Monday, August 29, 2022

ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ တက်ရောက်ရန် ၃ ဘာသာပေါင်းရမှတ်နှင့်လူတွေ့နှုတ်ဖြေမေးစာမေးပွဲတို့၏ ရမှတ်အပေါ်မူတည်၍ အပြီးသတ်ရွေးချယ်မည်

 

၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ ဝင်ခွင့်လျှောက် ထားသူများသည် ပဏာမရွေးချယ်ခံရပါက လူတွေ့နှုတ်ဖြေနှင့်စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း(ရေးဖြေ)စာမေးပွဲများဖြေဆိုရမည်ဟု ကျန်းမာရေးဝန် ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိသည့် ၆ ဘာသာရမှတ်ပေါင်းအား အခြေ ခံ၍(အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ) ၃ ဘာသာရမှတ်ပေါင်း အများ/အနည်းပေါ် မူတည်ကာ ပဏာ မရွေးချယ်သွားမည်ဖြစ်သည်။
ပဏာမရွေးချယ်ခံထားရသူများသည် လူတွေ့နှုတ်ဖြေမေးနှင့်စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း(ရေးဖြေ) စာမေးပွဲတို့အား ဖြေဆိုရမည်ဖြစ်ကာ (၃) ဘာသာပေါင်းရမှတ်နှင့်လူတွေ့နှုတ်မေးစာမေးပွဲတို့၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက် ဝင်ခွင့်ရရှိသူများကို အပြီး သတ်ရွေးချယ်သွားမည်ဖြစ်သည်။
ထိုသို့ လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုရမည့် နေ့ရက်နှင့်ခုံအမှတ်များ၊ဖြေဆိုရမည့်နေရာများကို စာမေးပွဲမကျင်းပမီ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားတို့တွင် ကြိုတင်အသိပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးခဲ့သည်။
ထို့ပြင် ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ လျှောက်ထားရာတွင် ဝင်ခွင့်မရပါက တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးမှုမဖြစ်စေရန် ဦးစားပေးအစီအစဉ်အတိုင်း ပြည့်စုံစွာဖော်ပြလျှောက်ထားရန်လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်အား သေချာစွာဖတ်ရှု၍ ဝင်ခွင့်လျှောက်ထားရန်လိုမပ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ဆေးတက္ကသိုလ်(သို့)သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ် ရေးအဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ် ၂၆ ခုသို့ စက်တင်ဘာ ၂ ရက်အထိလျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ လျှောက်ထားရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်ပါက ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

Popoular

0 comments:

Post a Comment