Friday, May 2, 2014

ထင်ရှား ကျော်ကြား သူ မဟုတ်ဘဲ ဘော်ဒီအရမ်းလှလို့ ပရိသတ် သန်းနဲ့ ချီ ပိုင်ဆိုင် ထားသူ အပျိုလေး


အမေ ရိကန် နိုင်ငံ၊ နယူး ယောက်ခ် မြို့မှာ နေထိုင် တဲ့ အသက် (၂၀)နှစ် အရွယ် သာရှိ သေးတဲ့ ဂျန် ဆီ လ် တာ အမည်ရ အမျိုး သမီး ဟာ ထင်ရှား ကျော်ကြား သူမဟုတ် ဘဲ ပရိသတ် သန်း နဲ့ ချီ ပိုင်ဆိုင် ထား တယ် လို့
သိရ ပါ တယ်။ ဆီလ်တာဟာ ကိုယ်ပိုင်အမည်နဲ့ Instagram အကောင့် တစ်ခု ကိုဖွင့်ပြီး ထူးခြား တဲ့ ဓာတ်ပုံ တွေနဲ့ ပရိသတ်ကို ဆွဲဆောင် ခဲ့ရာ Follower လုပ် တဲ့ အရေအတွက်က (၁ ဒသမ ၃) သန်း ကျော် ရှိ သွား ခဲ့ပြီဖြစ်ပါတယ်။ ဆီလ်တာဟာ အားကစားလေ့ကျင့်ခန်းပြုလုပ် ရင်း တဖြည်းဖြည်း နာမည်ကျော် သွားတာ ဖြစ်ပါ တယ်။ ဆီလ်တာက လူတွေ ကျန်းမာ လာဖို့၊ စိတ်ဓာတ်ခွန်အား တိုးမြှင့် စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဓာတ်ပုံတွေ လွှင့်တင်ယူခြင်းဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆီလ်တာတင် ရှိခဲ့တဲ့ ဓာတ်ပုံအများစုဟာ လိင် စိတ်ကို နိုးကြွ စေတာမို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆီလ်တာက ““ကျွန်မရဲ့ မျက်နှာ ပါတဲ့ ဓာတ်ပုံတွေ ကို လွှင့်တင်မှု အင်မတန်နည်းပါးပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်မရဲ့ မျက်နှာကို မမြင်စေချင်လို့ ဖြစ်ပါ တယ်””လို့ ဆိုခဲ့ပါ တယ်။ ဆီလ်တာက အိမ်ထောင်မရှိဘဲ မိခင်ဖြစ်သူနဲ့အတူ နေထိုင်တယ်လို့သိ ရပါတယ်။ ဆီလ်တာက ၂၀၁၂ မတ်လမှာဓာတ်ပုံတွေ စတင်ခဲ့တာဖြစ်ပြီး Follower (၃၀၀၀၀၀) ကျော်လာ တဲ့အချိန်မှာ ကုမ္ပဏီ တွေက စပွန်ဆာစာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာကြ ပါ တယ်။ ဆီလ်တာဟာ ရေသန့်ကုမ္ပဏီတစ်ခုနဲ့ စာ ချုပ်ချုပ်ဆိုခဲ့ပြီး ကြော်ငြာသရုပ်ဆောင်မှုတွေ ပြု လုပ်ပေးခဲ့ပါတယ်။ ဆီလ်တာရဲ့ မိခင် ဖြစ်သူက သမီး ဖြစ်သူရဲ့ မထင်မှတ်ဘဲ အောင်မြင်ကျော်ကြားမှုကို ၀မ်းသာဂုဏ်ယူနေကြောင်း ပြောကြားခဲ့ပါတယ်။ ဆီလ် တာဟာ ဂျူး လူမျိုးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်း က အလှအပ ကို စိတ်ဝင်စားခဲ့ပြီး နှာခေါင်းခွဲစိတ်မှု ပြုလုပ်ခဲ့တာကလွဲပြီး ကျန်တဲ့ ခန္ဓာကိုယ်အစိတ် အပိုင်း အားလုံးက အစစ်အမှန်တွေ ပြုလုပ်ခဲ့ တာကလွဲပြီး သိရပါတယ်။ အင်တာ နက်မှာ ပရိသတ်အများဆုံး ပိုင်ဆိုင် ထားတဲ့ ဆီလ်တာရဲ့ အဓိကလျှို့ဝှက်ချက်က တော့လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် ဖြစ်တယ်လို့ သုံးသပ်ခဲ့ ကြပါတယ်။

The Messenger

0 comments:

Post a Comment