Monday, March 16, 2020

သမ္မတရုံးမှ လူစုလူဝေးမလုပ်ရန် ထုတ်ပြန်ထားသော်လည်း နိုက်ကလပ်နှင့် ဘားအချို့တွင် လူအဝင်များစေရန် အရောင်းမြှင့်တင်ရေးပြုလုပ်နေ


Image may contain: 1 person
လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် သမ္မတရုံးကထုတ်ပြန်ပြီး ဖြစ်သော်လည်း နိုက်ကလပ်နှင့် ဘားအချို့တွင် လူအဝင်များစေရန်အတွက် ဈေးနှုန်းလျှော့ချအရောင်းမြှင့်တင်နေကြောင်း သိရသည်။
အဆိုပါ နိုက်ကလပ်နှင့်ဘားတို့သည် ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်မှနေ၍ အထက်ပါအတိုင်း အရောင်းမြှင့်တင်နေကြခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်သော နိုက်ကလပ်နှင့် ဘားတို့သည် ရန်ကုန်မြို့တွင်သာမက အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှလည်း ပါဝင်သည်။

အချို့သောနိုက်ကလပ်နှင့်ဘားတို့သည် ပြည်ပဂီတပညာရှင် များငှားရမ်းထားရုံသာမက အရောင်းမြှင့်တင်ရေးနှင့် ကံစမ်းမဲအစီအစဉ်များ ကိုပါ ထည့်သွင်းကြေညာထားကြောင်း တွေ့ရသည်။

လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မလုပ်ရန် အစိုးရကထုတ်ပြန်ထား ခြင်းသည် နိုင်ငံသားတို့၏ကျန်းမာရေး အတွက်ဖြစ်ပြီး ပြည်သူတစ်ဦးချင်း အနေနှင့် လေးစားလိုက်နာရန်လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

''လူစုလူဝေး မလုပ်ရဘူး။လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုမဆောင် ရွက်ရဘူးဆိုတာကို အစိုးရကကြေညာထားတာ လူတိုင်းသိတယ်။ ဒီအပေါ်မှာ သူတို့က (ကလပ်နှင့်ဘားကြော်ငြာ)လုပ်နေတဲ့အခြေအနေမှာ လောလောဆယ် အရေးယူဆောင်ရွက်ခြင်းက ကြေညာချက်ထဲမှာမပါသေးဘူး။ အဲဒီ တော့ အရေးယူဖို့အခြေအနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ နဂိုကတည်းက သူတို့တင်ထားတဲ့ လိုင်စင် တွေပေါ်မှာမူတည်ပြီး ဆောင်ရွက်ခြင်း တွေဖြစ်လာမယ်''ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ထိုင်းနိုင်ငံသား ဒီဂျေပညာရှင် တစ်ဦးအား ဖိတ်ခေါ်ထားကြောင်း ကြေညာထားသည့် မရမ်းကုန်းမြို့နယ်မှ Bar တစ်ခုအား ဆက်သွယ်မေးမြန်းရာ ''ကျွန်တော်တို့က ပိတ်ဖို့မရှိဘူး။ စီစဉ်ထားတဲ့အတိုင်း ၂၁ ရက်မှာပဲပြုလုပ် သွားမှာပါ''ဟု ဖြေကြားခဲ့သည်။

COVID-19 ကြောင့် ပွဲလမ်းသဘင်များရှောင်ရှားရန် နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ ရက်တွင်ထုတ်ပြန်ထားပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့်ဗဟိုကော်မတီကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကာ ဖွဲ့စည်းထားပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ မတ် ၁၄ ရက်အထိ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၃၂၇၅၈ နှင့် သေဆုံးသူ ၄၉၅၅ ဦးရှိကြောင်း သိရသည်။မတ် ၁၅ ရက် ညနေပိုင်းအထိ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ မရှိသေးပေ။
ref-MMTime
>>Zawgyi<<
သမ္မတရုံးမှ လူစုလူဝေးမလုပ်ရန် ထုတ်ပြန်ထားသော်လည်း နိုက်ကလပ်နှင့် ဘားအချို့တွင် လူအဝင်များစေရန် အရောင်းမြှင့်တင်ရေးပြုလုပ်ေန
Monday, March 16, 2020

လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် သမ္မတရုံးကထုတ်ပြန်ပြီး ဖြစ်သော်လည်း နိုက်ကလပ်နှင့် ဘားအချို့တွင် လူအဝင်များစေရန်အတွက် ဈေးနှုန်းလျှော့ချအရောင်းမြှင့်တင်နေကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နှင့်ဘားတို့သည် ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်မှနေ၍ အထက်ပါအတိုင်း အရောင်းမြှင့်တင်နေကြခြင်းြဖစ်သည်။ ထိုသို့ပြုလုပ်သော နိုက်ကလပ်နှင့် ဘားတို့သည် ရန်ကုန်မြို့တွင်သာမက အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှလည်း ပါဝင်သည်။

အချို့သောနိုက်ကလပ်နှင့်ဘားတို့သည် ပြည်ပဂီတပညာရှင် များငှားရမ်းထားရုံသာမက အရောင်းမြှင့်တင်ရေးနှင့် ကံစမ်းမဲအစီအစဉ်များ ကိုပါ ထည့်သွင်းကြေညာထားကြောင်း တွေ့ရသည်။

လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မလုပ်ရန် အစိုးရကထုတ်ပြန်ထား ခြင်းသည် နိုင်ငံသားတို့၏ကျန်းမာရေး အတွက်ဖြစ်ပြီး ပြည်သူတစ်ဦးချင်း အနေနှင့် လေးစားလိုက်နာရန်လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

''လူစုလူဝေး မလုပ်ရဘူး။လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုမဆောင် ရွက်ရဘူးဆိုတာကို အစိုးရကကြေညာထားတာ လူတိုင်းသိတယ်။ ဒီအပေါ်မှာ သူတို့က (ကလပ်နှင့်ဘားကြော်ငြာ)လုပ်နေတဲ့အခြေအနေမှာ လောလောဆယ် အရေးယူဆောင်ရွက်ခြင်းက ကြေညာချက်ထဲမှာမပါသေးဘူး။ အဲဒီ တော့ အရေးယူဖို့အခြေအနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ နဂိုကတည်းက သူတို့တင်ထားတဲ့ လိုင်စင် တွေပေါ်မှာမူတည်ပြီး ဆောင်ရွက်ခြင်း တွေဖြစ်လာမယ်''ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ထိုင်းနိုင်ငံသား ဒီဂျေပညာရှင် တစ်ဦးအား ဖိတ်ခေါ်ထားကြောင်း ကြေညာထားသည့် မရမ်းကုန်းမြို့နယ်မှ Bar တစ်ခုအား ဆက်သွယ်မေးမြန်းရာ ''ကျွန်တော်တို့က ပိတ်ဖို့မရှိဘူး။ စီစဉ်ထားတဲ့အတိုင်း ၂၁ ရက်မှာပဲပြုလုပ် သွားမှာပါ''ဟု ဖြေကြားခဲ့သည်။

COVID-19 ကြောင့် ပွဲလမ်းသဘင်များရှောင်ရှားရန် နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ ရက်တွင်ထုတ်ပြန်ထားပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့်ဗဟိုကော်မတီကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကာ ဖွဲ့စည်းထားပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ မတ် ၁၄ ရက်အထိ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၃၂၇၅၈ နှင့် သေဆုံးသူ ၄၉၅၅ ဦးရှိကြောင်း သိရသည်။မတ် ၁၅ ရက် ညနေပိုင်းအထိ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ မရှိသေးပေ။
ref-MMTime

(Photo-2019 Novel Coronavirus(COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကျင်းပနေစဉ်။ဓာတ်ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

0 comments:

Post a Comment