Thursday, August 18, 2022

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြွတ်သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေက အကြမ်းဖက် နှိပ်စက်မှုကြောင့် ထွက်ပြေးခဲ့ရာ မြန်မာနိုင်ငံကို ပြန်ရမယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ်ချယ်ဘာချီလတ်ကို ပြောပါတယ်။

မစ်ချယ်ဘာချီလတ်ဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ကို ရောက်ရှိလာခဲ့ပြီး မြန်မာ နယ်စပ်အနီး ကော့ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
“ရိုဟင်ဂျာတွေက မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့ကို နေရပ်ပြန်ပို့ရမှာဖြစ်ပါတယ်” လို့ ပြန်ကြားရေးအ တွင်းဝန် အီဆာနျူကာရင်က ဟာစီနာရဲ့ပြောကြားချက်ကို ကိုးကားပြီး မနေ့က ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ မူဆလင် ရိုဟင်ဂျာအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှု ခံနေရပြီး နိုင်ငံသားဖြစ်ခွင့်နဲ့ အခြားအခွင့်အရေးတွေ ရပိုင်ခွင့်ငြင်းပယ်ခံနေရပါတယ်။
မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးစစ်ဆင်မှု စတင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တဲ့နောက် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။
“နယ်စပ်တစ်လျှောက် လက်ရှိအခြေအနေအရ ရိုဟင်ဂျာတွေ နေရပ်ပြန်ရမယ့်အချိန် မဟုတ်သေးပါဘူး” လို့ မစ်ချယ်ဘာချီလတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်ကင်းတဲ့ အခြေအနေရှိမှသာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကို လုပ်ဆောင် ရမှာဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေ ကြောင့် သူတို့ရဲ့လုံခြံရေးနဲ့ပတ်သက်ပြီး ရိုဟင်ဂျာအများစုက စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။
ဒီလအစောပိုင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ တွေနေရပ်ပြန်ပို့ ရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အကူအညီတောင်းခဲ့ပါတယ်။
ကိုးကား - AFP
Ref; Bangladesh tells UN that Rohingya refugees must return to Myanmar
ဧရာဝတီတိုင်းမ်

0 comments:

Post a Comment