Monday, August 29, 2022

ပညာတတ်များ ပေါကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

 

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်ပြီး ပညာတတ်များ ပေါကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်၍ ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင် စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၂၉ ရက် (ယနေ့) နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တို့အား အခြေခံ၍ ငြိမ်း ချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင် သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ပထမအကြိမ်ဆွေးနွေးမှု၌ အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်ကောင်းများဖော်ဆောင်နိုင်ခဲ့ပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်း ချက်အ ဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။
ယင်းကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာဖော်ဆောင် ကျင့်သုံးသွားမည်ဟုလည်း ထည့် သွင်း ပြောကြားခဲ့သည်။
အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံး ဆောင်ရွက်ရေး၊နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေးတို့အား ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အတူ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်ရေး၊လက် နက်ကိုင်ပဋိပက္ခနှင့်အကြမ်းဖက်မှုများပပျောက်ရေး၊ရှေ့ ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ သဘောထားအမြင်များအား နစက ဥက္ကဋ္ဌထံ တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ တင်ပြဆွေးနွေးမှုအား နစက ဥက္ကဋ္ဌက နိုင်ငံတော် ၏ ပထဝီဝင်အနေအထားအရ အရေးပါမှုနှင့်မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒအား ကျင့်သုံးဆော င်ရွက်လျက်ရှိကာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့်ဖက်ဒ ရယ်စနစ်ကိုကျင့် သုံးဆောင်ရွက်သည့် နိုင်ငံအများအ ပြားရှိပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊အမျိုး သားရေး စရိုက်လက္ခဏာ၊ယဉ်ကျေးမှုတို့နှင့်ကိုက်ညီသ ည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံး ဆောင် ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရန် လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်း နစက ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ် အမှုဆောင်စဝ်ဆောင်းဟန် တို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြသည်။
RCSS ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

Popular

0 comments:

Post a Comment