Tuesday, August 23, 2022

လက်လုပ် တစ်တောင့်ထိုးသေနတ်အလက်၄၀၀ခန့် တော်လှန်ရေးအဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ကြောင်းအသိပေး

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့များထံ လက်လုပ် တစ်တောင့်ထိုးသေနတ်အလက် ၄၀၀ ခန့် တော်လှန်ရေးအဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ကြောင်း Weapons Installation AG က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်အတွင်းမှ စတင်ထုတ်လုပ်ခဲ့သည့် လက်လုပ်တစ်တောင့်ထိုး သေနတ် ၃၉၅ လက်ကို တော်လှန်ရေးအဖွဲ့များသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီဟု Weapons Installation AG က ထုတ်ပြန်ထားသည်။
ထုတ်လုပ်ခဲ့သည့် လက်လုပ်လက်နက်များကို ကျေးရွာမဟာမိတ်အဖွဲ့များ၊ မြိုင်၊ ယင်းမာပင်၊ ပုလဲ၊ မုံရွာနှင့် ကနီမြို့နယ်များရှိ တော်လှန်ရေးအဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ပြထားသည်။

Photo - Weapons Installation AG

0 comments:

Post a Comment