Tuesday, August 23, 2022

သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဖြေဆိုခွင့် လျှောက်ထားနိုင်

သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့်အတွက် လာမယ့် စက်တင်ဘာ (၁) ရက် ကနေ (၃၀) ရက်အတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် (၂၃) ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၂ ခုနှစ် မတ်လက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုတာ မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း ၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နေက်ဆုံးအကြိမ်အတွက် အစိုးရကျောင်းမှာ ကျောင်းတက်နေသူ မရှိသလောက် နည်းပါးသလို ပုဂ္ဂလိကကျောင်းတွေမှာလည်း နည်းပါးတယ်လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာမှာ တစ်ယောက်ကို ပညာရေး ဝန်ကြီးဌာန ငွေသွင်း တံဆိပ်ခေါင်း ကျပ် ၇၀၀ နဲ့ လျှောက်လွှာတစ်စောင်ကို ကျပ် ၂၀၀ ကျသင့်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စာမေးပွဲ ဝင်ခွင့်လျှောက်လွှာတင်သွင်းရာမှာတော့ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) ဖြေဆိုမယ့်သူတွေ အတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာ နဲ့ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) ဖြေဆိုမယ့် သူတွေကတော့ ပန်းရောင်ဝင်ခွင့် လျှောက်လွှာ တင်သွင်းဖို့ သတ်မှတ်ထားပါတယ်။
၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


OneNews

0 comments:

Post a Comment