Monday, August 29, 2022

အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆ဝ မမ စိန် ပြောင်းဖြင့်ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အဖွဲ့ဝင် ၈ ဦးအားလက်နက်ခဲယမ်းများနှင့်အတူဖမ်းမိဟု နစက ထုတ်ပြန်

 

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်အား သြဂုတ် ၂၂ ရက်က ၆၀ မမ စိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အဖွဲ့ဝင် ၈ ဦးအား သြဂုတ် ၂၃ ရက်မှစတင်၍ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာ အခင်းဖြစ်စဥ်၌ ပါဝင်ခဲ့သည့် ထွန်းထွန်းဟန်(ခ)ဝသုန် အား ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ် ၂၃ ရက်က မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ခဲ့ကြသည့် ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့အား ကျိုက်မရောမြိုနယ်တွင် သြဂုတ် ၂၄ ရက်နံနက်ပိုင်း၊ ညနေပိုင်းတွင် အောင်ဇော်မြင့်(ခ)စစ်နိုင်နှင့်သန့်စင်တို့အား မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီလမ်းအနီးရှိ (ဌ)ဈေး အသီးသီးဖမ်းဆီးရမိခဲ့သည်။
အလားတူ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် မျိုးမင်းဇော်(ခ)ပါကျဲအား အင်းစိန်မြို့နယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး သြဂုတ် ၂၆ ရက်နံနက်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ထိန်လင်းအားဖမ်းဆီးရန် ၎င်း၏အင်းစိန်မြို့နယ်ရှိနေအိမ်အား သွားရောက်ရှာဖွေစဥ် ထိန်လင်း သည်ထွက်ပြေးသွားခဲ့ပြီးနေအိမ်မှ သူဇာသင်းနှင့်ဉာဏ်ထက်ဇံ တို့အားဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့ကြသည့် အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ၆၀ မမစိန်ပြောင်း ၁ လက်နှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်း ဆီးရမိခဲ့ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။









Popular

0 comments:

Post a Comment