Monday, August 29, 2022

ပြည်သူ့အချစ်တော် ရုပ်ရုင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း အိမ်ကို စစ်ကောင်စီက ချိတ်ပိတ်

 

ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲက ပြည်သူ့အချစ်တော် ရုပ်ရုင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း အနီးနားရှိ ပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာရှိ ကွန်ဒိုတိုက်ခန်းအား   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး    ချိပ်ပိတ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းသစ်နေထိုင်သူတစ်ဦးက “ ဟုတ်တယ်။ ၂ ရက်လောက်တော့ရှိပြီ။ ကျော်ကျော်(မင်းမော်ကွန်း)တို့နေတဲ့ အိမ်ကို ချိတ်လာပိတ်သွားတာ” လို့ ယနေ့ နံနက်ပိုင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

ယင်းနှင့်ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက သူအသုံးပြုနေသည့်  Kyaw Kyaw Htay Lwin အမည်ရ  လူမှုကွန်ယက်မှ တစ်ဆင့်  “ပိတ်ချင်ပိတ် မပိတ်ချင်နေ စောက်ဂရုကိုမစိုက်တာ” ဟူ၍ ရေးသားဖော်ပြထားပါတယ်။

အလားတူပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ပိုင်ဆိုင်တဲ့ အိမ်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ထားပါတယ်။

စစ်ကောင်စီက ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကို  ၂၀၂၁ ခုနှစ် ဧပြီလတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့်   အမှုဖွင့်ထားပါတယ်။  


MyanmaPlatform

0 comments:

Post a Comment