Thursday, August 18, 2022

ခရိုင်တရာရုံးသစ်များ တိုးချဲ့ဖွင့်လှစ်ခွင့်ပြု

နိုင်ငံတစ်ဝန်း တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ခရိုင်တွေမှာ တရားစီရင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင် တရားရုံးအသစ်တွေ တိုးချဲ့ ဖွင့်လှစ်ခွင့် ပြုလိုက်ပြီလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်က ပြောပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခရိုင်တရားရုံးအသစ်တွေ တိုးချဲ့ဖွင့်လှစ်ခွင့် ပြုတဲ့ အမိန့်ကြော်ငြာစာတွေကိုတော့ ဩဂုတ် (၁၇) ရက်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ခရိုင်တရားရုံးသစ်တွေ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုလိုက်ပေမယ့် တရားစီရင်ရေးကိစ္စ၊ စီမံခန့်ခွဲရေးကိစ္စတွေကို ဆောင်ရွက် မယ့်ဝန်ထမ်းတွေ မခန့်ရသေးဘဲ ဝန်ထမ်းတွေ ခန့်အပ်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်က ပြောပါတယ်။
ခရိုင်တရားရုံးအသစ်တွေ တိုးချဲ့ဖွင့်လှစ်ခွင့် ပြုတဲ့အထဲမှာ ရန်ကုန်တိုင်းမှာတော့ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်းခရိုင်နဲ့ ကမာရွတ်ခရိုင် တရားရုံးတွေ ဖြစ်တယ်လို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။ အရင်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင် တရားရုံးတွေကို ပယ်ဖျက်လိုက်ပြီ ဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းတွေ ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ခရိုင်(၄၆)ခုကို အသစ်တိုးချဲ့ ဖွဲ့စည်း လိုက်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အခုနှစ် မေ (၁) ရက်က ထုတ်ပြန်ထားပါတယ်။
မူလကခရိုင်(၇၅)ခရိုင်ရှိပြီး အခု(၄၆)ခရိုင်အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တာကြောင့် စုစုပေါင်း (၁၂၁)ခရိုင် ရှိလာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment