Monday, August 29, 2022

"မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည် ဦး​မော့လာအုံးမလား"

 

မြန်မာနိုင်ငံဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ သာယာလှပတဲ့ တောတောင်ရှုမျှော်ခင်းများနဲ့ရေမြေသဘာဝ သယံဇာတများ ပေါကြွယ်ဝသောနိုင်ငံဖြစ်ပါတယ်။ အလွန်လှပသော ရေမြေတောတောင်ရှုခင်းများ၊ တိုင်းရင်းသားလူမျိုးများရဲ့ယဉ်ကျေးမှုရိုးရာ ဓလေ့များကြောင့် ကမ္ဘာလှည့်ခရီးသည်တို့၏ စိတ်ဝင်စားဖွယ်ရာ နိုင်ငံတစ်ခုဆိုရင်လည်းမှားမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသီးသီးတို့မှာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားဖွယ် မရှိသောနေရာဟူ၍ လုံးဝမရှိပေ။ စိတ်ဝင်စားဖွယ်ရာများနှင့်သာ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့နှစ်များက ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေထဲမှာ မြန်မာ့ခရီးသွားလုပ်ငန်းတွေဟာလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ဒီလို အခြေအနေတွေအပြင် လက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်းကို ပြန်ကြည့်ရင်လည်း ယခုကာလမှာဖြစ်ပေါ်နေတဲ့ ခေတ်စနစ်နဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေကြောင့် ခရီးသွားကဏ္ဍဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပြန်ပါဘူး။ဒါကြောင့် မြန်မာ့ခရီးသွားကဏ္ဍဟာ ပြန်လည်နိုးထလာအုံးမလား၊ ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာနိုင်မလားဆိုတာကလည်း လက်ရှိ အချိန်အထိတော့ မေးခွန်းထုတ်နေရဆဲပင်ဖြစ်ပါတယ်။ တကယ်တမ်း ပြောရရင် မြန်မာ့ခရီးသွား လုပ်ငန်းများကို ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်လေလေ နိုင်ငံအတွက် ဝင်ငွေ တိုးပွားလေလေဖြစ်ပါတယ်။

သို့ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေခံ အကြောင်းတရားတွေကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုတွေဟာ ယနေ့အချိန် အထိ ကျဆင်းနေတယ်ဆိုတာကလည်း ပကတိအမှန်တရားပဲဖြစ်ပါတယ်။

ပုဂံဒေသခရီးသွား

ယခုကာလမှာ ခရီးသွားဝင်ရောက်မှုတွေ ကျဆင်းလာပြီး ဧည့်သည်အဝင်ပါးနေလို့ ပုဂံ - ညောင်ဦးဒေသက ဟိုတယ်အချို့ ပိတ်ထားရတဲ့ အခြေအနေမှာရှိနေတာပါ။ ဒါဟာ လက်ရှိ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေအမှန်တွေပဲ ဖြစ်ပါတယ်။

