တတ်နိုင်သမျှ ရှောင်ကြည်ကြဖို့လည်း သံရုံးက တိုက်တွန်းထားပါသေးတယ်။

အခုချိန်မှာတော့ ဝူဟန်ကြောင့် ကူးစက်ခံရသူ တစ်သိန်းခုနှစ်သောင်းနီးပါးမှာ သေဆုံးသူ(၆၅၀၀)ကျော်နဲ့ ပြန်ကောင်းမွန်လာတဲ့သူ(၈)သောင်းနီးပါးရှိနေပါပြီ။
ref-omedia
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ခရီးသွားတာကို အားမပေးလိုတဲ့အတွက် သင်္ကြန်ကာလနေရပ်ပြန်အလုပ် သမားတွေ နေရပ်ပြန်ပါက ထိုင်း Re-entry visa ကြေး ဘတ်(၁၀၀၀) ပေးရမည်
Monday, March 16, 2020

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ခရီးသွားတာကို အားမပေးလိုတဲ့အတွက် သင်္ကြန်ကာလနေရပ်ပြန်အလုပ် သမားတွေကို ထိုင်း Re-entry visa ကြေး ဘတ်(၁၀၀၀) ကင်းလွတ်ခွင့်မပြုဖို့ ထိုင်းအစိုးရကဆုံးဖြတ်
လိုက်တဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဘတ်(၁၀၀၀)ဟာ မြန်မာငွေနဲ့ဆိုရင်တော့ အခုပေါက်ဈေးအရ ကျပ်(၅)သောင်းနီးပါးရှိပါတယ္။

မိခင်နိုင်ငံကို ပြန်သွားပြီးတော့ထိုင်းကို ပြန်လာမယ့်သူတွေကိုလည်း(၁၄)ရက် သီးခြားခွဲပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာ အလုပ်သမားတွေအနေနဲ့ ဧပြီ(၃၀)ရက်နေ့အထိ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှု တွေနဲ့ မြန်မာကိုခဏပြန်တာကို တတ်နိုင်သမျှ ရှောင်ကြည်ကြဖို့လည်း သံရုံးက တိုက်တွန်းထားပါသေးတယ်။

အခုချိန်မှာတော့ ဝူဟန်ကြောင့် ကူးစက်ခံရသူ တစ်သိန်းခုနှစ်သောင်းနီးပါးမှာ သေဆုံးသူ(၆၅၀၀)ကျော်နဲ့ ပြန်ကောင်းမွန်လာတဲ့သူ(၈)သောင်းနီးပါးရှိနေပါပြီ။
ref-omedia

0 comments:

Post a Comment