Tuesday, August 23, 2022

အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စံချိန်တင် စစ်ရေးအကူအညီ ပေးအပ်

ဒီနေ့မှာ ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ ခွဲထွက်ခဲ့တဲ့ ၃၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပတဲ့ ယူကရိန်းသို့ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ မနေ့က ခြောက်လပြည့်မြောက်ပြီဖြစ်ပါတယ်။ ဒီပမာဏဟာ အမေ ရိကန်က ယူကရိန်းသို့ပေးအပ်တဲ့ အကြီးမားဆုံး စစ်ရေးအကူအညီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပတ်ကလည်း ဒေါ်လာတစ် ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီ ပေးအပ်မယ့်အစီအစဉ်ကို ကြေညာခဲ့ပါသေးတယ်။
စစ်ရေးအကူအညီ အသေးစိတ်ကို နောက်ပိုင်းမှာ ကြေညာမှာဖြစ်ပြီး ဒီအကူအညီကြောင့် ယူကရိန်းစစ် တပ်က ရေရှည်မှာ ကာကွယ်ရေးစွမ်းပကားတွေ တည်ဆောက်နိုင်လာမယ်လို့ ပင်တဂွန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ယခင်ပေးအပ်ခဲ့တဲ့ စစ်ရေးအကူအညီတွေထဲမှာ အမြောက်ကြီးတွေ၊ သေနတ်တွေနဲ့ ခဲယမ်းမီးကျောက်လိုမျိုး တိုက်ခိုက်ရေးလက်နက်တွေ ပါဝင်ခဲ့ပါတယ်။
ဒေါ်လာ ၃ ဘီလီယံ စစ်ရေးအကူအညီမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ အခြားလက်နက်တွေ ဝယ်ယူဖို့ သဘောတူညီချက်တွေလည်း ပါဝင်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံတန် ကြေးရှိ လုံခြုံရေးအကူအညီ ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ Scan Eagle ကင်းထောက်ဒရုန်းတွေနဲ့ HIMARS ဒုံးပစ်စနစ်တွေ ပါဝင်မယ်လို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ် စစ်လက်နက်တွေကိုတော့ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဂရက်က အတည်ပြုခဲ့တဲ့ USAI လို့ခေါ်တဲ့ ယူကရိန်း လုံခြုံရေးအကူအညီအစီအစဉ်ရဲ့ ရန်ပုံငွေနဲ့ဝယ်ယူကာ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား - AP
Ref; US To Commit Record $3 Billion in Military Aid to Ukraine
ဧရာဝတီတိုင်းမ်

0 comments:

Post a Comment