"ခရီးသွားတွေကပါးပါတယ်၊ ဧည့်သည် အဝင် အထွက်က ခပ်ပါးပါးပဲ၊ ဒီကာလမှာ ကုန်စျေးနှုန်းကလည်းတက်တော့ ခရီးသွားက ပြန်ကျသွားတယ်။ လဆန်းပိုင်းလောက်ပဲ ခရီးသွားတွေရှိတယ်။ ရက် ၂၀ နောက်ပိုင်းဆို လတိုင်းလိုလို ခရီးသွားတွေမဝင်ကြတော့ဘူး၊ မရှိကြတော့ဘူး၊ မလာကြတော့ဘူးပေါ့။ ခရီးသွားတွေမလာတော့ ဒေသခံတွေအနေနဲ့  အရောင်း အဝယ်တွေလည်း ပါးတယ်၊ အလုပ်အကိုင်တွေလည်းပါးပါတယ်။ ဒီဘက်ဒေသတွေကျ ခရီးသွားလုပ်ငန်း တွေကိုပဲ အဓိကမှီခို အားထားနေရတာလေ၊ ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေရတာ ခရီးသွားပါးတော့ ဘာမှ သိပ်လုပ်မရဘူးပေါ့။"လို့ ပုဂံ - ညောင်ဦး ဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒီလို ခရီးသွားဝင်ရောက်မှုနည်းလာတဲ့ အတွက် ဒေသခံတွေအနေနဲ့ မိသားစု စီးပွားရေးဝင်ငွေ ကျဆင်းမှုတွေကိုပါ ရင်ဆိုင် ကြုံတွေ့နေရတာပါ။ ဘာလို့လဲ ဆိုရင် ပုဂံဒေသခံတွေဟာ ခရီးသွားလုပ်ငန်းကိုပဲ မှီခို အားထားပြီး ဘဝရှင်သန်ရပ်တည်ရေးအတွက် အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂံဒေသဟာ ခရီးသွားတွေကိုသာ အဓိကမှီခို အားထားနေရတဲ့ဒေသဆိုရင်လည်း မမှားပြန်ပါဘူး။

ဒါတွေပဲလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ယခုလို ခရီးသွားဝင်ရောက်မှုတွေကျဆင်းလာတာဟာ အဖက်ဖက်က မြင့်တက်လာတဲ့ စရိတ်စကတွေကြောင့် ဖြစ်ပြီး လက်ရှိကာလမှာ ခရီးသွားတွေအနေနဲ့ ယခင်ကလို ငွေကိုပေါပေါသီသီနဲ့ မသုံးနိုင်ကြတော့ပဲ ငွေကို အတော်လေးချွေတာ သုံးစွဲလာမှုတွေကိုလည်းတွေ့နေရတယ်လို့ ပုဂံ - ညောင်ဦးဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပြန်ပါတယ်။

"သူဌေးတွေကလည်း အရင်လို မသုံးကြတော့ဘူးလေ၊ သူတို့လည်း ငွေကိုချွေသုံးလာတာတွေ့ရတယ်။ တချို့ ပိုက်ဆံရှိတဲ့သူတွေကလည်း တော်တော်လေး ငွေကို စေ့စေ့စပ်စပ်သုံးလာတာလေးတွေ့ရတယ်။ နောက်ခရီးသွားတွေက အမှတ်တရပစ္စည်းတွေ လက်ဆောင်ပစ္စည်းတွေဆိုရင်လည်း သိပ်မဝယ်ကြတော့ဘူး၊ အဲ့တော့ အရောင်းအဝယ်က ပါးတာပေါ့။ နောက်တစ်ခုက ကားခတွေလည်းစျေးတက်တယ်။ ဆီစျေးတက်လို့ ကားခစျေးတွေက အရင် ၂၀၀၀၀ ကားက အခု ၂၂၀၀၀ အထိ ဖြစ်လာတယ်။ အဲ့လိုပေါ့နော်၊ စျေးတွေက အကုန်တက်တာပေါ့၊ လာမယ့် ပွင့်လင်းရာသီလောက်မှပဲ ခရီးသွားတွေကိုပြန်မျှော်ရမယ်။ အခုကာလက ပြောရရင် ဧည့်သည်မရလို့ ဟိုတယ်အကြီးတွေရော အသေးတွေရော ပိတ်ထားရတာရှိတယ်။ ဧည့်သည်ကလည်း ထင်သလောက် မဝင်ဘူးလေ၊ တချို့ပိုက်ဆံရှိတဲ့သူတွေတောင် ချွေရမယ်ဆိုပြီး ချွေသုံးကြတာပေါ့။ အဆင်ပြေတဲ့ နေရာလေးတွေမှာ တည်းသွားကြတာရှိတယ်။ တချို့ကျတော့လည်း ပေါပေါသီသီ မသုံးကြတော့ဘူး။ အရင်က ပြန်စည်သလောက် အခု ခရီးသွားတွေပြန်ကျသွားတော့ လုပ်ငန်းတွေကို နည်းနည်းလေးတော့ ပြန်ထိန်းရတာပေါ့။"လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။

ဒီလိုခရီးသွားကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ လူတွေရဲ့ စီးပွားရေးဝင်ငွေအပေါ် မူတည်တယ်လို့ ခရီးသွားအေးဂျင့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ၄င်းရဲ့ သဘောထား အမြင်ကို ယခုလို ပြောပြခဲ့ပါသေးတယ်။

"အားလုံးက တည်ငြိမ်အေးချမ်းနေမှ ရမယ်လေ၊ မတည်ငြိမ် မအေးချမ်းရင် ဘယ်ခရီးသွားက လာမလဲ။ဒါဟာ စဥ်းစားစရာပေါ့၊ အခု ပြည်တွင်းကလူတွေတောင် ခရီးသွားလာတာတွေ မရှိသလောက်ဖြစ်နေတာလေ။ နောက်လူတိုင်း လူတိုင်း လိုလိုက ဒီကာလမှာစီးပွားရေး အလုပ်အကိုင်တွေက မကောင်းကြတော့ဒီလို အပျော်ခရီးတွေဘက်လည်း သိပ်မလှည့်နိုင်ကြဘူးပေါ့။ အခုက ခရီးသွားတယ်ဆိုရင်တောင် မဖြစ်မနေ သွားရတဲ့ ခရီးမျိုးလောက် သေရေး၊ရှင်ရေး ခရီးမျိုး အဲ့လိုလိုမျိုး သွားလာကြတဲ့ ခရီးသွားတွေလောက်ပဲရှိတယ်။ မဖြစ်မနေ သွားရတဲ့ ခရီးသည်တွေလောက်ပဲ ရှိတာပေါ့။ အရင်လို များများစားစား မရှိတော့ဘူး။ ပြောရရင် ခရီးသွား လုပ်ငန်းတွေက ကိုဗစ်ကာလထဲက တန့်နေတာပေါ့။"လို့ သူက ပြောပြခဲ့ပါတယ်။

ဒါကြောင့် ယခုလာမည့် ပွင့်လင်းရာသီနှင့် ခရီးသွားရာသီကာလများရောက်လာရင် ပြည်တွင်း/ပြည်ပ ခရီးသွားတွေ ယခင်လို ပြန်ရှိလာအုံးမလား ဆိုတာကလည်း ခန့်မှန်းမရတဲ့ အနေအထားမှာသာ ရှိနေခဲ့ပြန်ပါတယ်။

ရပ်ဆိုင်းထားရတဲ့ ရေခဲတောင်ခရီးသွားလုပ်ငန်း

ယခုကာလမှာ လာရောက်လည်ပတ်သူ ဧည့်သည်လုံးဝမရှိလို့ရေခဲတောင်တက်ခရီးသွားလုပ်ငန်း တွေဟာ ရပ်ဆိုင်းသလောက်ဖြစ်နေပြီး ခရီးသွားလုပ်ငန်းဖြင့်သာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ပူတာအို ဒေသခံများ အနေနဲ့လည်း ဝင်ငွေကျဆင်းမှုတွေကိုကြုံနေတယ်လို့ အဆိုပါ ဒေသရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောလာပြန်ပါတယ်။ပူတာအိုဒေသသို့ ယခုလို ခရီးသွားတွေဧည့်သည်တွေ ဝင်ရောက်မှု ကျဆင်းနေတာဟာ ကိုဗစ်ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေတွေကြောင့် ဖြစ်တယ်လို့လည်း အဆိုပါမြို့နေ ဒေသခံတွေက ဆိုလာပါတယ်။

"ခရီးသွားတွေမလာတော့ ဒေသခံတွေရဲ့ စားဝတ်နေရေးခက်ခဲတာပေါ့။ ဒီနှစ်ထဲမှာလည်း ရေခဲတောင်တက်တဲ့ သူတွေမရှိဘူး၊ ပူတာအိုနဲ့နီးတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင်ကိုတောင်တက်တဲ့သူမရှိဘူး။ ပြီးခဲ့တဲ့ ၄ လပိုင်းကနေစပြီးတော့ဧည့်သည်တွေရှိတော့ဘူး။ ရေခဲတောင်တက်တဲ့သူတွေ တစ်ယောက်မှ မလာတော့ဘူး။ ခရီးသွားတွေကျနေတာ လုပ်ငန်းတွေရပ်နေတာက ကိုဗစ်စဖြစ်ထဲကဆိုတော့ ၂ နှစ်ကျော် ၃ နှစ်နီးပါးလောက်ရှိသွားပါပြီ၊ အတော်ကိုကျသွားတယ်၊ ဧည့်သည်အတော်လေးနည်းသွားတယ် မရှိတော့ဘူး။ ခရီးသွားတွေမလာတော့ ဒေသခံတွေရဲ့ ဝင်ငွေလည်းကျတာပေါ့။ ဒီဘက်ဒေသက ခရီးသွားတွေကိုပဲ အဓိက မှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်း ပြုရတဲ့ဒေသလေ၊ အခုလို ခရီးသွားတွေ မလာတော့ ဒေသခံတွေရဲ့ စားဝတ်နေရေးတွေပါ ခက်ကုန်တာပေါ့။ ဒီဘက်ဒေသတွေရဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွံ့ ဖြိုးဖို့ဆိုတာက ရောဂါတွေလည်းပျောက် နိုင်ငံရေးတွေလည်း ပြန်ပြီး ငြိမ်သက်မှရမှာပေါ့။ အဲ့ဒါမှ ခရီးသွားလုပ်ငန်းတွေ ပြန်လုပ်လို့ရမှာပေါ့။ အခုက ရောဂါက ဒီလောက်မဟုတ်တော့ပေမယ့် ခရီးသွားတွေက နိုင်ငံရေးအခြေအနေတွေကြောင့် မလာကြတာများပါတယ်။"လို့ အဆိုပါ ဒေသရှိ ရေခဲတောင်တက် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက လက်ရှိကာလရဲ့ ခရီးသွားဝင်ရောက်မှု အခြေအနေကို ပြောပြခဲ့ပါတယ်။

ပူတာအိုဒေသ ရေခဲတောင်တက်ခရီးသွားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး ယခုကာလမှာလည်း ဧည့်သည် လုံးဝ မရှိသည့် အတွက် ပူတာအိုဒေသို့ ခရီးသွားဝင်ရောက်မှုနှုန်းဟာ ၁၀၀ မှာ ၁ ရာခိုင်နှုန်းလောက်သာ ရှိနေတာဖြစ်တယ်လို့ နယ်ခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

"ဒါတွေပြန်ကောင်းလာဖို့က နိုင်ငံရေးငြိမ်သက်ဖို့ လိုပါတယ်။ အခုက နိုင်ငံရေးကိုကြောက်ပြီးမလာကြတာများတယ်။ ခရီးသွားရာခိုင်နှုန်းက ၁၀၀ မှာ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုဒီအချိန်မှာဆို ဧည့်သည် လုံးလုံးကိုမရှိသေးတာပေါ့။"လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။ကချင်ပြည်နယ်ရှိ ပူတာအိုဒေသဟာ ရေခဲတောင်တန်းတွေကြောင့် နာမည်ကျော်ကြားပြီး ယခင်က ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ ရေခဲတောင်တက်အားကစားသမားတွေနဲ့ အပျော်တမ်း ရေခဲတောင်တက်ဝါသနာရှင်တွေ ကျောင်းသား၊ကျောင်းသူအဖွဲ့တွေ အများဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ ခရီးသွားဒေသတစ်ခု ဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါမှာတော့ ခတ်စနစ်အခြေအနေကြောင့် ခရီးသွားဝင်ရောက်မှု ကျဆင်းတဲ့ ဒေသတွေထဲမှာပူတာအို ဒေသဟာ တစ်ခုအပါအဝင်ဖြစ်လို့ လာခဲ့တာပါ။

E-visa ခရီးသွားမြှင့်တင်ရေး

မြန်မာ့ခရီးသွားလုပ်ငန်းတွေတိုးတက်စေဖို့ရည်ရွယ်ချက်နဲ့ ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းကစတင်ကာ ၂ နှစ်ကျော်ရပ်ဆိုင်းထားခဲ့တဲ့ ခရီးသွား (e-visa)လျှောက်ထားခြင်းကို စစ်ကောင်စီက ယခုနှစ် မေလ ၁၅ ရက်နေ့က စတင်ပြီး ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ကမ္ဘာလှည့်ခရီးသွားတွေ ပြည်တွင်းကို အလွယ်တကူ တိုက်ရိုက်ဝင်ရောက်လာနိုင်စေဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

E-visa လျှောက်ထားခြင်းကို ခွင့်ပြုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း Tourist Visa ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၇၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သလို  နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်တဲ့ (၃)ရက်အတွင်းမှာလည်း ပြည်ပနိုင်ငံများမှ ခရီးသွား ၁၀၀၀ ကျော်ဝင်ရောက်လာခဲ့တယ်လို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ထုတ်ပြန်ခဲ့ပါတယ်။

"အရင်တုန်းကဆို ခရီးသွားကားတွေ တဝီဝီပဲ၊ ခရီးသွား ကားအကြီး၊အသေးအစုံပဲ။ ပြောရရင် မိုးတွင်းလောက်ပဲ ခရီးသွားနည်းနည်းပါးတယ်။ ကျန်တဲ့ကာလက သူ့ဘာသူခရီးသွားတွေက ဝင်နေကြတာပါပဲ၊ ပွင့်လင်းရာသီ သီတင်းကျွတ်ကစပြီးတော့ပေါ့။ နောက်ဒီဇင်ဘာလောက်ကနေ နွေအကုန်လောက်အထိက ခရီးသွားမပြတ်ပါဘူး။ အခုက အတော်လေး ကျသွားတယ်။ ဒီဘက်ဒေသတွေကျ အခုကာလမှာ လမ်းပန်းဆက်သွယ်ရေး ခက်တာလည်း ပါပါတယ်။"လို့ ကချင်ပြည်နယ် အခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပြန်ပါတယ်။

ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာနိုင်မလား

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က ကိုဗစ်-၁၉ ၏ အလားအလာကို ခန့်မှန်းပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ၂၀၂၁-၂၀၂၅ (Myanmar Tourism Strategic Recovery Roadmap 2021-2025) အရ ခရီးသွားလုပ်ငန်းကို အမြန်ဆုံးပြန်လည် ဖွံ့ ဖြိုးလာစေရန်အတွက် လုပ်ငန်းစဉ်များကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးမဟာဗျူဟာ လမ်းပြမြေပုံမှာ တစ်နှစ်အတွင်း ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကာလလတ် ဆောင်ရွက်ရန်များ နှင့် ကာလရှည် ဆောင်ရွက်ရန်ဟူ၍ အဓိကမဟာဗျူဟာ (၁၈) ချက်နှင့် လုပ်ငန်းစဉ် (၉၃)ရပ် ပါဝင်ပါတယ်။

အဲ့ဒီမဟာဗျုဟာအရ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလား ဆိုတာကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်လို့ လာခဲ့ပါတယ်။

ယခင် NLD အစိုးရလက်ထက်က နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုသည် တစ်နေ့တခြား တိုးလာခဲ့သလို ခရီးစဉ်ဒေသအသီးသီးမှာလည်း ယခင်ကာလများကထက် တိုးပွားခဲ့တာပါ။ အဲ့ဒီ အချိန်ကာလတုန်းက နှစ်စဉ် ဧည့်သည် ဝင်ရောက်မှု တိုးမြင့်လာခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ အနေနဲ့ အဓိကခရီးစဉ်ဒေသများ အပါအ၀င် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ ကောင်းမွန်သည့် ခရီးစဉ်ဒေသများတွင် တည်ဆောက်လာခြင်း၊ ခရီးသွား ကုမ္ပဏီများ တစ်နေ့တခြား တိုးတက် ထူထောင်လာခြင်း ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သော ပို့ဆောင်ရေး၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများ ပိုမိုများပြားလာခြင်းတို့သည်လည်း  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးလာမှု၏ ပြယုဂ်တစ်ခု ဖြစ်လို့လာပါတယ်။

သို့သော်လည်း ၂၀၂၀ ခုနှစ်မှစလို့ ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး ဆုံးရှုံးနစ်နာမှုတွေလည်း များစွာဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီလို အခြေအနေတွေကြောင့် ၂၀၂၀ ပြည့်နှစ်တွင်  နိုင်ငံတကာ ခရီးသွား ဧည့်သည်ပေါင်း ၃၈၁ သန်းသာရှိခဲ့ပြီး ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားကောင်စီ၏ အချက် အလက်များအရ အလုပ်အကိုင်ပေါင်း ၆၂ သန်း ဆုံးရှုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေးမှာလည်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ခံစားခဲ့ရပြီး ၂၀၁၂ နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ခရီးသွားဧည့်သည်ပေါင်း တစ်သန်းအောက်သို့ ပြန်လည်ရောက်ရှိကာ ၇၉ ရာခိုင်နှုန်းကျဆင်းခဲ့ရပါတယ်။ 

ဒါ့အပြင် ခရီးသွား အလုပ်အကိုင်ပေါင်း ၂၃ ဒသမ ၂ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်၏ ဂျီဒီပီသည်လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ရကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိခဲ့ရပါတယ်။

အဓိကအားဖြင့် ဆိုရသော် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ယဉ်ကျေးမှုနှင့် သဘာဝကို အခြေခံသည့် အပန်းဖြေခရီးစဉ်၊ အားကစားခရီးစဉ်၊ ဘာသာရေး ဘုရားဖူးခရီးစဉ်၊ စက်တပ်ရွက်လှေခရီးစဉ်၊ မြစ်တွင်းသွား အပျော်စီးသင်္ဘောခရီးစဉ်၊ မီးပုံပျံခရီးစဉ်များ အပြင် တမူထူးခြားသော ရေမြေတောတောင် သဘာဝအခြေအနေများကို အခြေခံ၍ ငှက်ကြည့် ခရီးစဉ်၊ စွန်းစားမှုအခြေခံခရီးစဉ်၊ တောင်တက်ခရီးစဉ်၊ အဏ္ဏဝါခရီးစဉ် များကိုပါ အကောင်အထည်ဖော်နိုင်ကြသလို အချို့သော နိုင်ငံများ၌သာ တွေ့မြင်နိုင်သော ရေခဲဖုံးလွှမ်းတောင်တန်းများ တည်ရှိသည့် မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ရှိ ပူတာအိုဒေသသည်လည်း ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှုရှိတဲ့  ခရီးစဉ်ဒေသ တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒီလို သဘာဝအလှတရားတွေ ရေမြေတောတောင် အလှတရားတွေနဲ့ပြည့်စုံနေတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေဟာ တစ်ချိန်မှာ ပြန်လည်ဦးမော့လာနိုင်အုံးမလား ဆိုတာကတော့။  


MyanmaPlatform

0 comments:

Post a Comment